စစ်နှင့် ငြိမ်းချမ်းရေး ကချင်၏ အခန်းကဏ္ဍ

ပရင့်ထုတ်ရန်

ကချင်ခေါင်းဆောင်များ မြစ်ကြီးနားမြို့တွင် တွေ့ဆုံကြသည့်အခါ၊ ဗဟိုအစိုးရက ဆက်လက်ဆောင်ရွက်နေ သည့် ပြုပြင်ပြောင်း လဲရေးလုပ်ငန်းများ၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် ငြိမ်းချမ်းရေး ဖြစ်ပေါ်တိုးတက်နိုင်မည် ဟု လူအများက မျှော်လင့်ချက် မြင့်မားနေကြပါသည်။ သို့သော် ဤကိစ္စအပေါ် ဝေဖန် ပြောဆိုနေကြသူ အများအပြားလည်း ရှိနေသေးသည်။

KIO-and-Govt-Peace-3-sယခုအပတ်တွင်ကျင်းပမည့် ဆွေးနွေးပွဲများမှ နိုင်ငံ၏အရှည်ကြာဆုံးနှင့် အခက်ခဲဆုံးပဋိပက္ခများ ပြေလည်နိုင်
မည်ဟု မျှော်မှန်း နေကြသည်မှာ ရူးသွပ်မိုက်မဲရာ ကျနေပါသလားဟုလည်း မေးခွန်းထုတ်စရာ ရှိနေပြန်သည်။

သို့သော်လည်း ဤမေးခွန်း၏ အဖြေက ''ငြိမ်းချမ်းရေး'' ကို မည်သို့ အဓိပ္ပါယ် ဖွင့်ဆိုသနည်းဟူသည့်အပေါ် မူတည်နေသည်။ ငြိမ်းချမ်းရေးဟူသည်မှာ တပ်ဖွဲ့နှစ်ခုအကြား ရန် လိုတိုက်ခိုက်မှုများ မရှိတော့သည့် အခြေအနေဟု ခပ်လွယ်လွယ်ဆိုပါက၊ သတိထား၍ စိတ်ကူးမျှော်လင့်ထားဖွယ် ရှိပါသည်။ သို့သော်လည်း ငြိမ်းချမ်းရေးကိုပို၍ ကျယ်ပြန့်နက်နဲသည့်၊ ပြည်သူတစ်ရပ်လုံး၏ အခြေခံ လူ့အခွင့်အရေးများ၊ လုံခြုံမှုများဖက်မှ ခြုံငုံစဉ်းစား မည်ဆိုလျှင်တော့ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ထားချက်များအပေါ် စိတ်ပျက်အားလျှော့ကြ ရပေလိမ့်မည်။

မြန်မာအစိုးရ၊ သို့မဟုတ် တရုတ်နိုင်ငံဖက်မှ သတင်းများအပေါ် ယုံကြည့်ရလောက်သည်ဆိုလျှင်တော့၊ ကုလသမဂ္ဂမှလွဲ၍ နိုင်ငံတကာ အဖွဲ့အစည်းများမှ လေ့လာသူများကို ဖိတ်ကြားလိမ့်မည် မဟုတ်ပေ။ သို့ ဆိုလျှင် အမရိကန်ပြည်ထောင်စုနှင့် ယူနိုက်တက်ကင်းဒမ်းမှ ကိုယ်စားလှယ်များကိုတက်ရောက် လေ့လာခွင့်
ပေးရန် ကချင်၏ တောင်းဆိုချက်ကို ငြင်းပယ်လိုက်ခြင်းပင် ဖြစ်သည်။

ဤသည်မှာလည်း တစ်စုံတရာ လက်ခံနိုင်ဖွယ်ရှိသည့်ြ>ွခင်းချန်ထားမှုပင် ဖြစ်ပါသည်။ ၂ဝ၁ဝ ခုနှစ်
ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာချိန်မှစ၍ ပြောရမည်ဆိုလျှင် အစိုးရကအနည်းဆုံး နိုင်ငံ၏ အဓိက ဒီမိုကရေစီ အတိုက်အခံအင်အားစုများနှင့် တိုင်းရင်းသားလူမျိုးစုများ၏ တောင်းဆိုချက်များအကြား
အောင်မြင်စွာ သီးသန့် ခွဲခြားထားနိုင်ခဲ့ပါသည်။

သို့ဖြစ်ရာ တစ်ချိန်က အစိုးရ၊ ဒီမိုကရေစီအတိုက်အခံနှင့် တိုင်းရင်းသားအင်အားစုများအကြား သုံးပွင့်ဆိုင်ဆွေးနွေးပွဲ တောင်းဆိုခဲ့ကြသော်လည်း၊ ယခုအချိန်တွင်တော့ အစိုးရနှင့် တိုင်းရင်းသားအုပ်စု တစ်ခုချင်းအကြား နှစ်ပွင့်ဆိုင် ပြောဆို သဘော တူ ညီနေကြသည်များကိုသာ မြင်တွေ့နေကြရသည်။

ဤဖြစ်ရပ်ဝန်းကျင်နှင့်အတူ ကမ္ဘာ တစ်ဝှမ်းက နေပြည်တော်ရှိ မြန်မာအစိုးရကို တိုး၍ လက်ခံအသိအမှတ်
ပြုလာခြင်းနှင့် ပေါင်းစပ်လိုက်ပါက၊ အစိုးရဖက်မှ ဆွေးနွေးမည့်သူများပို၍ အသာစီးရ အားကောင်းလာဖွယ် ရှိသည်။ ကချင်အပါအဝင် တိုင်းရင်းသား လူမျိုးစုခေါင်းဆောင်များအဖို့ အရေးကြီးသည့် နိုင်ငံတကာ စာနာထောက်ခံမှုရရှိဖို့ ပိုမိုခက်ခဲလာပေလိမ့်မည်။ အချိန်ရလာသည်နှင့် အမျှ၊ ဤသို့ တိုးတက်ဖြစ်ပေါ်မှု များအတိုင်းဆက်၍သွားနေပါက၊ ဗဟိုအစိုးရဖက်မှ အမြဲတမ်းချိန်ခွင်လျှာ အသာစီးရနေလိမ့်မည် ဖြစ်ပေသည်။

ဆွေးနွေးကြမည့် အကြောင်းအရာများနှင့် ဆက်လက်လုပ်ဆောင်နိုင်ဖွယ် ကိစ္စများက ဘက်စုံ သဘောတူညီ ချက်များ လက်မှတ်ရေးထိုးနိုင်ရန် ဆိုင်းငံ့ထားကြဦးမည်ဟု ယူဆရသည်။ တပ်များနေရာချထားမှု၊ နိုင်ငံရေး
ဆွေးနွေးပွဲများ ဖြစ်ပေါ်ရန်စသည့် ကိစ္စများကနိုင်ငံတွင်း ဆက်လက်ဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲရေး ကိစ္စများနှင့် ဆက်စပ်နေပါသည်။

ယခင် ချင်းအမျိုးသားတပ်ဦး (CNF) နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များတွင်လည်း ဤအချက်များ ပါဝင်နေခဲ့ပါသည်။ သို့သော်လည်း ဤသို့အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မျိုးက
ရေတိုကာလတွင် စစ်မက်ဖြစ်ပွားနေမှုများကို ရပ်ဆိုင်းစေမည် ဖြစ်ပြီး၊ မြန်မာနိုင်ငံ၏ ပြဿနာများ
ပြေလည်ကျေအေးသွားစေဖို့ ကိစ္စတွင်မူ အသေးအမွှားမဟုတ်။ ကြီးကျယ်သည့် အောင်မြင်မှု ဖြစ်သည်။

ပို၍ခက်ခဲကြီးလေးသည့် ပြဿနာများကိုနောင်တွင် ဆွေးနွေးရန် ဆိုင်ငံ့ထားနိုင်ပါသည်။ ဤပြဿနာများ
နောက်ဆုံးမည်သို့ပြေလည် ကျေအေးနိုင်မည်ဆိုသည်မှာတော့ အာမခံချက်မရှိသေးပါ။

မည်သို့ပင် ဆိုစေကာမူ၊ ကချင်ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မြန်မာနိုင်ငံအတွင်း၌ ပထမဦးဆုံးအကြိမ် ကျင်းပနိုင်သည်ကတော့ ကြိုဆိုဖွယ်အောင်မြင်မှုပင် ဖြစ်ပါသည်။

သမိုင်းအရပြောရမည်ဆိုလျှင်၊ အားပြိုင်နေကြသည့် ခေါင်းဆောင်မှုများအကြား ယုံကြည်မှု တိုးတက်ရရှိ လာရန် ဆိုသည်မှာ၊ လုံးဝလိုအပ်ပြီးသို့မှသာ တစ်နေ့တွင် ရေရှည်ငြိမ်းချမ်းရေးကို အကောင်အထည်
ဖော်နိုင်ကြမည် ဖြစ်ပါသည်။

သို့သော်လည်း ဤသို့ အခြေခံကျသည့် အစပျိုးမှုများမှစ၍ စတင်ဆောင်ရွက်ကြရပါလိမ့်မည်။ အနာဂတ်
ဆွေးနွေးပွဲများတွင် နိုင်ငံတကာမှ ပို၍စုံလင်သည့် အင်အားစုများ တက်ရောက်ပါဝင်နိုင်ကြဖွယ် ရှိပါသည်။ သို့ သော်လည်း တိုက်ခိုက်နေကြသည့် စစ်တပ်နှစ်ခုအကြား၊ လူထုများအပါအဝင် ငြိမ်းချမ်းရေး တည်ဆောက်
နိုင်ရန် ဆိုသည်မှာ မြန်မာပြည်သူများ ကသာစတင်ပြီး၊ မြန်မာပြည်သူများကပဲ နိဂုံးချုပ်ကြရမည် ဖြစ်ပါသည်။

Joseph Ball ရေးသားသည့် War and Peace: T he Kachin chapter ကို ဆီလျော်အောင် ပြန်ဆို
ဖော်ပြပါသည်။