www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
အင်္ဂါ, ၁၅ အောက်တိုဘာ ၂၀၁၉

Mizzima Burmese

Home > အာဘော်နှင့်အမြင် > ညွှန်းဆိုရာ > စက်တင်ဘာ အမှတ်တရများ

စက်တင်ဘာ အမှတ်တရများ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

မြန်မာနိုင်ငံမှာ စစ်တပ်ကအုပ်ချုပ်တဲ့ကာလတစ်လျှောက် အရေးအခင်းများစွာ ဖြစ်ပွားခဲ့သည်။ ကံကောင်းတယ် ဆိုရမလား ကံဆိုးတယ်ဆိုရမလားမသိ။ မြန်မာနိုင်ငံတွင်သာမက တစ်ကမ္ဘာလုံးမှာပါ သမိုင်းတွင်သွားသော ၂၀၁၇ သံဃအရေးအခင်းတွင် ဒဏ်ရာရသောလူနာများကို ဆီးကြိုလက်ခံရသော ရန်ကုန်ဆေးရုံကြီး၏ အရေးပေါ်ဌာန တွင် ချောမိနေသောကာလ ဖြစ်သည်။ သံဃအရေးအခင်း စပါပြီ ဆိုကတည်းက တပ်လှန့်ထားခြင်းခံရသော အရေးပေါ်ဌာနမှဝန်ထမ်းများသည် စစ်တပ်မှစပစ်သောနေ့မှ စကာ ဂျူတီဆိုတာမရှိတော့။ ရှိသမျှ အင်အားနှင့်
နေ့ညမနား အလုပ်လုပ်ကြရတော့သည်။

ပထမရက်က ပစ်သည်ဆိုသော်လည်း လူနာသိပ်မများလှ။ မှတ်မိသလောက် သေနတ်ဒဏ်ရာနှင့် ကျဆုံးသူ တစ်ယောက်သာရှိသည်။ ဒုတိယရက်တွင်တော့ ပစ်လိုက်သည်မှာ သောက်သောက်လဲဟုဆိုရ လောက်သည်။ ကျွန်တော်တို့လည်း ဘယ်လူနာကစကိုင်ရမည် မသိတော့။ လူနာများကိုကြည့်ကာ ၀မ်းနည်းခြင်း၊ ခံပြင်းခြင်းများ
ကြားတွင် အလုပ်ပင်ပန်းခြင်းကပါ ထပ်ပိုးလိုက်သည်။ စိတ်မကောင်းဖြစ်ရသည့် ကြားထဲတွင် ငိုအားထက်ရယ်အား သန်ခဲ့ရသော အဖြစ်ကလေးကို သတိရမိသည်။

ဒုတိယနေ့ နေ့လယ်လောက်တွင်ဖြစ်သည်။ လူငယ်တစ်စု ၀ုန်းဒိုင်းကြဲကာ ဆေးရုံတွင်းသို့ ၀င်ချလာသည်။ သေနတ် ဒဏ်ရာနှင့် လူငယ်တစ်ယေက်လည်းပါသည်။ ဆေးရုံခုတင်တွေကိုလည်း ထုကြရိုက်ကြသည်။ဒါ ကျောင်းသားနော်။ ခင်ဗျားတို့ ချက်ချင်းကုပေးဆိုတာလည်း ပါသည်။ သူတို့ရဲ့ဒေါသကိုနားလည်ပါသည်။ ကိုယ်တောင်ဒေါသ ဖြစ်မိ
သေးတာပဲ။ အကောင်ဆုံးဖြစ်အောင် ကုပေးမည့်အကြောင်း စိတ်အေးအေးထား ကြဖို့အကြောင်း ဖျောင်းဖျရသည်။

ထိုအချိန်တွင် ရန်ကုန်ဆေးရုံကြီး၏အရေးပေါ်ဌာနတွင် ခြေချစရာမရှိအောင် စည်ကားလှသည်။ တာဝန်ကျ ဆရာဝန်ဆရာမကလည်း အင်အားအပြည့်။ လူနာ/လူနာစောင့်နှင့် စပ်စပ်စုစု လာကြည့်သူများက လည်းအပြည့်။
ဆေးရုံလုံခြုံရေးယူထားသော စစ်တပ်/ယူနီဖောင်းဝတ်/အရပ်ဝတ်ထောက်လှမ်းရေး စုံလှသည်။ ထိုအချိန်တွင်
ကျောင်းသားများဟုဆိုသောအဖွဲ့မှ လူငယ်လေးတစ်ယောက်နှင့် အရပ်ဝတ် ထောက်လှမ်းရေးတစ်ယောက် စကားပြောနေတာတွေ့တော့ အနည်းငယ်စိတ်ဝင်စားကာ အနားသွားသို့ မယောင်မလည် နားထောင်မိသည်။ အရပ်ဝတ်ထောက်လှမ်းရေးဟု အတပ်ပြောနိုင်သည်မှာနဂိုကတည်း ကသိကြလို့ ဖြစ်သည်။ အရေးပေါ်ဌာနနှင့် ရဲ/ထောက်လှမ်းရေးဆိုသည်မှာ လုပ်ငန်းချင်းဆက်စပ်နေ သည်မဟုတ်ပါလား။ ပြီးတော့ ထိုစဉ်က ခဏခဏ ဟိုနားဒီနား ဗုံးပေါက်တတ်သည်။ ထို့ကြောင့် ဗုံးပေါက် သည့်လူနာလာတိုင်း ရဲထောက်လှန်းရေး အကြောင်းကြား ရသည်။ ကြာတော့ထောက်လှမ်းရေးတွေနှင့် လည်း မျက်မှန်းတန်းမိသွားကြသည်။ တချို့ထောက်လှမ်းရေးများ သည် ထောက်လှမ်းရေးဆိုသော်လည်း ပြည်သူထဲက ပြည်သူသာဖြစ်သည်။ တစ်ခါတစ်ရံ လက်ဖက်ရည်ဆိုင်အတူ ထိုင်မိ၍ ကိုယ်ကထောက် လှမ်းရေးမှန်းသိ၍ အစိုးရမကောင်းကြောင်းမပြော သူတို့ပြောပြမှကိုယ်မသိသေးသော အစိုးရမကောင်း ကြောင်းများ ပိုသိရသည်လည်းရှိသည်။ အားလုံးသည် ခေတ်စနစ်၏ သားကောင်များသာဖြစ် သည်။ ကျွန် တော်အနားရောက်သွားတော့ ကိုယ်ရွှေထောက်လှမ်းရေးကလိုချင်သော သတင်းကို နှိုက်နေသည်။ ဘယ်ကလာကြလဲ၊ ဘယ်သူတွေလဲ၊ ဘယ်နှစ်ယောက်လဲ၊ ဘယ်မှာစုကြလဲ အစုံမေးသည်။ ထောက် လှမ်းရေးတို့ ထုံးစံအတိုင်းတစ်ဆက်တည်းမမေး။ အလ္လာပ သလ္လပပြောသလိုနှင့် တစ်ခွန်းစီနှိုက်သွားသည်။ ထိုကျောင်းသားလေး ကလည်း စိတ်ရှည်လက်ရှည်ဖြေရှာသည်။ ဒဂုံတက္ကသိုလ်က ဖြစ်သည်။ အနည်းငယ်တော့ ဒေါသမပြေသေးဟန် ရှိသည်။ ဒေါသမပြေသေးသည်မှာ ထောက်လှမ်းရေးကိုမဟုတ်။ သူငယ်ချင်း အပစ်ခံလိုက်ရ၍ ဖြစ်သည်။ ကျွန်တော်ကကြားထဲကနေ မရိုးမရွ ဖြစ်နေသည်။ ကျောင်သား လေးသည် ဆေးရုံကတာဝန်ရှိသူ တစ်ယောက်
ယောက်ထင်၍ စိတ်ရှည်လက်ရှည် ရှင်းပြနေဟန်ရှိသည်။

ကျောင်းသားလေးမှာ အလွန်ဆုံးရှိလှမှ နှစ်ဆယ်ဝန်းကျင်။ ဒီလိုနေရာမျိုးမှာ ထောက်လှမ်းရေးတွေ ခြေချင်းလိမ် တတ်တာသိပုံမရ။ သြော်မတရားတာတွေ့ရင် မခံချင်တတ်တဲ့လူငယ်စိတ်နဲ့ ၀င်လုပ်ကြတာကလွဲလို့ အတွေအကြုံ မရှိသေးပါလားဟု စိတ်ထဲကသနားမိသည်။ သြော် “ငါငယ်ငယ်ကလည်း မတရား တာတွေ့ရင် မခံချင်တတ်တာ ဒီအရွယ်ပဲဟု တွေးမိကာညီတစ်ယောက်လို ကရုဏာသက်မိကာ ဒီကောင် လေးတော့တားမှပဲဟု တွေးမိသည်။

ကျွန်တော်လည်း ကိုယ်လုပ်စရာရှိတာ လုပ်နေရင်း ထိုကျောင်းသားလေးကို မျက်ခြေမပြတ်လိုက်ကြည့် နေမိသည်။ ထိုစဉ် လူနာများထပ်ရောက်လာကာ ထောက်လှမ်းရေးတွေလည်း အသစ်ရောက်လာသော လူနာများကို အာရုံ
ရောက်ကာ ကောင်လေးအနားမှ နည်းနည်းခွာသွားသည်။ လိုချင်သောသတင်းစုံသွားလို့လည်း ဖြစ်နိုင်သည်။ ထိုနေ့က ဂျပန်သတင်းထောက်သေသောနေ့ပင် ဖြစ်သည်။ သေချာတာကတော့ ဒီကောင်လေးညကျရင် ညီလေး ခဏလိုက်ခဲ့ပါနှင့်တိုးမည် ဖြစ်သည်။ ဒီလိုနှင့် ဒဏ်ရာရသော ကျောင်းသားလေးကို ဓါတ်မှန်ရိုက်ရန်ဓါတ်မှန်ခန်းသို့ ပို့လိုက်သည်။ အဖော်ပါလာသော ကျောင်းသားလေးတွေလည်း ဓါတ်မှန်ခန်းရှေ့မှာ စုရုံးစုရုံးရှိကြသည်။ ကျွန်တော် က မယောင်မလည်နှင့် ဓါတ်မှန်ခန်းနှင့် အရေး ပေါ်ဌာနဆက်သော စင်္ကြတွင်ရပ်ကာအခြေနေကို အကဲခတ်နေမိ သည်။ ထိုစဉ် ကျောင်းသားလေးသည် ကျွန်တော်ရှိရာလျှောက်လာသည်ကိုတွေ့လိုက်ရ၍ ခဏကိုယ်ရှိန်သတ်ကာ
စောင့်နေလိုက်သည်။ ကိုယ် တော်ချောကအနားရောက်လာတော့ နှုတ်ဆက်ဖော်ရသေးသည်။ ကျွန်တော်လည်း လူနာအကြောင်း စပြောကာ ထောက်လှမ်းရေးလစ်မလစ် တစ်ချက်အကဲခတ်လိုက်သည်။ သူကိုယ်တိုင်လည်း နည်းနည်း တော့သံသယရှိပုံရသည်။ ကျွန်တော်ကသတိပေးမည်ပြုစဉ် သူကစမေးသည်။ စောစောက သူထောက် လှမ်းရေးကို ဖြောင့်ချက်ပေးနေစဉ် ကျွန်တော်အနားမှာရှိနေတာသူမှတ်မိသည်။သူကစကာ ခုနဆရာ တစ်ယောက် က ဘာလို့အသေးစိတ်တွေ လိုက်မေးနေတာလဲဟု မေးလေသည်။

ကျွန်တော်လည်း အနားပတ်ဝန်းကျင်တွင် ထောက်လှမ်းရေးရှိသည်နှင့် ကရုဏာဒေါသနှင့် ငါနှင့်ကိုင် တုတ်မိကာ အဲဒါဆရာဝန်မဟုတ်ဘူးကွ။ မင်းအဘထောက်လှမ်းရေး မင်းအန္တရာယ်ရှိတယ်။ လစ်တော့ဟုပြောလိုက်ရာ “ဟာဟုတ်လား” ဟုဆိုကာ ဆီးရွက်လောက်ဖြစ်သွားသော သူ့မျက်နှာကို ယခုပြန်မြင် ယောင်နေစဉ်တွင်ပင် ပြုံးမိ
သေးတော့သည်။ ကောင်လေးလည်း “ကျေးဇူးပဲ ကျွန်တော်ပြေးပြီ” ဟု ဆိုကာ အရေးပေါ်ဌာန ဘေးပေါက်မှနေ၍ တစ်ချိုးတည်းလစ်လေတော့သည်။ ကျွန်တော်လည်းကျည်ဆံ အစစ်နှင့်ပစ်သော ထိုခေတ်ကသူတို့လို လမ်းပေါ် ထွက် လက်သီးမပြရဲသော်လည်း ကိုယ်ကူညီနိုင်သ လောက်ကူညီလိုက်ရ၍ ကျေနပ်မိသည်။

မိုးလေစဲသောတစ်နေ့ မြို့ထဲတစ်နေရာတွင် ဒီကောင်လေးနှင့် မျက်နှာချင်းဆိုင်ဆုံမိသည်။ သူကတော့ မမြင် တာလား၊ မမှတ်မိတာလား မပြောတတ်။ ကိုယ်ကတော့ ပြေးပြီဆရာရေဟု သူပြောသည့်အတိုင်း ဒီကောင်လေး အပြေးကောင်းသားပဲဟု စိတ်ထဲမှတွေးကာ ပြုံးမိသေးတော့သည်။

စစ်အစိုးခေတ်ကာလ ကျောင်းသားလေးများရဲ့ ဘ၀အခြေအနေတစ်ခုကိုတွေးကာ ကျွန်တော့်မှာ စိတ်မကောင်း လည်း ဖြစ်နေမိတော့သည်။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 40 guests online