www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
ဗုဒ္ဓဟူး, ၂၃ မေ ၂၀၁၈

Mizzima Burmese

Home > အာဘော်နှင့်အမြင် > ဆောင်းပါး > အမျိုးသမီးအခွင့်အရေးက မလုံလောက်သေးပါဘူး

အမျိုးသမီးအခွင့်အရေးက မလုံလောက်သေးပါဘူး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

အီတလီ အပျော်စီးသဘောင်္ The Costa Concordia ဟာ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်မှာ တပ်စ်ကန်နီ ကမ်းရိုးတန်းတွင် နစ်မြုပ်လုနီးနီး ဖြစ်သွားခဲ့ပါတယ်။ အဲဒီအချိန်မှာ သဘောင်္ပေါ်မှာ လူပေါင်းလေးထောင့်နှစ်ရာ
ကျော်ရှိပါတယ်။ လူပေါင်း ၁၃ ဦး သေဆုံးပြီး ၆၄ ဦးလောက်ဒဏ်ရာရသွားပါတယ်။

ဒါပေမဲ့ ဟိုလေးတစ်ကျော်ကျော်ဖြစ်သွားတာက သဘောင်္ကပ္ပတိန် Francesco Schettino နဲ့ သူ့ရဲ့ သင်္ဘောသား
တွေက သင်္ဘောပေါ်မှာပါတဲ့ အမျိုးသမီးတွေနဲ့ ကလေးတွေကိစ္စကို ထည့်သွင်းစဉ်းစားခြင်း မပြုဘဲ သဘောင်္ကို စွန့်ခွာခဲ့တာပါပဲ။

တစ်နည်းအားဖြင့် ဆိုရရင်တော့ ဒီဖြစ်ရပ်က တိုက်တန်းနစ်အဖြစ်အပျက်နဲ့ ကွာပါတယ်။ တိုက်တန်းနစ် သဘောင်္ နစ်မြုပ်ရာမှာတော့ အမျိုးသမီးတွေနဲ့ ကလေးတွေအတွက် အသက်ကယ်လှေတွေကို ဦးစားပေး ခဲ့ပါတယ်။ Costa Concordia ဖြစ်ရပ်မှာတော့ လူတိုင်းကကိုယ့်အတွက်ပဲ ကိုယ်တွေးခဲ့ကြပါတယ်။

အမျိုးသမီးတွေက စောဒကတက်တဲ့ တချို့မှတ်တမ်းတွေမှာဆိုရင် အမျိုးသားတွေက အမျိုးသမီးတွေနဲ့ ကလေးတွေ ကို ထည့်သွင်းစဉ်းစားခြင်း မရှိဘဲနဲ့ ကိုယ်လွတ်ရုန်းခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသမီးတွေနဲ့ ကလေးငယ်တွေကို ဦးစားပေး စဉ်းစားဖို့က အမျိုးသားတွေရဲ့ တာဝန်လား။ ဒါမှမဟုတ် အမျိုးသမီး ၀ါဒ ထွန်းကားလာတာကြောင့် အချိန်ကာလက ပြောင်းလဲသွားတာလား။

ဒီမေးခွန်းအတွက်တော့ ကျွန်မမှာအဖြေရှိတယ်လို့ မပြောနိုင်ပါဘူး။ သေချာတာကတော့ ဒါဟာ တကယ့်ကို ဖြေရ ခက်တဲ့ မေးခွန်းပါ။ ပြီးတော့ ကျွန်မက လိင်တန်းတူခွင့်အတွက် အားတက်သရော ထောက်ခံတဲ့သူလည်း မဟုတ်ပါဘူး။ ဒါပေမဲ့ Knoxville က မှုခင်းသိပ္ပံဆိုင်ရာ စိတ်ပညာရှင်တစ်ဦးဖြစ်တဲ့ ဟယ်လင်စမစ်က ၂၀၁၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ သူမရဲ့ “Men on Strike” ဆိုတဲ့ စာအုပ်ထဲမှာ အမျိုးသားတွေရဲ့ အခွင့်အရေးတွေနဲ့ဆိုင်တဲ့ ကိစ္စရပ်နဲ့ ကျွန်မတို့က သူတို့ကိုပိုပြီး အာရုံစိုက်ဖို့လိုတယ်ဆိုတာကို ကြိုးပမ်း ရေးသားသွားပါတယ်။

သူက အမျိုးသားတွေနဲ့ အမျိုးသမီးတွေဟာ တစ်ယောက်ရဲ့ အခွင့်အရေးအတွက် တစ်ယောက်က ဘာကြောင့်၏ ရပ်တည်သင့်သလဲဆိုတာကို အကြောင်းပြချက်များစွာနဲ့ အသေးစိတ်ဖော်ပြသွားပါတယ်။

စမစ်ရဲ့ ရေးသားချက်ထဲမှာ အမျိုးသားတွေရဲ့ အခွင့်အရေးများဟာ အမျိုးသမီးဝါဒကြောင့် ပုံသဏ္ဍာန် အမျိုးမျိုးနဲ့ ချိုးဖောက်ခံခဲ့ရပြီးပြီလို့ ဆိုပါတယ်။

အဲဒီထဲက တစ်ခုကတော့ ကလေးတစ်ဦး ဖခင်ကိစ္စတွေမှာ တွေ့ရတဲ့ မသမာမှုပဲ ဖြစ်ပါတယ်တဲ့။ သူမရဲ့ စာအုပ်ထဲမှာ စမစ်က ဖခင်နှင့် မိသားစုများအသင့်မှ ပြောကြားလိုက်တဲ့ “ထောင်ပေါင်းများစွာသော အမျိုးသားတွေ ကို ကလေးစောင့်ရှောက်ခွင့်တွေပေးရာမှာ မှားယွင်းမှုတွေရှိနေပါတယ်။ ကလေးတွေအတွက် ကလေးစောင့်ရှောက် ခွင့်ကို နှစ်အနည်းငယ်ပေးခြင်းဟာ တရားဥပဒေကြောင့် မဖြစ်မနေပေး ရပေမယ့် သူတို့တွေက ကလေးအဖေတွေ မဟုတ်ဘူးဆိုတာကို DNA စစ်ဆေးချက် ရလဒ်တွေအရ သိရပါ တယ်” ဟု တိုက်ရိုက်ဖော်ပြထားပါတယ်။

ယနေ့အချိန်အခါမှာ ပြောဆိုနေကြတာတွေကတော့ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်နဲ့ သူတို့ရဲ့ ရွေးချယ်မှုပါ။ စမစ် ကတော့ အမျိုးသားတွေအတွက်လည်း စဉ်းစားသင့်ပါတယ်တဲ့။

ဖခင်တွေရဲ့ ကလေးစောင့်ရှောက်ခွင့်မှာရှိနေတဲ့ မသမာမှုတွေကို တိုက်ဖျက်တော့မယ်ဆိုရင် အမျိုးသားတွေ အတွက် ရွေးချယ်စရာ အနည်းငယ်ပဲရှိပါတယ်လို့ Tennessee တက္ကသိုလ်ရဲ့ ဥပဒေရေးရာ တွဲဖက် ပါမောက္ခ Michael Higdon က စမစ်ရဲ့စာအုပ်ထဲမှာ ရေးသားဖော်ပြထားပါတယ်။

“ပထမဆုံး ရွေးချယ်စရာတစ်ခုကတော့ လိင်ဆက်ဆံခြင်းမပြုပါနဲ့။ ဒုတိယအချက်ကတော့ ယောက်ျားတွေကို သားကြောဖြတ်လိုက်ပါ။ နောက်တစ်နည်းကတော့ အသုံးပြုပြီး ကွန်ဒုံးကို ရေလုံအိမ်သာထဲ ထည့်ပြီး နှစ်မြှုပ် လိုက်ခြင်း ပါပဲ။ တစ်ချို့ ဖြစ်ရပ်တွေမှာဆိုရင် အမျိုးသမီးတွေက အမှိုက်ပုံးထဲက ကွန်ဒုံးကို ထုတ်ပြီးတော့ ကိုယ်ဝန်တည်စေဖို့ အသုံးချတာတွေ ရှိပါတယ်” လို့ Higdon က ဆိုပါတယ်။

ဒီကိစ္စဟာ အမှန်တကယ်ဖြစ်နေတာပါ။ “အမျိုးသားတွေရဲ့ အခွင့်အရေဟာ အမျိုးသမီးတစ်ဦးက ဘယ်လောက် ရိုးသားစွာ ရွေးချယ်သလဲဆိုတဲ့အပေါ်မှာများစွာမူတည်နေပါတယ်” လို့လည်း Higdon က ရေးသားခဲ့ပါတယ်။