www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
အင်္ဂါ, ၂၆ စက်တင်ဘာ ၂၀၁၇

Mizzima Burmese

Home > အင်တာဗျူး > နိုင်ငံတော်သမ္မတနှင့် ပြည်တွင်းမီဒီယာများ တွေ့ဆုံပွဲ

နိုင်ငံတော်သမ္မတနှင့် ပြည်တွင်းမီဒီယာများ တွေ့ဆုံပွဲ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


(မေးခွန်းနှင့်အဖြေများ အပြည့်အစုံကို သီးသန့် တင်ဆက်ထားပါသည်။)
မေးခွန်းနှင့် အဖြေများကို Download ရယူရန် ဒီနေရာကို နှိပ်ပါ >>

သမ္မတ အိမ်တော်၌ အောက်တိုဘာလ ၂၁ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးသိန်းစိန် ပြောကြားသော စကားဦး
မဇ္ဈိမ သတင်းဌာန
သမ္မတ။   ။ ပြည်တွင်းက မီဒီယာ အဖွဲ့တွေ၊ ပြည်ပက မီဒီယာ အဖွဲ့တွေ အားလုံး စုံစုံညီညီနဲ့ တွေ့ဆုံရတဲ့ အတွက်
ကြောင့် ကျေးဇူးတင်တဲ့ အကြောင်း ရှေးဦးစွာပြော ကြားလိုပါတယ်။

ကျနော်တို့ တွေ့နိုင်ပြုနိုင်အောင် စီစဉ်ပေးကြတဲ့ ပုဂ္ဂိုလ်များကိုလည်း ကျေးဇူးတင်တဲ့ အကြောင်း ပြောကြားလိုပါ တယ်။

မီဒီယာတွေနဲ့ တွေ့ဆုံရတဲ့ အကြောင်းအရင်းကလည်း သုံးခု ရှိပါတယ်။ ပြီးခဲ့တဲ့ လကုန်ပိုင်းနဲ့ နှစ်ဆန်းပိုင်းလောက် မှာ ကျနော်တို့ ပြည်ပ ခရီးစဉ်တွေ တော်တော်သွားရပါတယ်။ တချို့လည်း တနိုင်ငံနဲ့တနိုင်ငံ ချစ်ကြည်ရေးအရ ဖိတ်တော့ သွားရတာတွေ ပါပါတယ်။ ပြည်ပ ခရီးစဉ်တွေ သွားရတယ်ဆိုတာ တကယ်တော့လည်း မလွယ်ပါဘူး။ နားချိန်တောင် ကျနော်တို့ မရပါဘူး။ အထူးသဖြင့် နယူးယောက်ကို UN Assembly (ကုလ ညီလာခံ) တက်ဖို့သွား ရတာဆိုရင် သုံးရက်လုံးလုံး မနားရပါဘူး။ နားချိန် မရှိသလောက် များပါတယ်။

အဲဒီအထဲမှာ ကျနော်တို့ရောက်တဲ့ နိုင်ငံတွေမှာ သတင်းထောက်တွေ မီဒီယာတွေက တွေ့ချင်ပြုချင်တယ် ဆိုတော့ ကိုယ်ကလည်း ငြင်းလို့ပြုလို့ မကောင်းဘူးဆိုတော့ ကိုယ်ကလည်း တွေ့လိုက်ပါတယ်။

တချို့မေးခွန်းတွေက အခက်အခဲမရှိသလို တချို့မေးခွန်းတွေက အခက်အခဲရှိပါတယ်။ တချို့အကြပ်အတည်းတွေ၊ ခက်တာတွေ ကြုံတွေ့ ရပါတယ်။ ဥပမာအဖြစ် ပြောရမယ်ဆိုရင် BBC WORLD NEWS ကနေ မစ္စတာစတီဖင် လာပြီးတော့ အင်တာဗျူး လုပ်ပါတယ်။ သူ့အင်တာဗျူးကလည်း ကျနော်တို့က တခါမှ မကြုံဖူးဘူး။ မီးတွေ ဘာတွေ ကလည်း တခါတည်း ဆင်တာဆိုတော့ မျက်နှာမထားတတ်အောင် ဖြစ်ရတယ်။ သူမေးတဲ့ မေးခွန်းတွေကလည်း
တော်တော်လေး ခက်ပါတယ်။ ခက်ခဲသော်လည်း ကျနော်တို့ ဖြေနိုင်ခဲ့ပါတယ်။ ဖြေပြီးတော့မှ ကျနော်တို့သိရတာ က Hard Talk ဆိုတာ ပါပါတယ်။ Hard Talk အင်တာဗျူးကတော့ အခက်ခဲဆုံးပဲ။ တော်ရုံတန်ရုံ အာရှခေါင်း
ဆောင်၊ အာရှကျား၊ ဆိုတာတွေကတောင် ရှောင်တယ်။ ကျနော်ကတော့ Hard Talk ဆိုတာ ဘာမှန်းမသိလို့
ရောက်သွားတာ၊ တကယ်ဆို ရှောင်ဖို့ ကောင်းပါတယ်။ သူ့မေးခွန်းတွေက တော်တော်လေးလည်း ခက်တဲ့အတွက်
ကြောင့် ခက်ခက်ခဲခဲ ဖြေရပြုရတယ်။

ပြောချင်တဲ့ ရည်ရွယ်ချက် သုံးခုကတော့ ပြည်ပနိုင်ငံတွေ သွားရပြုရတယ်။ ပြည်ပမီဒီယာတွေနဲ့ တွေ့ရတယ်။ အခု
ပြည်တွင်းမီဒီယာတွေနဲ့ မတွေ့ဖြစ်တာ ကျနော်က အတော်လေး ကြာပါပြီ။ ပြည်တွင်းမီဒီယာတွေနဲ့ တွေ့ဆုံဖို့ သင့်တယ်ဆိုပြီးတော့မှ သက်ဆိုင်ရာ ဝန်ကြီးတွေကို ဦးစိုးသိန်းတို့၊ ဦးအောင်မင်းတို့ကို စီစဉ်ခိုင်းခြင်းဖြစ်ပါတယ်။
နောက်တခုက ခင်ဗျားတို့က မေတ္တာပို့မှာလည်း ကြောက်တာပေါ့ဗျာ။ သမ္မတ က ပြည်ပက မီဒီယာတွေနဲ့ တွေ့တွေ့
နေပြီးတော့၊ ငါတို့ကျတော့ ပစ်ထားတယ်၊ လှည့်တောင် မကြည့်ဘူး ဆိုပြီးတော့ ဒါလည်းကြောက်ရတာ တချက်ပါ တယ်ပေါ့လေ။

တတိယအချက်ကတော့ မီဒီယာဟာ ကျနော်တို့အစိုးရ အဖွဲ့ရဲ့နားတွေ မျက်စိတွေ ဖြစ်ပါတယ်။ နားမျက်စိတွေ
ဖြစ်တဲ့ အတွက်ကြောင့် ခင်ဗျားတို့ရဲ့ အမြင်၊ ခင်ဗျားတို့ရဲ့ သဘောထားတွေ နောက်တခါ ကျနော်တို့ရဲ့ အမြင် ကျနော်တို့ရဲ့ သဘောထားတွေ ဒါတွေကို နှစ်ဦးနှစ်ဖက် သိရှိနေဖို့လိုပါတယ်။ နှစ်ဦးနှစ်ဖက်သိနေရုံနဲ့လည်း မပြီးသေးပါဘူး။ အရေးကြီးဆုံးကတော့ ပြည်သူသိဖို့ အရေးကြီးပါတယ်။ ပြည်သူသိအောင် ဆောင်ကြဉ်းပေးနိုင်တဲ့ အဖွဲ့ကတော့ ခင်ဗျားတို့ အဖွဲ့တွေပဲ ဖြစ်ပါတယ်။

အဲတော့ ဒီကနေ့ အစိုးရရဲ့လုပ်ဆောင်ချက်တွေဟာ စတုထ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာနဲ့ ပေါင်းစပ်လိုက်မှသာလျှင် ပိုမိုပြီးတော့ ထိရောက်အောင်မြင်မယ်လို့ ကျနော်တို့ ခံယူထားပါတယ်။ ဒါကြောင့်မို့လို့ အခုနကလို မီဒီယာကို မကြောက်ဖို့၊ မီဒီယာနဲ့အခုနကလို ပေါင်းစပ်ပြီးမှ ဆောင်ရွက်ဖို့ မီဒီယာတွေကနေ သိချင်ပြုချင်တဲ့ဟာတွေ
မေးတာပြုတာတွေ စိတ်ရှည်သည်းးခံပြီးတော့ မှန်မှန်ကန်ကန် ဖြေကြားပေးဖို့၊ ဒါတွေလည်း ဝန်ကြီးဌာနတွေကို ကျနော်မကြာခဏ သတိပေးထားပါတယ်။

ကျနော်တို့ အစိုးရ ဒီကနေ့ ဘာတွေ လုပ်နေသလဲ၊ ဘယ်လိုတွေ လုပ်နေသလဲ၊ ဒီလုပ်ငန်းတွေ ဘာကြောင့် ကျနော်တို့ လုပ်နေရတာလဲ။ နောက်တခုက ဒီလုပ်ငန်းတွေ လုပ်ရင်းကိုင်ရင်း ပြုပြင်ပြောင်းလဲရင်နဲ့ ကျနော်တို့ အခုနကလို တွေ့ကြုံရတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ၊ ဒီအတွေ့အကြုံ၊ ဒီစိန်ခေါ်မှုတွေကို ဘယ်လို ကျော်ဖြတ်
နေရလဲ ဒါတွေကို ပထမဦးဆုံးအနေနဲ့ မီဒီယာ အဖွဲ့တွေက သိထားမှ ဒါကိုဝေဖန်နိုင်မယ်၊ အကြံပေးနိုင်မယ်။
နောက်ထပ် ပြည်သူတွေကို အသိပေးနိုင်မယ်။ ပြည်သူတွေကို အသိပေးနိုင်မှ ပြည်သူတွေကလည်း ဝေဖန်မယ်၊ အကြံပေးမယ်။ ဒီအပေါ်မှာမူတည်ပြီးတော့ ကျနော်တို့ အစိုးရက ကောင်းအောင် လုပ်သွားရမှာ ဖြစ်ပါတယ်။ ဒါတွေကိုသိဖို့ အတွက် မီဒီယာကနေ တဆင့် ဆက်သွယ် ဆောင်ရွက်ရမှာဖြစ်တဲ့ အတွက်ကြောင့် မီဒီယာဟာ ကျနော်တို့ အစိုးရအတွက် အရေးကြီးတဲ့ ဆက်သွယ်ရေး ယန္တယား တခုဖြစ်တယ်လို့ ကျနော်တို့ ခံယူထားပါတယ်။

ပြည်သူတွေဆီက အချက်အလက်တွေကို ပြည်သူတွေအတွင်း ထဲထဲဝင်ဝင် ရယူရမှာ ဖြစ်သလို အစိုးရအဖွဲ့ရဲ့ သတင်းအချက်အလက်တွေကို ဝန်ကြီးဌာနအတွင်း ဝင်ရောက်ပြီးမှ ရယူရမှာ ဖြစ်တဲ့အတွက်ကြောင့် ဟိုတုန်းကဆို ဝန်ကြီးဌာနတွေက မီဒီယာဆို တော်တော်လေး ကြောက်ပါတယ်။ ကျနော်လည်း အပါအဝင် ဖြစ်ပါတယ်။ အခု
တော့ ကျနော်လည်း အားပေးထားပါတယ်။ ငါလည်း မကြောက်တော့ဘူး၊ မင်းတို့လည်း မကြောက်ကြနဲ့။
မေးသမျှကတော့ မှန်မှန်ကန်ကန်သာ ဖြေပေးပါဆိုပြီးတော့ ကျနော်ပြောထားတယ်။ မယုံရင်လည်း ဦးစိုသိန်းတို့ ဦးအောင်မင်းတို့သာ မေးကြည့်ပေတော့။ မကြောက်တော့ပါဘူး။ Hard Talk လိုဟာမျိုး တွေ့ပြီးမှတော့ ကျန်တာ
တော့ သိပ်ပြီးမကြောက်တော့ ပါဘူး။ ဝန်ကြီးဌာနတွေလည်း ပြောထားပါတယ်။ ပြည်သူထဲက သတင်းတွေလည်း ထဲထဲဝင်ဝင် ဝင်ပြီးတော့ ကျနော်တို့ကို ဝေဖန်သလို၊ အသိပေးသလို၊ ပြောကြားသလို အကြံပေးသလို အစိုးရ အဖွဲ့ရဲ့လုပ်ဆောင်ချက်တွေကို ပြည်သူတွေအတွင်း မှန်မှန်ကန်ကန် သိရှိနိုင်ဖို့အတွက် မီဒီယာတွေကလည်း
ဆောင်ရွက်ကြဖို့ အဲသလို ကျနော်တို့ မေတ္တာရပ်ခံပါတယ်။ အရင်ကလို မကြောက်တဲ့ အတွက်ကြောင့် ကျနော့်ကိုပဲ အရင်စပြီးမေးနိုင်ပါတယ်။
မေးမြန်းခဲ့သည့် သတင်းဌာနများနှင့် မေးသည့် အကြောင်းအရာများ (အစဉ်အလိုက်)
(၁) စီမံကိန်းများ ပွင့်လင်းမြင်သာမှုရှိရန်နှင့် ပတ်သက်ပြီး 7 Days Journal ၏ မေးမြန်းချက်
(၂) ကချင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော တိုက်ပွဲများနှင့် ပတ်သက်၍ 7 Days Journal ၏ မေးမြန်းချက်

အဖြေ။ ။ (အသံဖိုင်)

(၃) အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ပြင်ဆင်နိုင်ဖို့  ၂၀၁၅
ရွေးကောက်ပွဲ မတိုင်မီမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ အစီအစဉ် ရှိပါသလား၊ ဒါမှမဟုတ် ၂၀၁၅ ရွေးကောက်ပွဲ ကျော်လွန်ပြီးမှ အခြားပါတီနိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်ရမယ့် အခြေအနေ မျိုးမှာမှ ပြုပြင်ဖို့ အစီအစဉ်ရှိပါသလားနှင့် ပတ်သက်သည့် Eleven Media Group မှ မေးမြန်းချက်။
အဖြေ။ (အသံဖိုင်)

(၄) ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များတွင် အရေးကြီးဆုံးဟုယူဆရသည့် ပညာရေး နှင့် ပတ်သက်ပြီး အစိုးရ၏ ပြင်ဆင်လုပ်ဆောင်မှုများနှင့် ပတ်သက်သည့် The Voice Journal မှ မေးမြန်းချက်။
အဖြေ။ (အသံဖိုင်)
အဖြေ။ (အသံဖိုင်) 
အဖြေ။ (အသံဖိုင်) 

(၅) မီဒီယာများအနေဖြင့် ဝန်ကြီးဌာနများအား တိုက်ရိုက်ဆက်သွယ်နိုင်ရန်လုပ်ဆောင်ပေးဖို့ ပြောဆို
ချက်နှင့် ပတ်သက်ပြီး Reuters သတင်းဌာနမှ မေးမြန်းချက်။


အဖြေ။ (အသံဖိုင်)

(၆) ပြည်ထောင်စုကြံခိုင်ရေးပါတီတွက် ဥက္ကဌတာဝန်ပြန်ယူထားတာမို့ ၂၀၁၅ မှာ သမ္မတသက်တမ်း
ပြန်လည်
ယူမှု နှင့် ပတ်သက်ပြီး Reuters သတင်းဌာန မှ မေးမြန်းချက်။


အဖြေ။ (အသံဖိုင်)

(၇) သမ္မတ၏အမေရိကန်ခ၇ီးစဉ်အတွင်းသဘောတူညီချက်များနှင့် ပတ်သက်ပြီး မေးမြန်းချက်၊ နိုင်ငံရေး အကျဉ်းသားများ ထပ်မံလွတ်ပေးဖို့ရှိ မရှိ နှင့် မြန်မာနိုင်ငံတွင် နိုင်ငံခြားစစ်အခြေစိုက်စခန်းထားဖို့ တောင်းဆိုမှုရှိ၊ မရှိ Yangon Times Journal  မှ မေးမြန်းချက်။
အဖြေ။ (အသံဖိုင်)
အဖြေ။ (အသံဖိုင်)

(၈) အခြေခံဥပဒေပြင်ဆင်နိုင်ရေးအတွက် ပြည်ထောင်စုကြံခိုင်ရေးပါတီမှ လွတ်တော်အမတ်များကို တိုက်တွန်း
ပြောဆိုမည်လားဟု Popular Journal မှ မေးမြန်းချက်။

အဖြေ။ (အသံဖိုင်)

(၉) ပြည်သူလူထုအတွင်းအောက်ခြေကဖြစ်ပျက်နေသည့် တကယ့်အခြေအနေကို သိပါသလားဟု
ပြည်မြန်မာဂျာနယ် မှ  မေးမြန်းချက်။
အဖြေ။ (အသံဖိုင်)

(၁၀) ရခိုင်ပြည်နယ်အခြေအနေကိုမည်သို့ဆက်လက်ကိုင်တွယ်ဆောင်ရွက်မည်လဲဟု AFP သတင်းဌာန မှ
မေးမြန်းချက်။
အဖြေ။ (အသံဖိုင်)

(၁၁) ပြည်ထောင်စုကြံခိုင်ရေးပါတီတွင်ရှိသည့် အတိုင်ပင်ခံအဖွဲ့နှင့် ပတ်သက်သည့် ပြည်သူ့ခေတ်ဂျာနယ်မှ
မေးမြန်းချက်။

အဖြေ။ (အသံဖိုင်)

(၁၂) လယ်သမားများ၏ မြေယာသိမ်းမှု ပြသနာများနှင့် ပတ်သက်သည့် မြန်မာတိုင်းမ် မှ မေးမြန်းချက်။
အဖြေ။ (အသံဖိုင်)

(၁၃) ဆင်းရဲနွမ်းပါးမှုလျော့ချရေးနှင့်ပတ်သက်သည့် Hot News Journal မှ မေးမြန်းချက်။
 
အဖြေ။ (အသံဖိုင်)

(၁၄) မကြာခင်ရက်ပိုင်းအတွင်းကလာရောက်ခဲ့သည့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့မှာ စစ်တပ်ကအရာရှိတွေ ပါဝင်နေမှု နှင့် ပတ်သက်ပြီး AP သတင်းဌာနမှ မေးမြန်းချက်။

အဖြေ။ (အသံဖိုင်)

(၁၅) သမ္မတ၏ လစာနှင့် ပတ်သက်ပြီး Myanmar Post Journal  မှ မေးမြန်းချက်။

အဖြေ။ (အသံဖိုင်)

(၁၆) ကချင်ပြည်နယ်တွင်ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်ပြီး Kumudra Journal  မှ မေးမြန်းချက်။

အဖြေ။ (အသံဖိုင်)

(၁၇) ပြောင်းလဲမှုများနှင့် ပတ်သက်ပြီး ပြည်သူ့အသံကို သိရှိရန်ဘယ်လိုလုပ်မည်လဲဟု Venus Journal  မှ
မေးမြန်းချက်။

အဖြေ။ (အသံဖိုင်)

(၁၈) ရင်းနှီးမြုပ်နှံမှု ဥပဒေအသစ်နှင့် ပတ်သက်ပြီး ဆင်ဟွာသတင်းဌာန၏  မေးမြန်းချက်။

အဖြေ။ (အသံဖိုင်)

(၁၉) တရုတ်နိုင်ငံနှင့် မဟာဗျုဟာဆက်ဆံရေးမည်သို့ရှိပါသလဲဟု Independent Journal မှ မေးမြန်းချက်။
အဖြေ။ (အသံဖိုင်)

(၂၀) တန်ဖိုးနည်းဖုန်းများဘယ်လောက်တန်ဖိုးနည်းနည်းချထားပေးမည်လဲဟု Messenger Journal  မှ မေးမြန်းချက်။

အဖြေ။ (အသံဖိုင်)

(၂၁) အဂတိလိုက်စားမှု ပပျောက်ရေးအတွက် အစိုးရ၏လုပ်ဆောင်ချက်များနှင့် ပတ်သက်ပြီး Sky Net TV  မှ မေးမြန်းချက်။

အဖြေ။ (အသံဖိုင်)

(၂၂) ဒေါ်အောင်ဆန်းစုကြည်နှင့် ထပ်တွေ့ဆုံဆွေးနွေးပြီး လက်တွဲလုပ်ဆောင်ရန်နှင့် ပတ်သက်ပြီး NHK  မှ မေးမြန်းချက်။
အဖြေ။ (အသံဖိုင်)

(၂၃) သယံဇာတရောင်းချမှုမှ ရရှိသည့်ငွေပမာဏအား လွတ်တော်တွင် တင်ပြဖို့ ရှိ၊မရှိ Nay Pyi Taw Times မှ မေးမြန်းချက်။

အဖြေ။ (အသံဖိုင်)
 
(၂၄) ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အစိုးရ၏လမ်းပြမြေပုံ နှင့်ပတ်သက်ပြီး Modern Journal မှ
မေးမြန်းချက်။


အဖြေ။ (အသံဖိုင်)

(၂၅) မြန်မာပြည်တွင်းတွင် OIC ရုံးများဖွင့်ခွင့်မပေးသည့် ကိစ္စ၊ကချင်ပြည်နယ်တွင် ICRC ဝင်ခွင့် မပေးတာနှင့် ပတ်သက်ပြီး News Watch မှ မေးမြန်းချက်။

အဖြေ။ (အသံဖိုင်)

(၂၆) လမ်းပေါ်မှာရောက်နေသည့် ကလေးငယ်များအတွက် အစိုးရ၏စီစဉ်ဆောင်ရွက်နေမှုများနှင့် ပတ်သက်ပြီး Street View Journal မှ မေးမြန်းချက်။

အဖြေ။ (အသံဖိုင်)

(၂၇) နိုင်ငံခြားသတင်းဌာနများ မြန်မာပြည်ရုံးခွဲ ဘယ်တော့ ဖွင့်ခွင့်ရမလဲဆိုသည့် Asahi Shimbun မှ မေးမြန်းချက်။

အဖြေ။ (အသံဖိုင်)
 
(၂၈) မြန်မာ-ဂျပန်ဆက်ဆံရေးနှင့် သီလဝါဆိပ်ကမ်းစီမံကိန်းနှင့် ပတ်သက်ပြီး Sankei Shimbun မှ
မေးမြန်းချက်။

အဖြေ။ (အသံဖိုင်)
 
(၂၉) လွတ်တော်အတွင်း တပ်မတော်သားကိုယ်စားလှယ်ရာခိုင်နှုန်းတဖြေးဖြေးလျာ့ချနိုင်မှုနှင့် ပတ်သက်သည့် Favourite Journal မှ မေးမြန်းချက်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ပြည်သူ့လွတ်တော်မှ ခန့်အပ်
သော၊ ကာကွယ်ရေးဝန်ကြီးမှ
ခန့်အပ်နိုင်မှုအနေအထားနှင့် ပတ်သက်ပြီး Favourite Journal မှ မေးမြန်းချက်။


အဖြေ။ (အသံဖိုင်)

(၃၀) ပြုပြင်ပြောင်းလဲရေးတွင် သမ္မတ၏ညွန်ကြားချက်ကို အကောင်အထည်ဖေါ်မှု တချို့မရှိမှုများနှင့် ပတ်သက်ပြီး လျပ်တပြက် ဂျာနယ်မှ  မေးမြန်းချက်။
အဖြေ။ (အသံဖိုင်)

(၃၁) မီဒီယာတချို့တရားစွဲဆိုခံထားရသည့်ပတ်သက်ပြီး မော်နီတာဂျာနယ်မှ မေးမြန်းချက်။

အဖြေ။ (အသံဖိုင်)

(၃၂) နိုင်ငံတကာမှချေးငွေပေးသည့် ကိစ္စနှင့် ပတ်သက်ပြီး Kyoto News မှ မေးမြန်းချက်။

အဖြေ။ (အသံဖိုင်)

(၃၃) Cobra Gold စစ်ဆင်ရေးမှာ မြန်မာပါဝင်ပတ်သက်မှုအား Irrawaddy သတင်းထောက်တဦးမှ
မေးမြန်းချက်။

အဖြေ။ (အသံဖိုင်)

(၃၄) ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့် နောက်ပိုင်းတရားမဝင်ခိုးဝင်လာသူများနှင့် ပတ်သက်ပြီး Nippon Television သတင်းထောက်တဦးမှ မေးမြန်းချက်။

အဖြေ။ (အသံဖိုင်)
သမ္မတ ဦးသိန်းစိန် ၏
နေပြည်တော်တွင်ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ အမေး၊ အဖြေ ဗွီဒီယို မှတ်တမ်းကို အပိုင်း ၁၄ ပိုင်းခွဲပြီး  မဇ္ဈိမမှ တင်ဆက်ပေးခဲ့ပြီး ဖြစ်သည်။




နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ သတင်းစာရှင်းလင်းပွဲ ရုပ်သံ
သမ္မတ၏ ပထမအကြိမ် ပြည်တွင်းမီဒီယာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်
နေပြည်တော် (မဇ္ဈိမ)။   ။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ တာဝန်ထမ်းဆောင်ခြင်း တနှစ်ခွဲကျော် အကြာတွင် ပထမဆုံးအကြိမ် ပြုလုပ်သည့် ပြည်တွင်းမီဒီယာများအား သတင်းစာရှင်းလင်းပွဲကို အောက်တိုဘာလ ၂၁ ရက်နေ့က နေပြည်တော်ရှိ သမ္မတ အိမ်တော်တွင် ပြုလုပ်ခဲ့သည်။

၂ နာရီကျော် ကြာမြင့်သည့် သတင်းစာရှင်းလင်းပွဲတွင် လူအများ စိတ်ဝင်စားမှုရှိလှသော ကချင်ပြည်နယ် တိုက်ပွဲများ၊ ရခိုင်ပြည်နယ် တည်ငြိမ်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကိစ္စတို့အပြင် နိုင်ငံ၏ ပညာရေး၊ ကျန်းမာရေး ဖွံ့ဖြိုးမှုကိစ္စရပ်များနှင့် မြန်မာ-အမေရိကန်၊ မြန်မာ-တရုတ် ဆက်ဆံရေးကိစ္စများ အပါအဝင် မီဒီယာသမားများ၏ မေးခွန်းပေါင်း ၃၀ ကျော်ကို ဦးသိန်းစိန် က ပြန်လည်ဖြေကြားသွားခဲ့သည်။

Thein-Sein-meets-with-journalists-in-Myanmar-7သတင်းစာရှင်းလင်းပွဲတွင် သမ္မတရုံးဝန်ကြီးများဖြစ်သည့် ဦးအောင်မင်း နှင့် ဦးစိုးသိန်း၊ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်တို့လည်း တက်ရောက်ကြသည်။

ပြည်တွင်းမီဒီယာသမား ၁၂၀ ကျော် တက်ရောက်သည့် အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် တောင်သူလယ်
သမားများ၏ လယ်ယာမြေများ သိမ်းပိုက်ခံနေရမှု၊ အစိုးရ ဦးစီးပြုလုပ်နေသည့် ဆင်းရဲမွဲတေမှုလျှော့ချရေးနှင့် ပွင့်လင်းသော အုပ်ချုပ်ရေး အစီအမံများအပြင် မြန်မာနိုင်ငံတွင်း နိုင်ငံခြားတိုင်းပြည်တခု၏ စစ်အခြေစိုက်စခန်း ထားရှိမှု/မထားရှိမှုကိစ္စရပ်များနှင့် ပတ်သက်သည့် မေးခွန်းများကိုလည်း သမ္မတ က ဖြေကြားသွားခဲ့သည်။

သတ်မှတ်ထားသည့် သမ္မတ လစာ သိန်း ၅၀ ကိုလည်း တိုင်းပြည် ဘဏ္ဍာရေး အခြေအနေအရ အပြည့်အဝ မယူကြောင်း သတင်းထောက် တယောက်၏ မေးမြန်းချက်ကို ဖြေကြားခဲ့သေးသည်။

သမ္မတ၏ ပြန်လည် ဖြေကြားချက် အသေးစိတ်ကို မဇ္ဈိမမှ ဆက်လက်ဖေါ်ပြသွားမည် ဖြစ်သည်။
သတင်းစာရှင်းလင်းပွဲအပြီး သတင်းထောက်များနှင့် မှတ်တမ်းဓါတ်ပုံများ

Thein-Sein-meets-with-journalists-in-Myanmar-5

Thein-Sein-meets-with-journalists-in-Myanmar-6
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်တွင်းမီဒီယာများ၏ မေးမြန်းချက်အား ဖြေကြားစဉ်

Thein-Sein-meets-with-journalists-in-Myanmar-4

Thein-Sein-meets-with-journalists-in-Myanmar-1
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ပထမဆုံးအကြိမ် ပြည်တွင်းမီဒီယာများနှင့် တွေ့ဆုံသည့် သတင်းစာရှင်းလင်းပွဲကို နေပြည်တော်ရှိ သမ္မတအိမ်တော်တွင် ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၁ ရက်နေ့က ပြုလုပ်နေစဉ်။ (ဓါတ်ပုံ - ရဲမင်း၊ မဇ္ဈိမ) ၂ နာရီကျော် ကြာမြင့်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ၏ မေးခွန်းပေါင်း ၃၀ ကျော်ကို သမ္မတ က ဖြေကြားသွားခဲ့သည်။
 

Mizzima TV


stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement