www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္ဂနွေ, ၂၂ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > အာဘော်နှင့်အမြင် > ဆောင်းပါး > လင်မယားကွဲနိုင်သည့် မြန်မာနိုင်ငံက မိုဘိုင်းဖုန်းစနစ်

လင်မယားကွဲနိုင်သည့် မြန်မာနိုင်ငံက မိုဘိုင်းဖုန်းစနစ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

မြန်မာနိုင်ငံမှာ ဟန်းဖုန်းလို့ခေါ်ကြသည့် မိုဘိုင်းတယ်လီဖုန်းတွေပေါ်လာသည့်အခါ ဈေးကြီးပေးပြီး ၀ယ်သုံးနိုင် သူတွေ ဂုဏ်တက်ကြသည်။ ရင်ကော့ကြသည်။ လူပုံအလယ်မှာ ဟန်းဖုန်းပြောရတာ အရမ်းဂုဏ်တက်သည်။ အရသာရှိသည်။ လူသူမမြင်ကွယ်ရာ အိမ်ထဲမှာဟန်းဖုန်းမပြောဘဲ လမ်းပေါ်တက်ပြီး စကားပြောပြသည်။ ဟန်းဖုန်းကိုင်နိုင်တာ၊ သုံးနိုင်တာကို ပတ်ဝန်းကျင်ကမြင်ပြီး အထင်ကြီးခံချင်လို့ လူမြင်ကွင်းကိုထွက်ပြီး ဟန်းဖုန်းပြောသည်။ ရယ်စရာ တော်တော်ကောင်းသည်။

ခေတ်မီတိုးတက်သည့်နိုင်ငံတွေမှာ မူလတန်းကျောင်းသူ၊ ကျောင်းသား၊ အိမ်ဖော်၊ ဆိုက်ကားသမား၊ ဂျပိုး၊ သူခိုးက အစသုံးနိုင်သည့် ဟန်းဖုန်းကို ဒီနိုင်ငံမှာဗိုလ်ချုပ်တွေနှင့် ခရိုနီသူဌေးတွေသာကိုင်ခွင့်ရှိသော ဆက်သွယ်ရေး ကိရိယာဖြစ်ပေါ်ပေါက်လာသောအခါ ကိုင်ကွယ်အသုံးပြုနိုင်သူတွေ ဘ၀မြင့်ကြသည်။ ကြွား ကြသည်။ ဂုဏ်ယူကြသည်။ စာရေးဆရာမ အဘွားကြီးတစ်ယောက်ဆိုရင် သူ့မှာ ဟန်းဖုန်းရှိကြောင်းကို အများပြည်သူနှင့် စာဖတ်ပရိသတ်တွေသိအောင် မဂ္ဂဇင်း၊ စာစောင်တွေက အခန်းဆက်ဆောင်းပါး ရေးခဲ့သည်။ ကျွန်တော်တောင် နှစ်ပုဒ်လောက် ဖတ်လိုက်ရသည်။

မြန်မာနိုင်ငံမှာ ဟန်းဖုန်းကိုင်ချင်လျှင် လျှောက်လွှာတင်ပါဆိုလို့ လျှောက်လွှာတင်ကြသည်။ ကျွန်တော် မတင်ပါ။ မကိုင်ချင်လို့ မတင်ပါ။ စင်ကာပူလိုနိုင်ငံမှာတောင် စတိုးဆိုင်မှာ အလွတ်ဝယ်လို့ရသည့် ဟန်းဖုန်းကို
မြန်မာနိုင်ငံမှာ လျှောက်လွာတင်ရမည်ဆိုသည့် အတွက်မတင်လိုပါ။ စင်ကာပူမှာ မိုဘိုင်းဖုန်း ကုမ္ပဏီက ဆင်းကဒ်ဝယ်လျှင် တယ်လီဖုန်း (ဟန်းဆက်) အခမဲ့ပေးသည်။ မြန်မာနိုင်ငံမှာ ဟန်းဖုန်းသည် အထက်တန်းလွှာ လူတန်းစားအတွက်သာ သီးသန့်ပစ္စည်းဆိုသည့်အတွက် မကျေနပ်လို့ မကိုင်ချင်ပါ။ ဆင်းရဲသားအခြေခံ လူတန်းစား အတွက် မခံချင်လို့ မကိုင်ချင်ပါ။ ဟန်းဖုန်းကိုင်နိုင်တာဟာ ဂုဏ်ယူစရာမဟုတ်လို့ ထင်သည့်အတွက် လျှောက်လွှာ မတင်ဘဲ နေပါသည်။

ကျွန်တော်မိသားစုက ကျွန်တော်မသိအောင် ကျွန်တော်နာမည်ကိုသုံးပြီး လျှောက်လွှာတင်ကြသည်။ ရှိစု မဲ့စု ဂုဏ်ပုဒ်တွေကို ဖော်ပြပြီးလျှောက်ကြတယ်။ စစ်သားလူထွက်၊ သင်္ဘောသားဟောင်း၊ စာရေးဆရာဆိုတာတွေ
ဖော်ပြသည်ဟု သိရသည်။ ကျွန်တော်တို့ မိသားစုမှာသာမက၊ တစ်ဆွေလုံး၊ တစ်မျိုးလုံးမှာပင် အဲဒီလောက်
ဂုဏ်ပုဒ်ကို ဖော်ပြနိုင်တာ ကျွန်တော်တစ်ယောက်တည်းသာရှိသည်။ ကျန်တာတွေက ပျံကျလုပ်သား၊ လယ်သမား၊
ရေလုပ်သားတွေ ဖြစ်သည်။ ဟန်းဖုန်းနှင့် မိုင်ပေါင်းကုဋေလောက်ဝေးသည့် လူတန်းစားတွေ ဖြစ်သည်။

သုံးနှစ်လောက်အကြာမှာ လျှောက်လွှာဆယ်စောင်လောက် လျှောက်ထားရာမှာ ဘယ်လျှောက်လွှာက
ပေါက်မှန်း မသိရသည့် အကြောင်းကြားစာတစ်စောင် စာတိုက်ကရောက်လာပါသည်။ စာပို့လူလင်ကို မုန့်ဖိုး ကျပ် ၅၀၀၀ ပေးပြီး စာလက်ခံလိုက်ရသည်။ သိန်းတစ်ထောင်ဆုကြီးပေါက်သလို မိသားစု ၀မ်းသာကြတာ တွေ့ရသည်။ ကျွန်တော်က ရယ်ချင်လို့ ပြုံးလိုက်မိသည်။ မြန်မာလူမျိုး သန်းခြောက်ဆယ်မှာ လူဦးရေ တစ်သိန်း
ပြည့်အောင်တောင် ဟန်းဖုန်းမကိုင်နိုင်သေးသည့် နိုင်ငံပါလားလို့ဝမ်းနည်းစွာ တွေးနေမိသည်။

မဲပေါက်သည့် ဂျီအစ်စ်အင်းကတ်ကို သွားထုတ်သည့်အခါ ၁၅ သိန်းပေးခဲ့ရသည်။ ဟန်းဆက်ဘတ်ထရီနှင့် အားသွင်းကိရိယာတွေမရခဲ့ပါ။ တာဝန်ရှိသူက အဲဒါကိုဝယ်ယူရရှိနိုင်သည့်ဆိုင်တွေကို ညွှန်းပေးပါ သည်။ အဲဒီ ပစ္စည်းတွေကို လက်ခံရရှိကြောင်း၊ ပျက်လျှင် ပြင်ပေးပါမည်။ ပျောက်ဆုံးလျှင် လျှော်ပေးပါမည်ဆိုတာ လက်မှတ်ထိုး ခဲ့ရပါသည်။ ဒီတော့မှ ၁၅သိန်းတန်ဆင်းကဒ်သည်။ အပိုင်ရတာမဟုတ်၊ ခေတ္တ ဌားကိုင်ရတာဖြစ်ကြောင်း သိရတော့ သည်။ အချိန်မရွေး ပိတ်သိမ်း၊ ပြန်သိမ်းတဲ့နည်းဖြင့် ၁၅ သိန်း ဆုံး နိုင်ကြောင်းကို စာချုပ်မှာရေးထားသည်။ ဟန်းဖုန်း ထုတ်ယူလာသည့်အခါ ကျွန်တော့်ဇနီး ဒေါ်ဖြူတုတ်က ပြောသည်။

“ဒီဖုန်းကို ရှင်ကိုင်ရမယ် ...”

“ဘာအတွက် ငါကိုင်ရမလဲ၊ မကိုင်ချင်ဘူး”

“အကြောင်းရှိတယ် နောက်တော့သိလိမ့်မယ်။ ရှင်ပဲကိုင်ရမယ်၊ မကိုင်ချင်လို့ မရဘူး”

ကျွန်တော်ဇနီး ဒေါ်ဖြူတုတ်က ကျွန်တော့်ကို ဟန်းဖုန်းကိုင်စေချင်သည့်အကြောင်းကို မကြာခင် သိရတော့သည်။ ရှင်အခု ဘယ်မှာလဲ”

“လေထန်းကုန်က လက်ဖက်ရည်ဆိုင်မှာ စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာ တွေနဲ့အတူ ထိုင်ပြီးစာအကြောင်း ပေအကြောင်း ပြောနေတာပေါ့ကွယ်”

အရည်မရအဖတ်မရ စကားတွေပြောပြီး အချိန်ဖြုန်းနေတယ်ပေါ့။ အခုချက်ချင်း ပြန်လာခဲ့”

ကျွန်တော့်ကို ဟန်းဖုန်းကိုင်စေချင်တာအကြောင်းရှိတယ်၊ နောက်တော့ သိလိမ့်မယ်ဆိုတာ ဒါပဲဖြစ်မည်။ ကျွန်တော့် ကို ချည်တိုင်ပြန်ဝင်ခိုင်းရာမှာ သုံးဖို့အတွက်ဆိုတာ သိလိုက်သည်။ ဒီဟန်းဖုန်းအပေါ်မှာ စကတည်းက မကျေနပ်
ဖြစ်နေတာ အခုတော့ပိုပြီး မကျေမနပ်ဖြစ်လာသည်။ ၁၅ သိန်းတောင်ပေးထား ရသည့် တယ်လီဖုန်းဖြစ်လို့ မတရား လုပ်ခံထားရတယ်ထင်ပြီး မကျေမနပ်ဖြစ်နေသည်။

ဒီကြားထဲမှာ ၅သိန်းတန်ဟန်းဖုန်းဆိုတာ ပေါ်လာပြန်သည်။ ငါးသိန်းနဲ့ ဟန်းဖုန်းကိုင်နိုင်ပြီဆိုတော့ ကျွန်တော်က ၁၅သိန်းပေးပြီး ငှားကိုင်နေရသူဖြစ်လို့ မကျေနပ်ချက်က ပိုမိုပြင်းထန်လာသည်။  ဟောမကြာပါဘူးဗျာ
နှစ်သိန်းတန် ဟန်းဖုန်းဆိုပြီး ပေါ်လာပြန်သည့် အခါမှာတော့ ကျွန်တော်မကျေနပ်ချက်သည် အထွဋ်အထိပ်သို့
ရောက်သွားလေတော့သည်။ ဟန်ဖုန်းကိုင်ခိုင်းသည့် ကျွန်တော့်ဇနီးကို မဲတော့သည်။

“နင့်ကြောင့် ပိုက်ဆံ ၁၅ သိန်းတောင်ပေးခဲ့ရတယ်။ အခု နှစ်သိန်းနဲ့ရနေပြီလေ”

သူ့အပြစ်နဲ့သူဖြစ်နေလို့ ဘာမှပြန်မပြောဘဲ ငြိမ်ခံနေသည်။ သူ့အတွက်ကတော့ ကျွန်တော့်ကို ထိန်းချုပ်သည့် ကိရိယာတပ်ဆင်ပေးထားရလို့ ကျေနပ်နေပုံသည်။ ဒီအခြေအနေမှာပဲ ကျွန်တော်တို့ လင်းမယား ကွဲလောက်သည့်
နောက်ဆုံးအခြေအနေ ဖြစ်လာပြန်သည်။ ၁၅၀၀ တန်ဆင်းကဒ်တွေ ရောင်းချပေးနေ ပြီးဆိုသည့်သတင်း ဖြစ်သည်။ ကျွန်တော့်၏မကျေနပ်မှုသည် အထွတ်အထိပ်မှ ပေါက်ကွဲသည့်အဆင့် ကိုရောက်သွားတော့သည်။

“၁၅၀၀ နဲ့ လူတိုင်း ဟန်းဖုန်းကိုင်နိုင်တဲ့ ခေတ်မှာ ငါ့ဟန်းဖုန်းက ၁၅သိန်းပေးရတယ်။အဲဒါနင့်ကြောင့် ရွှေ ၁၅ ကျပ်သား ၀ယ်ထားလိုက်ရင် သိန်းတစ်ရာကျော်ဖြစ်နေပြီ။ အခုတော့ ၁၅ကျပ်နဲ့ ၁၅သိန်း ဂုဏ်ရည် အတူတူ
ဖြစ်သွားပြီ။ အဲဒါနင့်ကြောင့် နင့်ကြောင့်”

မဖြူတုတ်က အရေထူသည် ကျွန်တော် ပြောချင်တာပြော၊ ဂရုမစိုက် ကျွန်တော့်ကို ထိန်းချုပ်သည့် ကိရိယာ တပ်ဆင်ပေးထားရသည့်အတွက် ကျေနပ်နေသည်။ ကျွန်တော် ဟန်းဖုန်းကိုစိတ်နာနေလို့ တစ်ခါတစ်လေ ကိုင်ဖို့
မေ့နေသည် မြို့ထဲသွားတာ ယူသွားဖို့မေ့သည်။ စာရေးစာပွဲပေါ်မှာ ကျန်နေခဲ့သည်။ ကျွန်တော့်ဟန်ဖုန်းကို ဘယ်တော့မှမပိတ် နေ့ရောညပါ အမြဲဖွင့်ထားသည်။ စာရေးစာပွဲပေါ်မှာ စက်ဖွင့်လျှက် ပဲမေ့ကျန်နေခဲ့တာဖြစ်သည်။ မဖြူတုတ်၏ အမိန့်သံ “ရှင်ဘယ်ရောက်နေလဲ၊ အခုချက်ချင်းပြန်လာခဲ့” ဆိုသည့် လေသံမာမာကို မကြားရသည့် အတွက် စိတ်ချမ်းသာသည်။ ညနေမိုးချုပ်တော့မှာ အိမ်ကိုပြန်ဝင်ခဲ့သည်။ အိမ်ပြန်ရောက်လာတော့မှ လေသံ မာမာကို ကြားရတော့သည်။

အခု ဘယ်ကပြန်လာလဲ။ ပဂိုးကလား၊ တွံတေးကလား၊ ကျောက်တန်းရေလယ်ဘုရား ကလား၊ရှင့်အနားမှာထိုင်၊ ရှင့်တယ်လီဖုန်းကိုကိုင်ပြီး ကျူပ်ခေါ်လိုက်တိုင်း ပြန်ဖြေနေတဲ့ အကောင့်မက ဘယ်ကအကောင်မလဲ၊ ကျုပ်ကို အားမနာ “လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ ဆက်သွယ်မှု ဧရိယာပြင်ပသို့ ရောက်ရှိ နေပါသဖြင့်
ခေါ်ဆို၍ မရနိုင်ပါရှင်လို့ ပြောလိုက်၊ မအားသေးပါရှင်လို့ ပြောလိုက်၊ တပ်ဆင်ထားခြင်း မရှိသေးပါရှင်လို့ လိမ်လိုက်၊ ဌာနမှ ခေတ္တပိတ်ထားပါသည်ရှင် ဆိုတာတောင်ပါသေးတယ်။ အဲဒီကောင်မက ဘယ်သူလဲ၊ ဘယ်ကို အတူ သွားခဲ့ကြတာလဲ”

နင်ဘာတွေလျှောက်ပြောနေတာလဲ၊ ငါ့မှာ တယ်လီဖုန်းပါမသွားဘူး၊။ ဟော့ ဟိုမှာတွေ့လား၊ စာရေးစားပွဲပေါ်မှာ
မေ့ကျန်နေခဲ့တယ်”

“အေးဟယ်၊ ဟုတ်သားပဲ၊ ဒီတယ်လီဖုန်းကလည်း အိမ်ကနေပြီး အမျိုးမျိုး ပြန်ဖြေနေတာပဲ”

မဖြူတုတ်သည် မချိုမချဉ်မျက်နှာဖြင့် ကျေနပ်သွားသည်။ ကျွန်တော် မြို့ထဲသွားစဉ်က တယ်လီဖုန်းယူ သွားမိရင် လင်မယားကွဲနိုင်သည်။ တော်ပါသေးရဲ့ဟု တွေးမိသည်။ ။