www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
အင်္ဂါ, ၁၅ အောက်တိုဘာ ၂၀၁၉

Mizzima Burmese

မန္တလေးသား စကား

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

'မန္တလေးဂိုဏ်း' ဆိုရင် အစွဲအလန်းကြီးတယ်။ ခေတ်နောက်ပြန်ဆွဲတယ်။ အလွယ်ဆုံး စကားပြောရရင်၊ တောကျတယ်၊ နုံတယ်၊ အတယ်၊ အမြင်ကျဉ်းတယ်လို့ အပေါ်ယံမြင်ခဲ့ကြတဲ့အမြင်မျိုး ဒီကနေ့အထိ ရှိနေသေးတာ ဝမ်းနည်းစရာကောင်းတယ်။ မန္တလေးမှာနေထိုင်ပြီး မန္တလေးက အနုပညာပြုလုပ်ဖန်တီးမှု မှန်သမျှ သိမ်းကျုံးပြီး 'မန္တလေးဂိုဏ်း'လို့ သမုတ်လိုက်တာကလည်း အပေါ်ယံဆန်လွန်းတယ်။

'မန္တလေးဂိုဏ်း'ရဲ့ အခြေခံက ကျနော်ပြောခဲ့သလို မန္တလေးမွေး၊ မန္တလေးကြီးပြင်းမှမဟုတ်ဘူး မြင်းခြံသား၊ မုံရွာသား၊ ရန်ကုန်သား၊ ပုသိမ်သား၊ ညောင်လေးပင်သား၊ ငါးသိုင်းချောင်းသား၊ ဟင်္သတသား၊ ရခိုင်ပြည်နယ်သားတွေ အထိပါဝင်ပြီး သဘောတူဝါဒတူတွေ စုစည်းမှုအသီးအပွင့်လို့ ပြောခဲ့ပြီးသားပဲ။ ယုံကြည်ချက်တခုကြောင့် တူရာစုကြတဲ့သဘောပါ။ မန္တလေးလူထုသတင်းစာ၊ လူထုဂျာနယ်၊ မန္တလေးတက္ကသိုလ်၊ အထက်ဗမာ (မြန်မာ) နိုင်ငံစာရေးဆရာအသင်း၊ ဓမ္မဗိမာန်၊ ဘိုးဝရီရခန်းမ စတာတွေဟာ မန္တလေးဂိုဏ်းရဲ့ ဘုမိနက်သန်နေရာမှန်တွေပါ။ ဒီနေရာတွေမှာ စုစည်းမိကြပြီး အနုပညာ အလုပ်တွေလုပ်ကြတော့ 'ခြူးရေးခြုံပါ' ဆိုသလို မန္တလေးယဉ်ကျေးမှုတွေ၊ မန္တလေးဓလေ့ထုံးစံတွေ၊ မန္တလေးအနုပညာ တွေရဲ့တန်ဖိုးကိုလည်း သိရှိနားလည်ချစ်မြတ်နိုးလာကြတယ်။
အနုပညာ အလုပ်တွေလုပ်ကြတော့ 'ခြူးရေးခြုံပါ' ဆိုသလို မန္တလေးယဉ်ကျေးမှုတွေ၊ မန္တလေးဓလေ့ထုံးစံတွေ၊ မန္တလေးအနုပညာ တွေရဲ့တန်ဖိုးကိုလည်း သိရှိနားလည်ချစ်မြတ်နိုးလာကြတယ်

တကယ်တော့ မန္တလေးယဉ်ကျေးမှုဆိုတာ မြန်မာ့ယဉ်ကျေးမှုပါ။ မန္တလေးဓလေ့ထုံးစံဆိုတာ မြန်မာ့ဓလေ့ထုံးစံပါ။ မန္တလေးအနုပညာဆိုတာ မြန်မာ့အနုပညာပါ။ ကိုယ့်လူမျိုးက ကိုယ့်ကြမ္မာကိုယ် ဖန်တီးပြီး သာတူညီမျှ ညီညွတ်ငြိမ်းချမ်းစွာ ကိုယ့်တိုင်းကိုယ့်ပြည်ကို ကမ္ဘာ့အလယ်ဂုဏ်ကျက်သရေရှိစွာ ထူထောင်လိုကြတဲ့ စိတ်ဓာတ်ရင်းခံမှာ တကယ်စစ်မှန်တဲ့ ရိုးရာယဉ်ကျေးမှု ဖော်ထုတ်ထိန်းသိမ်းရေး ဆိုင်ရာမှာကိုပဲ အချင်းချင်းနောက်ပြောင်သလိုနဲ့ 'ပြည်သူ့အစိုးရသစ်မှာ ဒေါ်xxxx ယဉ်ကျေးမှုဝန်ကြီးဖြစ်မှ ပီပီပြင်ပြင် လုပ်ဆောင်ကြတာပေါ့ဗျာ'လို့ ပြောဆိုဖြစ်ကြသတဲ့။ ကဲ ထားပေါတော့။

ဆိုခဲ့ပြီးသလိုပဲ မန္တလေးဟာ မင်းနေပြည်တော်ဖြစ်ခဲ့ဖူးတယ်။ သာသနာပြုမင်းအဖြစ် စိတ်ရင်းနှလုံးကောင်းရှိတဲ့ မင်းတုန်းမင်းကြီး မန္တလေးရတနာပုံနေပြည်တော်ကို မြို့သစ်နန်းသစ်ထူထောင်ကာ တရားသဖြင့် အုပ်ချုပ်နေတဲ့ ကာလအတွင်း အနယ်နယ်အရပ်ရပ်က ကောင်းပေ့ညွန့်ပေ့ တော်ပေ့တတ်ပေ့ဆိုတဲ့ ရဟန်းပညာရှိ၊ လူပညာရှိတွေ မန္တလေးကို စုဝေးရောက်ရှိလာကြတယ်။ အကောင်းစားအညွန့်စား
မန္တလေး ယဉ်ကျေးမှုဆိုတာ မြန်မာ့ ယဉ်ကျေးမှုပါ။ မန္တလေးဓလေ့ထုံးစံဆိုတာ မြန်မာ့ဓလေ့ထုံးစံပါ။ မန္တလေးအနုပညာဆိုတာ မြန်မာ့အနုပညာပါ
အတတ်ပညာအနုပညာတွေ မန္တလေးမှာ ဖူးပွင့်စည်ပင်ခဲ့တယ်။ မြန်မာတွေကြိုက်လှတဲ့ ပဲအမျိုးမျိုးအနက် အအီအဆိမ့်အလောတော်နဲ့ အာဟာရပြည့်ဝမှု အကောင်းဆုံးပဲကို မန္တလေးမှာရှင်ဘုရင်ကို ဆက်သကြရလို့ 'စားတော်ပဲ'လို့ အမည်တွင်ခဲ့တယ်။ ဒီကနေ့အထိ စားတော်ပဲပြုတ်ဟာ မန္တလေးရဲ့ မနက်ခင်းအစားအစာအဖြစ် အယုတ်အလတ်အမြတ်မရွေး စားသုံးဆဲပဲဖြစ်တယ်။ ပဲအမျိုးအစားမည်မျှပင်ကောင်းပါစေ ပဲပြုတ်ပုံပြုတ်နည်းနဲ့ ပြုတ်တဲ့ရေရဲ့ ကောင်းခြင်းလက္ခဏာ တွေကြောင့်လည်း အရသာပိုပြီးထူးကဲပါတယ်။ မန္တလေးအနောက်ပြင် သမီးတော်ဈေးနားက အနောက်ပဲဝင်း၊ မန္တလေးအရိုးအိုးကြီးဘုရားက တောင်ပဲဝင်းတွေက မိရိုးဖလာ အစဉ်အဆက်ပဲသည်တွေရဲ့ 'စားတော်ပဲပြုတ်'က အခြားဘယ်အရပ်၊ ဘယ်မြို့ကပဲတွေနဲ့ မတူတာလည်း သေချာတယ်။

တောင်လေးလုံးကျောင်းတိုက်က စာပေပွဲလမ်းတွေမှာ အမြဲတမ်းလိုလို ကျွေးမွေးဧည့်ခံခဲ့တဲ့ ဟင်းလျာဖြစ်တယ်။ အသားမှာဝက်၊ အသီးမှာသရက်ဆိုသလို မန္တလေးတံတားဦး အင်းဝဘက်က 'ရာဇမတ်သရက်'မျိုးဟာ စိန်တလုံးတို့ေ ရွှဟင်္သာတို့လို မျိုးကောင်းသရက်သီးတွေ မပေါ်ခင်ကတည်းက နာမည်ကြီးသရက်မျိုး ဖြစ်တယ်။ ရှင်ဘုရင်ပွဲတော်တည်ဖို့ သီးသန့်ရာဇမတ်ကာပြီး စိုက်ပျိုးထားတဲ့သရက်မျိုးမို့ ရာဇမတ်သရက်လို့ ခေါ်သတဲ့။ သာမန်လူတွေနဲ့ လားလားမှမထိုက်တဲ့ ရွှေနန်းသုံးသရက်ပေါ့။
နန်းစကား၊မန်းစကား'လို့ တသသ ဖြစ်ရလောက်အောင် 'မန္တလေးစကား'က ဖွယ်ရာ ယဉ်ကျေးပါတော့တယ်။

မန္တလေးဟာ အဲလိုအကောင်းစား၊ အညွန့်စားတွေနဲ့ အစဉ်အဆက် ရင်းနှီးခဲ့ကြတယ်။ ကျွမ်းဝင်ခဲ့ကြတယ်။ ယဉ်ကျေးမှုအနုပညာမှာလည်း မန္တလေးမှာ အကောင်းစားအညွန့်စားတွေ ထွန်းကားခဲ့တယ်။ အဆီအနှစ်တွေ စုစည်းခဲ့တယ်။ ပါတော်မူပြီးမှသာ ဧရာဝတီမြစ်ကြောတလျှောက် မြေလတ်ဒေသနဲ့ မြစ်ဝကျွန်းပေါ် စုန်သူစုန်သွားကြရတယ်။ အချို့ပညာရှင်တွေလည်း စောင့်ရှောက်မှုကောင်းတဲ့ သီပေါဟော်နန်းဆီ ခိုလှုံကြတယ်။ ဒါ့ကြောင့် မန္တလေးမြို့တည်နန်းတည်ကတည်းက ဖွံ့ဖြိုးကြီးထွားခဲ့တဲ့ မြန်မာမှုသုခုမ အနုပညာတွေဟာ အရိုးအသား၊ အဆီအနှစ်တွေဆိုတာ နှောင်းလူတွေလက်ခံသိရှိခဲ့ကြတယ်။ တိုင်းပြည်နှင့်လူမျိုး ကြီးပွားတိုးတက်၊ အဆင့်မြင့်လိုစိတ်နဲ့ ပေါင်းစည်းမိကြတဲ့ 'မန္တလေးဂိုဏ်းသား'တွေကပိုပြီး သိရှိနားလည်ကြတာပေါ့။ ဒါကြောင့် သူတို့တတွေ ဒေသစွဲမထားဘဲ တိုင်းပြည်နှင့်လူမျိုးချစ်စိတ်နှင့် မန္တလေးကို ချစ်ခင်တွယ်တာ အရိပ်ခိုကြတာမဟုတ်လား။

မည်သည့်အရပ်၊ မည်သည့်ဒေသ၊ မည်သည့်မြို့ရွာကဖြစ်စေ မန္တလေးချစ်စိတ်နှင့် မန္တလေးခိုလှုံကြတော့လည်း အနှစ်နဲ့အကာကို ခွဲခြားသိမြင်သူများဖို့ ဇာတိသားသာမန်မျှသူတွေထက် မန္တလေးကို ပိုမိုခင်မင်တွယ်တာကြာတာလည်း သက်သေ၊သက္ကာယပြစရာတွေ အများကြီးပါ။ မိမိတို့ဇာတိရပ်ရွာက ဒေသိယစကား၊ ဒေသိယအသုံးအနှုန်းတွေထက် မန္တလေးကစကား၊ မန္တလေးကအသုံးအနှုန်းတွေက ပိုမိုနူးညံ့သိမ်မွေ့၊ ယဉ်ကျေး၊ဖွယ်ရာနေတော့ မန္တလေးမှာ သာမန်ပြောဆိုနေထိုင်ခြင်းမှာကိုပဲ ပညာဗဟုသုတတွေ ရလှချည်ရဲ့လို့ ကျေနပ်ကြသူချည်းပါပဲ။

ဟုတ်ပါတယ်။ ဘုရင့်နေပြည်တော်မို့ အရပ်ရပ်က သံတမန်သဘောနဲ့ရော၊ အရောင်းအဝယ်သဘောနဲ့ရော  ရောက်လာနေထိုင် ဖောက်ကားကြတော့ မြန်မာပြည် အရပ်ရှစ်မျက်နှာက စကားပေါင်းစုံ၊ အသုံးအနှုန်းပေါင်းစုံ မန္တလေးမှာစုပါတယ်။ မန္တလေးရောက်မှ ထီးသုံးနန်းသုံး အယဉ်ကျေး၊ အခံ့ညားပေတံနဲ့ တိုင်းထွာာစီစစ်ပြီးမှ ပြန်လည်သုံးစွဲကြတော့ 'နန်းစကား၊မန်းစကား'လို့ တသသဖြစ်ရလောက်အောင် 'မန္တလေးစကား'က ဖွယ်ရာယဉ်ကျေးပါတော့တယ်။

မန္တလေးသားဆရာကြီးရွှေဥဒေါင်း ရန်ကုန်မြို့မှာရှိနေစဉ် ဖခင်ဖြစ်သူ အလည်ရောက်လာခိုက် ဆရာကြီး သခင်ကိုယ်တော်မှိုင်းက တညလာရောက်အိပ်စက်ရင်း မန္တလေးနန်းတွင်း ဗဟုသုတများ မေးမြန်းဆည်းပူးရတော့ အကျေနပ်ကြီးကျေနပ်ပြီး ဆရာကြီးရွှေဥဒေါင်းကို “ဒီလိုအဖေမျိုးက မွေးထားပါလျက်နဲ့ ထီးနန်းဗဟုသုတတွေကို မှတ်သားစုဆောင်းမထားတာများတော့ မင့်ကိုငါတောင်းပန်ချင်သကွာ'' ဟု ပြောဖူးသတဲ့။ ဒါတင်ဘယ်ကမလဲ ၁၉၁၉ ခုနှစ်ဝန်းကျင်က ရန်ကုန်ဆူးလေဘုရားလမ်း သူရိယသတင်းစာတိုက် အပေါ်ထပ်မှာ နိုင်ငံရေးဆိုင်ရာ အစည်းအဝေးတစ်ခုကျင်းပတော့ ဦးချစ်လှိုင်၊ ဦးဘဖေ၊ ဦးသိန်းမောင်၊ ဦးသင်းမောင်စတဲ့ ပု
မောင်တို့မန္တလေးသားက စကားပြောပုံ ကောင်းပါပေ့မောင်ရာ၊ ဒီက ခွေးမသားတွေ တကောင်မှ လိုက်မမီဘူး
ဂ္ဂိုလ်ကြီးတွေတက်ရောက်သတဲ့။ ဒီပွဲမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းလည်း ရှိတယ်။ ဆရာကြီး ရွှေဥဒေါင်းလည်းရှိတယ်။ ဒီအစည်းအဝေးမှာ မန္တလေးက စီပီဦးခင်မောင်လည်း စကားပြောခဲ့သတဲ့။ အစည်းအဝေးပြီးတော့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ဆရာကြီးရွှေဥဒေါင်းကို ''မောင်တို့မန္တလေးသားက စကားပြောပုံကောင်းပါပေ့မောင်ရာ၊ ဒီက ခွေးမသားတွေ တကောင်မှ လိုက်မမီဘူး'' လို့ ပြောသတဲ့။ မြန်မာစကား အသုံးအနှုန်းတွေနဲ့ ပတ်သက်ရင် အရည်ကျိုသောက်ထားသလား အောက်မေ့ရအောင် ကျွမ်းကျင်တဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းလို ပုဂ္ဂိုလ်ကပင် ချီးကျူးတော့ မန္တလေးသားများပြောခဲ့တဲ့စကားမှာ တယ်လောက်ဖွယ်ရာ ယဉ်ကျေးခံ့ညားတဲ့ စကားလုံးတွေပါမလဲဆိုတာ စဉ်းစားကြည့်ရင်း ကြက်သီးထမိတယ်။

အခုခေတ်ရွှေမန်းသားများကရော၊ မြန်မာစကားပြောတတ်အောင် သင်လာကြလေရဲ့။


Envoy ဂျာနယ်တွင် တင်ပြပြီးဖြစ်ပါသည်။



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 64 guests online