www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
အင်္ဂါ, ၁၇ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > အာဘော်နှင့်အမြင် > ဆောင်းပါး > လူငယ်များနေ့မှာ လူငယ်တွေ ဘာလုပ်နိုင်သလဲ

လူငယ်များနေ့မှာ လူငယ်တွေ ဘာလုပ်နိုင်သလဲ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

လူငယ်များနေ့လို့ ပြောလိုက်ကတည်းက လူငယ်တွေကိုယ်တိုင် ပြန်မေးကြမှာပါ။ လူငယ်များက ဘယ်နေ့လဲ၊ ဘာလုပ်ကြတာလဲ၊ ဘာတွေလုပ်ကြလို့ လူငယ်များနေ့ ဖြစ်နေရတာလဲ စသဖြင့် မေးခွန်းတွေ မေးကြတော့မှာပါပဲ။

ကျွန်တော်တို့ဟာ လူငယ်တွေရဲ့ လူငယ်များနေ့ကို မသိကြပါဘူး။ ဂရုပြုခြင်းလည်း မရှိခဲ့ပါဘူး။ ဒါပေမဲ့ အခုအချိန်ဟာ လူငယ်တွေရဲ့ အရေးဟာ လျစ်လျူရှုမထားသင့်တော့ပါဘူး။

လူငယ်များနေ့ နှစ်မျိုး

လူငယ်များနေ့ကို သတ်မှတ်ထားရာမှာ ကမ္ဘာ့လူငယ်နေ့ (World Youth Day) နဲ့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ (Inter-national Youth Day) ဆိုပြီး နှစ်မျိုးကွဲပါတယ်။ အတိုကောက်အနေနဲ့ WYD နဲ့ IYD လို့ ခေါ်ကြပါတယ်။ ကမ္ဘာ့လူငယ်နေ့ကိုတော့ ဥရောပနိုင်ငံတွေနဲ့ အာဖရိကနိုင်ငံတွေမှာ အများ အားဖြင့် ပြုလုပ်ကြပါတယ်။ ကမ္ဘာ့လူငယ်
နေ့ကို ပုပ်ရဟန်းမင်းကြီး ဒုတိယမြောက်ဂျွန်ပေါရဲ့ ဖိတ်ကြား ချက်နဲ့ ၁၉၈၄ မှာ လူငယ်ပေါင်းသုံးသိန်းကျော်လောက် စိန့်ပီတာရင်ပြင်မှာ စုစည်းမှုကနေ စတင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီနေ့ဟာ ဘာသာရေးနဲ့ နွှယ်တဲ့နေ့တစ်နေ့ဖြစ်ပြီး
နှစ်စဉ်အားဖြင့် ဒီနေ့မှာ ပုပ်ရဟန်းမင်း တွေဟာ နယ်လှည့်ပြီး လူငယ်တွေကို တရားဟောလေ့ရှိပါတယ်။ လွန်ခဲ့တဲ့ ဇူလိုင်လပိုင်းက ပုပ်ဖရန်စစ် ရဲ့ ဘရာဇီးနိုင်ငံမှာ လူငယ်ထုကို စကားပြောခဲ့တဲ့ ဖြစ်ရပ်ဟာ ကမ္ဘာ့လူငယ်များနေ့ အတွက်ပါပဲ။

ကမ္ဘာ့လူငယ်နေ့ကို သီးသန့်နေ့အဖြစ် သတ်မှတ်ထားတာမျိုးမရှိဘဲ ဇူလိုင်လကုန်ပိုင်းလောက်မှာ ကျင်းပလေ့ရှိပါတယ်။ ပထမဆုံး ကမ္ဘာ့လူငယ်နေ့ကို ၁၉၈၆ ခုနှစ်မှာ ပထမဆုံးအကြိမ် ကျင်းပခဲ့ပါတယ်။ အထူး တလည် သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများ မရှိဘဲ ပျော်ပွဲရွှင်ပွဲများနဲ့ တစ်ခြားဘာသာရေးဆိုင် ရာပွဲတော်တွေကို ခရစ်ယာန်ဘာသာဝင် အများစုဟာ ဒီနေ့မှာ ကျင်းပကြပါတယ်။

အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့

International Youth Day လို့ခေါ်တဲ့ ဒီနေ့ဟာ နှစ်တစ်နှစ်ရဲ့ သြဂုတ် ၁၂ ရက်မှာ ကျရောက်ပါတယ်။ ဒီနေ့ကို ကမ္ဘာ့ကုလသမဂ္ဂက ၂၀၀၀ ခုနှစ်မှာ စတင်ကြေငြာခဲ့ခြင်းဖြစ်ပြီး ဒီနေ့အတွက် ချမှတ်ထားတဲ့ အဓိပ္ပာယ် သတ်မှတ် ချက်တွေ၊ လုပ်ငန်းဆောင်တာတွေလည်း ရှိပါတယ်။ ကုလရဲ့ သတ်မှတ်ချက်အရ အသက် ၁၅ နှစ်နဲ့ ၂၅ နှစ်အကြား အသက်ရွယ်ကို လူငယ်လို့ သတ်မှတ်ပါတယ်။ ကမ္ဘာတစ်ဝန်းလုံးက လူငယ်တွေနဲ့ဆိုင်တဲ့ အရေးကိစ္စတွေကို အကျိုးသက်ရောက်မှုဖြစ်စေဖို့၊ တွန်းအားဖြစ်စေဖို့ဆိုတဲ့ ရည် ရွယ်ချက်နဲ့ ဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ဟာ ကုလရဲ့ ကမ္ဘာ့လူငယ်များအတွက် အစီအစဉ် (WPAY) ရဲ့ အစိတ်အပိုင်း အစီအစဉ် တစ်ခုဖြစ်ပြီး တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ နိုင်ငံတော်တော်များများမှာကျင်းပ ကြပါတယ်။ လူငယ်များနေ့အတွက် သတ်မှတ်ထားတဲ့ အချက်တွေကတော့ ပညာရေး၊ အလုပ်အကိုင် ရရှိရေး၊ ဆင်းရဲမှုနှင့် ငတ်မွတ်ခေါင်းပါးမှု လျှော့ချရေး၊ သဘာဝပတ်ဝန်းကျင်၊ မူးယစ်ဆေးသုံးစွဲမှု၊ကလေး အကျဉ်းသား ကိစ္စများ၊ အားလပ်ချိန် အချိန်ဖြုန်းမှုများ၊ ကျန်းမာရေး၊ မိန်းကလေးနှင့်ငယ်ရွယ်သည့် အမျိုး သမီးများ စသဖြင့် လူငယ်တွေနဲ့ ပတ်သက်တဲ့ အရေးတွေကို ကုလက ချမှတ်ထားပါတယ်။

ဒီနေ့မှာ ဘာတွေလုပ်ကြလဲ

အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို အမေရိကန် အပါအ၀င် အနောက်နိုင်ငံတော်တော်များ ကျင်းပ ကြပါတယ်။ သက္ကရာဇ် ၂၀၀၀ ခုနှစ်က စခဲ့လို့ သူ့ရဲ့ပြန့်နှံ့မှုအားကလည်း ကောင်းခဲ့ပါတယ်။ အာရှနိုင်ငံ တော်တော်များများကိုလည်း
ပြန့်နှံ့ခဲ့ပါတယ်။ ဒီနေ့မှာ နိုင်ငံနဲ့ချီ ကျင်းပတဲ့ ပွဲတွေလည်း ရှိသလို၊ တချို့ နိုင်ငံတွေမှာတော့ ပွဲဖြစ်ရုံလောက်သာ ကျင်းပကြပါတယ်။ ဒါပေမဲ့ ဒီနေ့မှာ ကျင်းပတဲ့ ပွဲတော်တော်များ များဟာ လူငယ်တွေရဲ့ အနုပညာတွေ၊ သူတို့ရဲ့ မကျေနပ်ချက်တွေ၊ တောင်းဆိုချက်တွေကို လွတ်လွတ် လပ်လပ် ထုတ်ဖော်ပြသလေ့ရှိကြပါတယ်။ လူငယ်တွေ အတွက် ဟောပြောပွဲတွေ၊ စာဖတ်ခြင်း အစီ အစဉ်တွေ ပြုလုပ်လေ့ရှိကြပါတယ်။

အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့မှာ နိုင်ငံတွေဟာ တစ်နှစ်ကိုတစ်ကြိမ် အဓိကဦးတည် ရည်မှန်းချက် တစ်ခုစီ
ပြုလုပ်လေ့ရှိပါတယ်။ ပြီးတော့ ကုလက သတ်မှတ်ပေးတဲ့ နှစ်တစ်နှစ်အတွက် ရည်မှန်းချက်ကို လည်း နိုင်ငံတိုင်း လိုလိုက ဆောင်ပုဒ်အဖြစ် အသုံးပြုကြပါတယ်။ ကုလသမဂ္ဂရဲ့ ၂၀၁၃ အပြည်ပြည် ဆိုင်ရာ လူငယ်များနေ့အတွက် ရည်ရွယ်ချက်က ရွှေ့ပြောင်းလူငယ်ပြဿနာ ဖြစ်ပါတယ်။ ဒီနေ့ မတိုင် ခင်ကတည်းက အစိုးရက ဦးဆောင်ပြီး လူငယ်
ဆွေးနွေးပွဲတွေ၊ တခြား အလုပ်အကိုင် အခွင့်အလမ်း အသစ်တွေနဲ့ မိမိတို့ရဲ့နိုင်ငံထဲမှာ ဖြစ်နေတဲ့ ပြဿနာတွေကို လူငယ်တွေအနေနဲ့ မြင်အောင်ကြည့်ဖို့ လူ ငယ်များနေ့ကို ပိုပြီး အသက်ဝင်အောင် ကြိုးစားကြရပါတယ်။ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေက လည်း လူငယ်တွေကို စုစည်းပြီး ဟောပြောချက်တွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ၊ သင်တန်းတွေ၊ ပျော်ပွဲရွှင် ပွဲတွေကို ဒီနေ့မှာ ပြုလုပ်တတ်ကြပါတယ်။

မြန်မာနိုင်ငံနဲ့ လူငယ်များနေ့

အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို ကမ္ဘာတစ်ဝန်းက လုပ်ဆောင်နေကြပေမယ့် မြန်မာနိုင်ငံမှာတော့ ကြားဖူးတဲ့သူ နည်းပါလိမ့်မယ်။ ကျွန်တော်တို့ဟာ လူငယ်တွေ ဖြစ်နေပြီး လူငယ်များနေ့ကိုတောင်မသိ ကြတဲ့သူတွေဖြစ်နေကြတာ
နှစ်ပေါင်း ၂၀ ကျော်ကြာခဲ့ပါပြီ။ လူငယ်ဆိုတာ “ဘာ” ဆိုတာကို ချိုးနှိမ်ခံ၊ ပညာရေးမှာ အမှောင်ပိတ်ခံထားရတဲ့အတွက် ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် မေ့နေခဲ့ကြတာပါ။ အစိုး ရသစ်တက်ပြီးတဲ့ နောက်ပိုင်း အဖွဲ့အစည်းငယ်တွေ လွတ်လွတ် လပ်လပ် ဖွဲ့စည်းလာနိုင်တာ တွေ့ရပါ တယ်။ ဒါပေမဲ့ လူငယ်တွေဟာ ကိုယ့်အခွင့်အရေးကို ကိုယ်ပြန်တောင်းဖို့
မေ့နေကြပါတယ်။ အာဖရိက  နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဆီရာလွန်းနိုင်ငံမှာရှိတဲ့ ၀န်ကြီးဌာနတစ်ခုက အံ့အားသင့်စရာပါ။ Ministry Of Youth Affairs လူငယ်ရေးရာဝန်ကြီးဌာနပါ။ လူငယ်တွေရဲ့ အသံဟာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ခြင်းမှာ လုံးဝမရှိမဖြစ်ပါရမယ့် အသံဖြစ်ပါတယ်။ ဒီလိုဝန်ကြီးဌာနတစ်ခုအဖြစ် မရှိနိုင်ရင်တောင်မှ လူငယ်တွေရဲ့ အသံကို
ပြောပေးနိုင်မယ့် လွှတ်တော်အမတ် တစ်ယောက်လောက်များ ရနိုင်မလားဆိုတာကို လူငယ် တွေအနေနဲ့ ကြိုးစားကြရမှာပါ။

ကမ္ဘာတစ်ဝန်းမှာ ၂၀၀၀ ခုနှစ်ကတည်းက ပြုလုပ်နေခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို မြန်မာနိုင်ငံမှာ ကျင်းပနိုင်အောင် လူငယ်တွေ ကြိုးပမ်းကြရမှာပါ။