www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
အင်္ဂါ, ၁၅ အောက်တိုဘာ ၂၀၁၉

Mizzima Burmese

Home > အာဘော်နှင့်အမြင် > ညွှန်းဆိုရာ > ဖြတ်သန်းနေသော ပုံရိပ်များ

ဖြတ်သန်းနေသော ပုံရိပ်များ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

(၁)

ကျမသမီးထွေးကို နေ့တိုင်း ကျောင်းလိုက်ပို့ပါတယ်။ အင်ဂျင်ကျနေတဲ့ ကားကို ဂရုတစိုက် ချော့မောင်းရင်း ကိုယ့်ကားကို ကျော်တက်သွားတဲ့ နံပါတ်မြင့်တဲ့ ကားတွေကို မောင်းချင်နေမိတယ်။ ကျမမှာ ပါဂျဲရိုးကားသာရှိရင် မြောက်ပိုင်း ချင်းတောင်ကို တခေါက်လောက် ပြန်သွားချင်တဲ့စိတ်ဟာ ကျမရဲ့အပြင်းပြဆုံး ဆန္ဒပါပဲ။

ကားအကောင်းစားတွေကို ကြည့်ပြီး စိတ်ကူးယဉ်နေမိတယ်။ ကားမောင်းတဲ့သူက မျက်မှန်အမည်းတပ်ပြီး ဘောင်းဘီဝတ်ထားတဲ့ အမျိုးသမီးတွေ ဆိုရင်တော့ မိစ္ဆေရစိတ်တွေ ပွားမိတော့တာပါပဲ။ ဘာလို့ သူကငါ့ထက် သာနေတာလဲ၊ ငါလဲတသက်လုံး အလုပ်,လုပ်လာတာပဲ၊ ဘာလို့သူ့လို ကားအကောင်းစား အသစ်ကြီး မမောင်းနိုင်ရတာလဲနဲ့ ရှေးကုသိုလ်ကောင်းတဲ့သူတွေကို အားကျမိရင်း ၇၈ လမ်းအတိုင်း မောင်းလာလိုက်တာ မျက်ပါးရပ်ကို ရောက်တာနဲ့ စက်ဘီးအုပ်ကြီးကို ရင်ဆိုင်တိုးမိတော့တာပါပဲ။ မနက် ၇ နာရီကစ ပြီး ၉ နာရီ လောက်အထိတွေ့နိုင်ပါတယ်။ မန္တလေး ဆင်ခြေဖုံးတွေဖြစ်တဲ့ အောင်ပင်လယ်၊ မြနန္ဒာ၊ ပဲဖြူကုန်း၊ အင်းခရု၊ ထွန်တုံး၊ ငွေတော်ကြည်ကုန်း စတဲ့ ရပ်ကွက်တွေက မြို့ထဲကိုလာပြီး အလုပ်,လုပ်ကြတဲ့ အလုပ်သမားတွေ စက်ဘီးတွေနဲ့ မြို့ထဲဝင်လာကြတာပါ။ ပန်းရံ၊ လက်သမား၊ သံချီသံကွေး၊ ပွဲရုံတွေမှာ၊ ဈေးချိုထဲက ဆိုင်တွေမှာ လုပ်တဲ့သူတွေ ထမင်းချိုင့်တွေနဲ့ လာနေကြတယ်။ ညနေစောင်းရင်လည်း အိမ်ပြန်တဲ့ စက်ဘီးအုပ်ကြီးကို တွေ့ရပါတယ်။ မနက်အစောကြီး စက်ဘီးနင်းလာလိုက်ကြတာ နေ့စဉ်အသွားအပြန် နင်းရတာမို့ သူတို့ရဲ့ ပေါင်တွေ ပွန်းကုန်ကြသတဲ့။ ကားအသစ်ကြီး မောင်းချင်တဲ့ ကျမ သူတို့ကိုမြင်တော့ တွန့်သွားမိတယ်။ မနက်ထွက်တဲ့ နေမင်းကြီးကို ထမ်းပိုးရင်းလာကြတဲ့ အလုပ်သမားတွေ ညနေ,နေဝင်တော့ နေလုံးကြီးကို ကျောပိုးရင်း ပြန်ကြရသူတွေပေါ့။

တနေ့က ရန်ကုန်ကကားနဲ့ ညကြီးပြန်လာတော့ တောင်ငူ
သူအိမ်ပြန်တော့ ကျမဆင်ထားတဲ့ နားကပ် လေး ချွတ်ယူမိတယ်။ကလေးမလေးမျက်ရည် ကျရှာတယ်။ ကျမမှားသွားတယ် ထင်ပါတယ်။ ဒီနားကပ်ကလေး သူ့ဆီမှာ ရှိနေရင်လည်း အဖေ့အရက်ဖိုး၊ အိမ်စရိတ်အတွက် သူ့အမေ က ရောင်းစားမှာပါ။
ကျွန်းကုန်းမှာ အဝေးပြေးကားကြီးတွေ တထောက် နားပါတယ်။ စားသောက်ဆိုင်ကြီးက မီးတွေ ထိန်လင်းနေပြီး အဆောက်အဦးက အသစ်ဆောက်ထားတာမို့ တော်တော် ကောင်းတယ်။ ကားရပ်လိုက်တာနဲ့ အသံလေးတွေ ညံလာပြီး ဆိုင်ထဲမှာရနိုင်တဲ့ အစားအသောက်တွေကို ကြေညာနေကြပါတယ်။ ကော်ဖီ၊ နွားနို့၊ လက်ဖက်ရည် ဂွတ်ရှယ် စတဲ့ အသံလေးတွေ ကြားရပါတယ်။ အသက် နှစ်ဆယ်လောက်ရှိတဲ့ ကျောင်းမှာပညာသင်ရမယ့် အရွယ်တွေပဲ။ ကျမ စိတ်ဝင်စားလို့ ခေါ်မေးတော့ မူလတန်း အောင်ပြီးပြီ၊ မိတ္ထီလာနားက၊ ဒီနှစ် မိုးခေါင်တော့ သူတို့ ယာတွေ ဆုံးသတဲ့။ ဒါ့ကြောင့် အလုပ်သမား လိုလို့ လိုက်ရှာတော့ အိမ်က ထွက်လာတယ်လို့ပြောပါတယ်။ ညနေ ၅ နာရီကစပြီး မနက် ၃ နာရီလောက်ထိ လုပ်ရတယ်။ နေ့တော့ နားရပါတယ်။ အစားအသောက်နဲ့ နေဖို့ထိုင်ဖို့ကို ဆိုင်ကပေးပြီး အသားတင် တလ၊ တသောင်းလောက် ရတယ်။ ဒီနှစ်အိမ်ကို ခြောက်သောင်းလောက် ပို့နိုင်တယ်တဲ့။

ကျမ ညီမအိမ်မှာ အလုပ်,လုပ်တဲ့ ကလေးက မြစ်ဝကျွန်းပေါ်ကလာတာ ၇ နှစ်လောက် ရှိပြီ။ သူ့အသက် ဘယ်လောက်လဲ မေးတော့ မသိဘူးတဲ့။ လခ ဘယ်လောက်ရသလဲ ဆိုတော့ အရင်က အမေလာယူတယ်တဲ့။ အခု အမေသေသွားပြီ၊ ဘယ်လောက်ရမှန်းလဲ မသိဘူးတဲ့။ သူနေတဲ့အိမ်က ကျမ ယောက္ခမက သူတို့ လက်ကတုံးတောင်ဝှေးမို့ ချစ်ကြဂရုစိုက်ကြတယ်။ အဖိုးကြီးက မျက်စိမမြင်လို့ ဒီကလေးနဲ့ တွဲသွားရတယ်။ တလောက ကောင်လေး သွေးလွန်တုပ်ကွေးဖြစ်ပြီး ဆေးရုံတင်ရတော့ သိန်းချီ အကုန်ခံကြတယ်။ ဒီကလေးက စာမဖတ်တတ်ဘူး။

ကျမအိမ်မှာ လာအလုပ်,လုပ်တဲ့ ကလေးက ၁၅ နှစ် ၁၆ နှစ်လောက် ရှိပါပြီ။ အဖေက အရက်သမား၊ အလုပ် မလုပ်နိုင်တော့ဘူး။ အမေက ပန်းရံလုပ်တယ်။ ငွေလိုလို့ သမီးလေးကို လာထားတာပါ။ ကလေးမလေး ရောက်စက ညကျရင် ထ,ထထိုင်တယ်။ အိမ်မှာ အဆင်ပြေရဲ့လားလို့ စဉ်းစားမိလို့တဲ့။ သူ့အမေ ခဏခဏ လစာကြိုထုတ်ပြီး တနှစ်လောက်ကြာတော့ သူတို့ဘာမှလဲ မရဘူး။ ရက္ကန်းသင်ခိုင်းမယ်၊ ခတ်တတ်ရင် တနေ့ တထောင်လောက် ဝင်နိုင်မယ်ဆိုပြီး ပြန်ခေါ်သွားကြတယ်တဲ့။ သူအိမ်ပြန်တော့ ကျမဆင်ထားတဲ့ နားကပ်လေး ချွတ်ယူမိတယ်။ ကလေးမလေး မျက်ရည် ကျရှာတယ်။ ကျမ မှားသွားတယ် ထင်ပါတယ်။ ဒီနားကပ်ကလေး သူ့ဆီမှာ ရှိနေရင်လည်း အဖေ့အရက်ဖိုး၊ အိမ်စရိတ်အတွက် သူ့အမေက ရောင်းစားမှာပါ။

တနှစ်လောက်ကြာတော့ ကျမဆီကို ပြန်လာချင်တယ်တဲ့၊ သူမျက်စိမကောင်းလို့ ရက္ကန်း မရက်ချင်ဘူးလို့ အကြောင်းကြားတယ်။ သွားခေါ်တော့ ရက္ကန်းသည်ဆီမှာ သူ့အမေက ငွေတသိန်း ယူထားတယ်။ အဲဒါကို ကျမ ပြန်ဆပ်ပြီးမှ ခေါ်ရမှာမို့ လက်လျှော့ခဲ့ရတယ်။ မိသားစု စားဝတ်နေရေး ပြေလည်ဖို့ လူငယ်တွေ ပါဝင်လျှောက်လှမ်းနေရတဲ့ အဖြစ်တွေပါ။

ဒီခေတ် လူငယ်တွေ ကျောင်းပြီးတာနဲ့ အလုပ်တွေ ဝင်လုပ်ကြတယ်။ တစ်ဖက်ကလည်း အလုပ်,လုပ်ရင်း တိုးတက်ဖို့အတွက် ကွန်ပျူတာ သင်တန်းတွေ၊ IDCS, IADCS, LCCI – Level I, II, III, Diploma in Business စတာတွေ ရုံးပိတ်ရက်မှာ တက်နေကြတာတွေ့ရပါတယ်။ စကတ်အကွဲလေးတွေ ဝတ်ပြီး ဘဏ်တွေမှာ လုပ်နေရတဲ့ မိန်းကလေးတွေဟာ ရုပ်ရည် ချောမောပြီး ဆက်ဆံရေး အလွန်ကောင်းပါတယ်။ ဆေးကုမ္ပဏီမှာ လုပ်နေကြတဲ့ ဝန်ထမ်းတွေဟာ နံနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ တာဝန်ချိန် သတ်မှတ်ထားပေမယ့် သူတို့ရဲ့ ဆေးပစ္စည်းတွေ ရောင်းအားကောင်းဖို့ ကျမလုပ်တဲ့ ဆေးခန်းတွေကို ညတိုင်းလည်းလာပြီး ကြော်ငြာရောင်းကြရှာတယ်။ လစာလည်း ကောင်းတာမို့ ကုမ္ပဏီတွေက တန်အောင် ခိုင်းပါတယ်။ မိမိတို့ဘဝ ရပ်တည်ရေးနဲ့ မိသားစု ဝင်ငွေဖူလုံဖို့အတွက် ဒီခေတ် မိသားစု တစုလုံး အလုပ်,လုပ် နေကြတာပါ။

ခုခေတ်မှာ ပညာရေးဟာ လူငယ်တွေအတွက် ဘယ်လောက် အရေးပါတယ်၊ အခြေခံ ကောင်းဖို့ လိုတယ်ဆိုတာ လူတွေ လက်ခံလာကြပြီး မိဘတွေ သားသမီး ပညာရေးအတွက် ကြိုးပမ်းလာကြတော့ ကျောင်းမနေရသေးတဲ့ မူကြိုအရွယ်ကလေးတွေကစပြီး Pre-school သင်တန်းတွေကိုပို့ပြီး တက်ခိုင်းကြတာပါပဲ။ ဒီသင်တန်းတွေက ရင်သွေးငယ်တွေ ကျောင်းနေဖို့အတွက် ပြင်ဆင်ပေးတဲ့ သင်တန်းတွေအပြင် စာတွေချည်း သင်ကြားနေဖို့ မဟုတ်ပဲ သူတို့မှာပါတဲ့ ဗီဇစွမ်းရည်တွေ စောစီးစွာသိစေဖို့  ပန်းချီဆွဲအရောင်ခြယ်ရတဲ့သင်တန်း၊ အတီးအမှုတ်၊ ကွန်ပျူတာကိုင်တွယ်နိုင်ဖို့ လေ့ကျင့်ပေးတဲ့ သင်တန်းတွေ၊ အားကစားအတွက် အချိန်များပါ ထည့်သွင်းပြီး ဘက်စုံလေ့ကျင့်ပေးပါတယ်။ သင်တန်းတွေ တက်နေတဲ့ ကလေးငယ်တွေ အင်္ဂလိပ်အသံထွက် ကောင်းကြပြီး ပြောရဲဆိုရဲနဲ့ လေ့ကျင့် ပြောဆိုနေကြတာလဲ တွေ့ရပါတယ်။

မိမိတို့ ရင်သွေးငယ်များ ကျောင်းမနေသေးတဲ့အရွယ်ကစပြီး ဉာဏ်ရည်စွမ်းဆောင်မှု တိုးတက်အောင် အဘက်ဘက်က ဆောင်ရွက်ကြပြီး ကျောင်းတွေထားဖို့ အရွယ်ရောက်တော့ ပြည်တွင်းမှာတင်မကဘဲ စင်္ကာပူ၊ ဘန်ကောက်ထိ ထားဖို့ ကြိုးပမ်းနေချိန်၊ TOEFL, GCE “A” “O” တွေ၊ စင်္ကာပူက Polytech ကျောင်းတွေ ခေတ်စားနေတဲ့ အချိန်မှာ စာဆက်မသင်နိုင်ဘဲ မိသားစုဘဝ ရပ်တည်ရေးအတွက် ကြိုးပမ်းနေရတဲ့ လူငယ်လေးတွေရဲ့ မျက်နှာလေးတွေ အစီအရီ ပေါ်လာပြီး အရွယ်စကောစကတွေမို့ ဒီအချိန်မှာ မိဘရဲ့ အထိန်းအကျောင်း၊ လမ်းညွှန်သင်ကြားပေးမှု များစွာလိုအပ်တာမို့ သူတို့အတွက် ပူပန်နေမိတယ်။ အသက်အရွယ် ရလာတာနဲ့အမျှ အတွေ့အကြုံတွေ၊ သင်ခန်းစာတွေ များလာကြမှာပါပဲ။ သူတို့ဘဝကို ဖြောင့်ဖြောင့် လျှောက်လှမ်းနိုင်ပါစေလို့ ဆန္ဒ ပြုမိပါတယ်။

(၂)

ကျမ နေ့တိုင်း အိမ်ရဲ့ ပတ်ဝန်းကျင်ကို သန့်ရှင်းရေးလုပ်ပါတယ်။ တံမြက်လှည်း၊ ရေဖျန်း၊ ခြံစည်းရိုးပင်တွေ ညီနေအောင်ဖြတ်၊ စတာတွေကို အိပ်ရာနိုးတာနဲ့ လုပ်ပါတယ်။ မိုးလင်းတာနဲ့ ကျမအိမ်နံဘေးကို မိသားစု တစုရောက်လာပြီး စတည်းချပါတယ်။ အဖေက ထောင်ထောင်မောင်းမောင်း၊ သန်သန်မာမာ၊ နားကပ်တဖက် ပန်ထားသူ အမေက ပိန်လှီနေပြီး ကလေးနို့စို့လေးတယောက် အားလုံး ဘုစုခရု လေးယောက် ကျမ အိမ်နံဘေးက သစ်ပင်ကြီးအောက်မှာ အခင်း,ခင်းပြီးနေကြတယ်။ အဖေကရောက်တာနဲ့ အိတ်ြကီးတလုံးပိုးပြီး အလုပ်,လုပ်ဖို့ သွားပါတယ်။ ကလေးတွေက အမေနဲ့အိပ်ကြ ဆော့ကြနဲ့ ကစားနေကြပြီး နေ့လယ်ကျရင် အဖေက အထုပ်မျိုးစုံ သယ်လာပြီး ထမင်းကျွေးပါတယ်။ ညနေကျတော့ သူတို့ ပြန်သွားကြပါတယ်။

နံနက်စောစော အချိန်မှန်မှန် ရောက်လာကြပြီး
သူတို့မှာ နေစရာအိမ်မရှိပေမယ့် မိဘက ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာဆက်ဆံတယ်။ အဖေလုပ်သူက သူလုပ်တတ်တဲ့ အလုပ်နဲ့ လုပ်ကျွေးတယ်။ ပိန်လှီနေတဲ့ မိန်းမနဲ့ကလေး  ဘုစုခရုတွေကို သစ္စာရှိရှိ ရှာကျွေးနေတယ်။
မိသားစုလေးယောက်အထိ ပွားစီးလာတဲ့ အဖေဟာ အမှိုက်ပုံတွေမှာ စက္ကူတွေ၊ ပလပ်စတစ် အိတ်ခွံတွေ ကောက်ပြီး သူတတ်တဲ့အလုပ်နဲ့ ရိုးရိုးသားသား လုပ်ကျွေးနေတာ တွေ့ရပါတယ်။ ကလေးများ အဖေရှာလာတဲ့ ကစားစရာတွေနဲ့ ပျော်ရွှင်စွာ ကစားနေကြပြီး ရန်ဖြစ်တာ၊ဆဲရေးတာ မတွေ့ရဘူး။ တခါတလေ အဖေကစပြီး အငယ်ဆုံးလေးပါ ဆံပင်တွေ ပြောင်းဖူးမွေး အရောင် ဆိုးထားကြပါတယ်။ တနေ့ ကျမတို့ဇနီးမောင်နှံနှစ်ယောက် လမ်းကြားထဲဖြတ်လာတော့ ကလေးသုံးယောက် အစီအရီ အခင်းကြီး စွန့်နေတာ မြင်ရပါတယ်။ ကျမ အိမ်နံဘေးမှာ အခင်းကြီးအခင်းငယ် စွန့်တာ သိပ်စက်ဆုပ်တာပါ။ ဒါကြောင့် ဒီမိသားစုကို ပြောဆိုတော့ အဖေကဘာမှပြန်မပြောပေမယ့် အမေနဲ့ကလေးတွေက ကက်ကက်လန်အောင် ပြန်ပြောကြတယ်။

ကျမလည်း အိမ်ပတ်ဝန်းကျင်မှာ နေရင် ဒီစည်းကမ်းကို လိုက်နာရမှာ ဖြစ်ကြောင်းအသိပေး ကြေညာပါတယ်။ သူတို့နဲ့ ပြောဆိုပြီး ကျမခင်ပွန်းက သူတို့မှာလည်း မာနနဲ့ပဲလို့ မှတ်ချက်ချပါတယ်။ သူတို့ဘဝ ဘယ်လိုပဲ နေနေ ဒီလိုမာန ရှိတာကိုကြိုက်တယ်။မာနကြီးလည်း ကြီးစရာပါပဲ၊ သူတို့မှာ နေစရာအိမ်မရှိပေမယ့် မိဘက ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာဆက်ဆံတယ်။ အဖေလုပ်သူက သူလုပ်တတ်တဲ့ အလုပ်နဲ့ လုပ်ကျွေးတယ်။ ပိန်လှီနေတဲ့ မိန်းမနဲ့ကလေး  ဘုစုခရုတွေကို သစ္စာရှိရှိ ရှာကျွေးနေတယ်။ ကျမ အမြင်မှာတော့ အေးချမ်းတဲ့ မိသားစုလေးပါပဲ။ သူတို့ကို လေ့လာနေတဲ့ ကျမဟာ သားဆက်ခြားဖို့ သင်ပေးချင်နေမိတယ်။ သူတို့သားအမိ စားဖို့အတွက် နေ့စဉ်ပိုလျှံအောင် ချက်ပြုတ်ပြီး နံနက်စာနဲ့ နေ့လယ်စာအတွက် သူတို့မြင်နိုင်မယ့် နေရာမှာ တင်ထားပါတယ်။ မှန်မှန်လာယူပြီး စားသောက်နေတာလည်း တွေ့ရပါတယ်။ ကလေးတွေ ဉာဏ်ရည် ဖွံ့ဖြိုးဖို့အတွက် ကျမတို့ ဇနီးမောင်နှံ ကြက်ဥ မစားတော့ဘဲ သူတို့ကို ကျွေးဖို့ ဆုံးဖြတ်မိကြတယ်။

(၃)
ယနေ့ ကမ္ဘာမှာ ဘီလ်ဂိတ်တို့ ဇနီးမောင်နှံ သူတို့ မမြင်ဘူးတဲ့ ထိတွေ့နီးစပ်မှု လုံးဝ မရှိတဲ့ ဆင်းရဲသူတွေအပေါ် ရက်ရောမှုကြောင့် TIME မဂ္ဂဇင်းကြီးက ၂ဝဝ၅ ခုနှစ်ရဲ့ ပုဂ္ဂိုလ်ထူးတွေအဖြစ် ရွေးချယ်ကြပါတယ်။ ဒီနေ့ ကမ္ဘာ့လူသားတွေရဲ့ ကျန်းမာရေး ပြဿနာဟာ လွန်ကဲရှုပ်ထွေးလာပြီမို့ အခြေအနေတွေ ကောင်းလာအောင် လက်ပိုက်ကြည့်နေပြီး အစည်းအဝေးတွေ လုပ်နေရုံနဲ့ မပြီးတော့ဘူးလို့ မှတ်ချက်တွေချပြီး ဒေါ်လာငွေ ၂၉ ဘီလျံထည့်ဝင်ကာ GATES Foundation ထူထောင်ပါတယ်။ ဒီအဖွဲ့ကြီးဟာ ကျန်းမာရေး စောင့်ရှောက်မှုတွေကို ဆင်းရဲတဲ့နိုင်ငံတွေအတွက် ဝန်ဆောင်မှုတွေ ပေးနေပါတယ်။ ကမ္ဘာ့ဆင်းရဲမှုဒဏ်ကို ခံစားနေရတဲ့ ဆင်းရဲသားတွေအတွက် တိုက်ပွဲဝင်နေကြတဲ့ သူရဲကောင်းတွေပါ။

Gate Foundation ဟာ ဆေးသုတေသန အဖွဲ့တွေမှာ
ဆင်းရဲမွဲတေသူတွေရဲ့အပေါ် မြင်တဲ့အမြင် ဟာ ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့ပါတယ်။ သူတို့ အသက်တွေ ဘဝတွေဟာလည်း ချမ်းသာတဲ့ သူတွေနည်းတူ အဖိုးတန်တယ်၊ တန်ဖိုးရှိတယ်လို့ မြင်လာစေခဲ့ပါတယ်။
ငွေတွေ လှူဒါန်းပြီး ရေခဲသေတ္တာမလိုဘဲ ထိုးဆေးတွေကို သုံးနိုင်တဲ့ နည်းစနစ်တွေကို စူးစမ်းရှာဖွေနေကြပါတယ်။ ကလေးသူငယ်များ သူငယ်နာရောဂါ အပေါင်းက ကာကွယ်နိုင်ဖို့ ကာကွယ်ဆေးများအတွက် UNICEF အဖွဲ့ကြီးကို အများဆုံး လှူဒါန်းနေတာလည်း Gate Foundation ပါပဲ။ ဘိုနို ဦးဆောင်တဲ့ အဖွဲ့အစည်းကိုတော့ DATA လို့ အတိုကောက်ခေါ်ပြီး Debt AIDS Trade Africa ကို ရည်ညွှန်းပါတယ်။ သူ့စွမ်းဆောင်မှုကြောင့် ၂ဝဝ၅ မှာ ဗြိတိန်နိုင်ငံက ဦးဆောင်ပြီး အာဖရိကတိုက်ရဲ့ ဆင်းရဲမွဲတေမှုကို ကယ်တင်ဖို့အတွက် Make Poverty History ဆိုပြီး ကမ္ဘာကြီးကို မီးမောင်းထိုးပြလိုက်ပါတယ်။ ဘိုနိုဦးဆောင်တဲ့ အဆိုတော်တွေဟာ ကမ္ဘာ့ပွဲကြီးတွေ တပြိုင်နက် ကျင်းပခဲ့ကြတယ်။ Perthshire, Scotland မှာ ကျင်းပခဲ့တဲ့ G8 စက်မှု ထိပ်သီး ရှစ်နိုင်ငံ အဖွဲ့အစည်းကြီးမှာ  Make Poverty History ဆိုတဲ့ ခေါင်းစဉ်ကို အဓိကထားပြီး ဆွေးနွေးခဲ့ကြတယ်။ ရလဒ်ကတော့ ချေးငွေတွေဟာ အတိုးမဲ့ ဖြစ်သွားပြီး အတိုးပေးရမယ့်ငွေတွေကို ဒီနိုင်ငံတွေက ကျန်းမာရေး ပညာရေးတွေမှာ ပိုပြီး သုံးစွဲနိုင်စေခဲ့ပါတယ်။ အာဖရိကနိုင်ငံများရဲ့ ကူးသန်းရောင်းဝယ်မှုကို တိုးတက်အောင် ဆောင်ရွက်နိုင်ဖို့လည်း နည်းလမ်းတွေ ရှာကြံခဲ့ကြပါတယ်။

ဒီလုပ်ရပ်တွေကြောင့် ဆင်းရဲမွဲတေသူတွေရဲ့အပေါ် မြင်တဲ့အမြင်ဟာ ကမ္ဘာကြီးကို ပြောင်းလဲစေခဲ့ပါတယ်။ သူတို့အသက်တွေ ဘဝတွေဟာလည်း ချမ်းသာတဲ့သူတွေနည်းတူ အဖိုးတန်တယ်၊ တန်ဖိုးရှိတယ်လို့ မြင်လာစေခဲ့ပါတယ်။

ကျမရဲ့ ကားအကောင်းစားကြီး စီးချင်တဲ့ရောဂါဟာ မန္တလေးမြို့ ဆင်ခြေဖုံးကနေ အလုပ်လာလုပ်တဲ့ စက်ဘီးတပ်ဖွဲ့တွေကို တွေ့လိုက်ရကတည်းက ပျောက်ကွယ်သွားပါတယ်။ လမ်းချိုးရမယ် ဆိုရင်တောင် အနှေးယာဉ်တွေကို ဦးစားပေးပြီးမှ ချိုးပါတယ်။ ကျမ ရုန်းကန်နေရတာဟာ သူတို့ထက်စာရင် အများကြီး သက်တောင့်သက်သာ ရှိပါသေးတယ်။  ဘဝတိုးတက်မှုအတွက် ကြိုးပမ်းနေကြတဲ့ ဝန်ထမ်းတွေ၊ စာမသင်နိုင်တဲ့ လူငယ်အလုပ်သမားတွေ ပုံရိပ်ဟာ ကျမနံဘေးမှာ ဖြတ်သန်းနေကြတယ်။ သင်ကြားရေးမှာ တသက်လုံး တာဝန်ယူလာခဲ့တဲ့ ကျမဟာ ပတ်ဝန်းကျင်က စာမသင်နိုင်တဲ့ ကလေးများအတွက် ဘယ်လိုတာဝန်ယူမလဲ ဆိုတာကို တွေးတောကြံဆနေမိပါတယ်။

(စာရေးသူသည် မန္တလေး ဗြဟ္မစိုရ် လူမှုရေးအသင်း နာယကတဦး ဖြစ်သည်- အယ်ဒီတာ)
(ရွက်နုဝေ၊ ဇွန် ၂ဝဝ၆)


 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 21 guests online