အရှေ့အလယ်ပိုင်းနှင့် သိပ္ပံတော်လှန်ရေး

ပရင့်ထုတ်ရန်

“အာရပ်နွေဦးရာသီက အရှေ့အလယ်ပိုင်းတစ်ခုလုံးကို သိပ္ပံစွမ်းအင်တွေစုဝေးရာကြီးအဖြစ် ပြောင်းလဲ သွားစေ ပါတယ်။ ဒါပေမဲ့ အနောက်နိုင်ငံတွေရဲ့ အကူအညီတော့လိုတယ်” (အာမက်ဇီဝေး)အာရပ်၊အီရန်၊ တူရကီစသည့် အရှေ့အလယ်ပိုင်းဒေသနိုင်ငံများ၏ သိပ္ပံသုတေသနများသည် အနောက်နိုင်ငံများထက် ခေတ်နောက်ကျ ကျန်ရစ်နေပြီ ဖြစ်သည်။ အမှန်တကယ် ယင်းနိုင်ငံများတွင် ကမ္ဘာ့စံချိန်မီသုတေသနများ ပြုလုပ်နိုင်သည့် သိပ္ပံပညာရှင်များ၊ မိမိတို့သက်ဆိုင်ရာနယ်ပယ်တွင် အလွန်ထူးချွန်ကြသည့် ပညာတတ် လူတန်းစားများ ရှိကြသည်။ စာအုပ်စာတမ်းများနှင့် လေ့လာဆန်းစစ်မှုတို့ကလည်း ယင်းတို့၏ တိုးတက်မှု လမ်းကြောင်းကို ပြသနေသည်။ သို့သော် တစ်စုံတစ်ယောက်က “ဒါဆိုရင်အနောက်နိုင်ငံက သိပ္ပံပညာ ရှင်တွေ၊ ဒါမှမဟုတ် အရှေ့ကမ္ဘာက ဖွံ့ဖြိုးနေတဲ့ တိုင်းပြည်တွေက သိပ္ပံပညာရှင်တွေနဲ့ ရင်ဘောင်မတန်း နိုင်တဲ့ သိပ္ပံပညာရှင်တွေ အီရန်၊ အာရပ်၊ တူရကီတို့မှာ ရှိနေရတာလဲ” ဟု မေးနိုင်ပါသည်။

အဖြေက ရှင်းသည်။ တစ်ခုတည်းသော အကြောင်းကြောင့်ဖြစ်သည်။ယုံကြည်မှုနှင့် အကြောင်းအကျိုး ဆီလျော်မှု တို့ကြားက အားပြိုင်လွန်ဆွဲမှုပင်ဖြစ်သည်။ တစ်ကမ္ဘာလုံးရှိ မွတ်စလင်များအားလုံးသည် မကွဲ မပြားတစ်သားတည်း
ဖြစ်သည်။ အသိဉဏ်ပညာပေါ်တွင် လူမျိုးစုအရလည်းကောင်း၊ ပထ၀ီ အနေအထားအရလည်းကောင်း လက်ဝါးကြီးအုပ် ချယ်လှယ်ခြင်း မရှိချေ။ ခရစ်ယာန် ဥရောပများ အမှောင်ခေတ်တွင်နစ်မျောနေချိန်၌ စပိန်၊
မြောက်အမေရိက၊ အာရပ်တို့မှ မွတ်စလင်များကစဉ်းစားတွေးခေါ်ခြင်း လူ့ယဉ်ကျေးမှု၌ ထိပ်ဆုံးသို့ရောက်ရှိ
နေပြီ ဖြစ်သည်။

အပေါ်တွင်မေးခဲ့သော မေးခွန်း၏အဖြေသည် အာရပ်၊ အီရန်နှင့် တူရကီကမ္ဘာတို့၏မကြာသေးသော သမိုင်းတစ်ရပ်
ပေါ်တွင် အခြေတည်နေသည်ဟု ကျွန်တော်ထင်သည်။စဉ်းစားကြည့်ပါ။ လွန်ခဲ့သော ရာစု နှစ်များက မည်သည်တို့
ဖြစ်ပျက်ခဲ့သနည်း။ ပထမဆုံးအနောက်အင်ပါယာမှ ကိုလိုနီနယ်ချဲ့များ ရောက် လာပြီး အပြင်မှ ကျေးကျွန်စနစ်နှင့် လူတန်းစားဇာတ်ခွဲခြားမှုစနစ်ကို အာရပ်တို့အတွင်းသို့ ယူသွင်းလာခဲ့ သည်။ ယင်းကဲ့သို့ကိုလိုနီနယ်ချဲ့မှုကြောင့် စာမတတ်သူဦးရေ တိုးပွားလာခဲ့သည်။ စာမတတ်သူ ရာခိုင် နှုန်းသည် (၅၀)ရာခိုင်နှုန်းအထိ ရှိခဲ့သည်။ နိုင်ငံအများ အပြားရှိ အမျိုးသမီးထုအတွင်း စာမတတ်သူဦးရေ (၈၀)ရာခိုင်နှုန်းအထိ မြင့်လာခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီး ကိုလိုနီနယ်ချဲ့မှုများလည်း ပြီးဆုံးသွားသည့် အခါ ယင်းတိုင်းပြည်များက စူပါပါဝါခေါ် မဟာအင်အားကြီး
နိုင်ငံများဆီမှ အကူအညီတောင်းကြတော့ သည်။ ပထမဆုံး အနောက်နိုင်ငံများထံ တောင်းဆိုသည်။ ထို့နောက် အရှေ့ဘက်ခြမ်းမှ စူပါပါဝါများ၌ အကူအညီတောင်းကြသည်။ ပြီးနောက် စစ်အေးခတ်ပြီးဆုံးသွားသည့်အခါ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရန် တစ်နေရာသာကျန်ရှိတော့သည်။ အထက်တွင်ဖော်ပြထားသော မေးခွန်း အတွက် အဖြေများ ကိုတချို့က နိုင်ငံရေးယုံကြည်မှုတစ်ခုအဖြစ် အလွဲသုံးစား ပြုလုပ်လိုက်ကြသည်။

ဖွံ့ဖြိုးဆဲ တိုင်းပြည်များအနေဖြင့် ကိုယ်ထူကိုယ်ထ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင် သင့်သည်ဆိုသည်မှာ ထင်ရှားပါသည်။အရှေ့အလယ်ပိုင်း တိုင်းပြည်များကလည်း ယင်းတို့အနေဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများကို ယှဉ်ပြိုင်ရန် မဖြစ်နိုင်ဟုလုံးဝမစဉ်းစားသင့်ပါ။ သို့သော် ကွာဟချက်များကို ဖြည့်ဆည်းသွားရာ၌ အလုပ် လက်မဲ့ဖြစ်၍ ဒုက္ခရောက်နေသော လူအုပ်ကိုလည်း ထည့်သွင်းစဉ်းစားရပေမည်။

အရှေ့အလယ်ပိုင်းရှိ ဘွဲ့ရပညာတတ်တော်တော်များများ အလုပ်လက်မဲ့များ ဖြစ်ကြသည်။ ယင်းတို့၏ ရွေးချယ်ခွင့် ကန့်သတ်ချက်နှင့်။ ယင်းတို့၏ ကုန်ထုတ်စွမ်းအားများကို အကြမ်းဖက်တိုက်ခိုက်မှုများ၊ကိုယ် ကျိုးစီးပွားရှာသည့်
နေရာများတွင် အလွဲအသုံးချခွင့် မပြုသင့်ချေ။ ကမ္ဘာ့တစ်ဖက်ခြမ်းတွင် သက်ကြီးရွယ်အို ပြဿနာများကြုံတွေ့
နေရချိန်၌ အာရပ်တွင်မူ လူငယ်ပြဿနာကို ရင်ဆိုင်နေရသည်။ လူငယ်များကိုသာ အခွင့်အရေး ဖန်တီးပေးမည် ဆိုလျှင် ယင်းတို့အနေဖြင့် သိပ္ပံပညာနယ်ပယ်တွင် ကြီးမားသော အောင်မြင်မှုများကို စွမ်းဆောင်နိုင်ပါလိမ့်မည်။

ဖွံ့ဖြိုးတိုးတက်မှုတစ်ခုအတွက် အရေးတကြီးလိုအပ်သော အချက်သုံးချက်ရှိသည်ဟု ကျွန်တော်ထင်သည်။ ပထမတစ်ချက်မှာ လူသားအရင်းအမြစ်များကို တည်ဆောက်ခြင်းဖြစ်သည်။ မည်ကဲ့သို့ တည်ဆောက်မည်နည်း။ စာတတ်သူဦးရေများလာရန် လုပ်ဆောင်ရမည်။ ထို့ပြင် လူမှုပတ်ဝန်းကျင်၌ အမျိုးသမီးများ၏ ပါဝင်ဆောင်ရွက်မှုကို အားပေးရမည်။ ထို့နောက် ပညာရေးစနစ်ကို တိုးတက်အောင် လုပ် ဆောင်ရမည်။ ဒုတိယအချက်မှာ နိုင်ငံတော်၏ အခြေခံဥပဒေကို ပြုပြင်ပြောင်းလဲရန် လိုအပ်ပါသည်။ လွတ်လပ်စွာတွေးခေါ်မှုကို ခွင့်ပြုပေးရမည်။ ဗျူရိုကရေစီ စနစ်ကို လျှော့ချပစ်ရမည်။ ထူးချွန်သူများကို ထိုက်တန်စွာ ချီးမြှင့်မြှောက်စားရမည်။ ထို့ပြင်တရားမျှတပြီး အကောင်း ဘက်မှရှုမြင်သော ဥပဒေများကို ချမှတ် ဆောင်ရွက်ရမည်။

အီဂျစ်၊တူနီးရှားနှင့် နေရာအနှံ့အပြား၌ မကြာသေးမီကဖြစ်ပွားခဲ့သောလူထုတော်လှန်ရေးသည်“အပြောင်း အလဲဆို တာ ဖြစ်နိုင်တယ်”ဟု သက်သေပြနေသည်။ လွန်ခဲ့သော ဆယ်စုနှစ်နှစ်ခုခန့်က နိုင်ငံရေးနှင့် ပညာရေး ပြုပြင်
ပြောင်းလဲမှုများဆောင်ရွက်ရာ၌ ကျွန်တော်ပါဝင်ခဲ့ဖူးပါသည်။ ယခုဤအချိန်၌ ကျွန်တော် ခံစားမိသည်မှာ ကျွန်တော်တို့တွင် စစ်မှန်သောအပြောင်းအလဲတစ်ခုကို ဖန်တီးနိုင်သည့် အခွင့်အရေးရှိ နေသည်ဟု ခံစားမိပါသည်။

တတိယအချက်မှာ မိမိကိုယ်ကိုယုံကြည်မှု ပြန်လည်ရရှိလာရန် ဖြစ်သည်။ အကောင်းဆုံးနည်းမှာ မွတ်စလင် တိုင်းပြည်တစ်ခုစီ၌ သိပ္ပံနှင့်နည်းပညာဆိုင်ရာ အကောင်းဆုံးသော သင်တန်းများဖွင့်လှစ်ရန် ဖြစ်သည်။ မွတ်စလင်များအနေဖြင့် ယနေ့ကမ္ဘာကြီး၏ဂလိုဘယ်စီးပွားရေးတွင် ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း ပြသရန်နှင့် လူငယ်ထု အကြားတွင်လေ့လာသင်ယူလိုစိတ်များ တဖြည်းဖြည်းတိုးပွားလာစေရန် ဖြစ်သည်။ တူရကီ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကာတာစသည့် နိုင်ငံများ၌ ယင်းကဲ့သို့သော သိပ္ပံနည်းပညာစင်တာများ ဖွင့်လှစ်လာသည်မှာ အားရစရာကောင်းလှသည်။ ယခုအီဂျစ်တွင် သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖွံဖြိုးတိုး တက်မှုအတွက် အမျိုးသား အဆင့်စီမံကိန်းတစ်ခုကို ကျွန်တော်ဖော်ဆောင်လျက် ရှိသည်။ အီဂျစ်ပြည် သူများ၏လူထုအုံကြွမှုရှိသော်လည်း မူဘာရက်အစိုးရက သိပ္ပံနည်းပညာကို မဖွံ့ဖြိုးအောင် အစွမ်းကုန် ကြိုးစားခဲ့သည်။

ဖွံ့ဖြိုးပြီးနိုင်ငံများအနေဖြင့် မည်သည်တို့ကို ဆောင်ရွက်နိုင်သနည်း။ ပထမဆုံး အနေဖြင့် အရှေ့အလယ်ပိုင်း တိုင်းပြည်များနှင့် ပူးပေါင်းပြီးယင်းတို့၏ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးလာရန် ဆောင်ရွက်ရမည်။ ထို့ပြင် အကူအညီ ပေးနိုင်သည်။ သို့သော် ကန့်သတ်ချက်ထားရှိရမည်။ အကူအညီပေးမှုများကို အထိန်းအကွပ် မရှိဘဲ ဖြန့်ဝေသည်အခါ ယင်းကူညီမှုများ အလာဟဿဖြစ်ရသည်။အကျိုး သက်ရောက်မှုလည်း မရှိချေ။ ထို့ကြောင့် အခြေခံအဆောက်အအုံနှင့် လူသားအရင်း အမြစ်များ တည်ဆောက်ရန်အတွက် လိုအပ်သော အစီအစဉ်များဖြင့် စနစ်တကျ ကူညီမှုပေးရမည်။

အကူအညီပေးမှုကိုလည်း နိုင်ငံရေးအသုံးချမှုတစ်ခု မဖြစ်စေရ။ အကြမ်းဖက် အစိုးရများ၊ အာဏာရှင် အစိုးရများ အား အထောက်အပံ့အကူအညီပေးခြင်းသည် အင်မတန်ကြီးမားသော အမှားအယွင်းတစ်ခု ဖြစ်သည်။
ရေရှည်ကာလတွင် ပြည်သူလူထုဘက်မှ ရပ်တည်ခြင်းသည်သာလျှင် အကောင်းဆုံးဖြစ်သည်။ အာဏာရှင်ဘက်မှ မရပ်တည်ရပေ။အာရပ်၊ အီရန်နှင့်တူရကီစသည့် အရှေ့အလယ်ပိုင်းရှိ သိပ္ပံနှင့်နည်း ပညာဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်မှုများသည် ဖွံ့ဖြိုးဆဲတိုင်းပြည်များသာမက ဖွံ့ဖြိုးပြီး တိုင်းပြည်များ အနေဖြင့်ပါ နှစ်ဦးနှစ်ဖက် အကျိုးအရှိဆုံး ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အသိပညာကို အခြေခံသော လူမှုအဖွဲ့အစည်းများသည် ကမ္ဘာ့စီးပွားရေး၏ အစိတ်အပိုင်းတစ်ခုဖြစ်သောကြောင့် ဖြစ် သည်။သူတို့သည် ဖွံ့ဖြိုးတိုးတက်မှုနှင့် ဉဏ်အလင်း ပွင့်ခြင်းတို့ကို လူသားများအားဖြန့်ဝေပေး နိုင်လိမ့် မည်။ သို့ဖြစ်၍ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးနှင့် ပိုမိုယဉ်ကျေးပြီး စစ်မှန်သော ဂလိုဘယ်လူသား ဆန်မှုဆီသို့ ချဉ်းကပ်လာလိမ့်မည် ဖြစ်သည်။ ။

(ဆောင်းပါးရှင် အာမက်ဇီဝေးသည် (၁၉၉၉)ခုနှစ်၏ဓာတုဗေဒနိုဘယ်ဆုရှင် ဖြစ်သည်။ သူသည် ကယ်လီဖိုးနီးယား နည်းပညာတက္ကသိုလ်၏ ရူပဗေဒပါမောက္ခနှင့် ဓာတုဗေဒ ဂုဏ်ထူးဆောင် ပါ မောက္ခဖြစ်သည်။ ထို့အပြင် အရှေ့ အလယ်ပိုင်းတွင် တာဝန်ကျနေသော အမေရိကန်သိပ္ပံပညာရှင် ကိုယ်စားလှယ် ဖြစ်သည်)