www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
ဗုဒ္ဓဟူး, ၂၁ သြဂုတ် ၂၀၁၉

Mizzima Burmese

Home > အာဘော်နှင့်အမြင် > ညွှန်းဆိုရာ > မြေ၀သုန်ရေ. . . ဂုဏ်ပြုအပ်တဲ့ ဧည့်သည်တစ်ယောက်ကို ဆီးကြိုပေရော့

မြေ၀သုန်ရေ. . . ဂုဏ်ပြုအပ်တဲ့ ဧည့်သည်တစ်ယောက်ကို ဆီးကြိုပေရော့

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

သူဒုတိယအကြိမ် ထောင်ကထွက်လာသည့်အချိန်၌ ကျွန်တော်နဲ့အတူ ဆရာဒဂုန်တာရာမွေးနေ့သို့ လိုက်ပါလာခဲ့သည်။ ထိုအချိန်က သူ့ကျန်းမာရေးမှာ အလွန်ကောင်းလှသည်ဟု မဆိုနိုင်သော်လည်း စားနိုင်သောက်နိုင်၊ သွားနိုင်လာနိုင်
သော အခြေအနေတွင်ရှိသည်။ ထောင်ထဲတွင်မူ ကျန်းမာရေးမကောင်းလှပါ။ သူထောင်ထဲရှိစဉ် တစ်ပတ်တစ်ခါ သူ့ အိမ်သို့ ကျွန်တော်သွားလေ့ရှိပါသည်။ သွားပြီး သူ့ဇနီးဒေါ်မြင့်မြင့်ကို အားပေးလေ့ရှိ၏။ ကိုဝံသ၏ဇနီးမမြင့်မြင့်မှာ အတွေးအမြင်မဂ္ဂဇင်းကို သူ့တူကိုရဲမြင့်အကူအညီဖြင့် လစဉ်မပြတ် ထုတ်ဝေနိုင်သော ကြံ့ခိုင်သောအမျိုးသမီးဖြစ်၏။
ထောင်ထွက်ရဲဘော်များ၏ သာရေးနာရေးများသို့လည်း သူ့ဇနီးက လာလေ့ရှိပါသည်။

ကိုဝံသသည် ၉၀ ပြည့်ရွေးကောက်ပွဲ ဝေါမြို့နယ်၏ လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ ဗဟိုအလုပ် အမှုဆောင်အဖွဲ့တွင်လည်း ပါဝင်သူဖြစ်၏။ ဒုတိယအကြိမ် သူထောင်ထဲရောက်စဉ်က သူနှင့်အတူ
မောင်မိုးသူ၊ ဗိသုကာ ဦးကျော်မင်း၊ ဆ ရာတင်သိန်းမောင်တို့လည်းပါသည်။ တင်သိန်းမောင်က ၁၉၉၈ ဖေဝေါရီလတွင် ဆရာမြသန်းတင့်နှင့် တစ်ရက်တည်းကွယ်လွန်သွားခဲ့သလို ဦးကျော်မင်းမှာလည်း ထောင်ကထွက်ပြီးမကြာမီ ကွယ်လွန် သွားခြင်းဖြစ်၏။ ကိုဝံသမှာ ယခုထောင်မှထွက်သည်နှင့် ကျွန်တော်နှင့် ဆရာတာရာ့မွေးနေ့ လိုက်လိုသည် ဟု ပြောပါ သည်။ သူ့ဇနီးသည်က ကျွန်တော်နှင့်ဆိုလျှင် စိတ်ချလက်ချလွှတ်ပါသည်ဟု နောက်၍ပင်ပြောသေးသည်။ ကျွန်တော်တို့
နှင့်အတူ ပန်းချီဆရာယဉ်မင်းပိုက်နှင့် စာရေးဆရာနီဟိန်းတို့လည်းပါသေးသည်။

ကလော၊ အောင်ပန်းသို့ ကားနှင့် ညနေဘက်တွင်ထွက်၏။ မနက်စောစောရောက်၏။ မနက်စောစောဆို သော်လည်း မနက် ၆နာရီ၊ ၆ နာရီခွဲလောက်သာ ရောက်လေ့ရှိပါသည်။ ယဉ်မင်းပိုက်နှင့် နီဟိန်းတို့မှာ ထိုအချိန်က ကားမထွက်ခင်
နေထိုင်ကောင်းအောင် အနည်းငယ်လား၊ များများလားမသိ သောက်လာကြ ၏။ သူတို့ဆီမှအနံ့များကိုလည်း ကျွန်တော်တို့ ရနေသည်။ ကိုဝံသမှာ ကျွန်တော်တို့လိုအပြင်နှင့် အသားမ ကျသေးပေ။ နယ်ခရီးသို့  ပထမဆုံး ထွက်ခဲ့ဟန်လည်း တူပါသည်။ ကျွန်တော်က ဂျဲလ်မက်တို့၊ ပါရာဆီတမော့တို့ ထည့်လာပါသည်။ ကိုဝံသက ဘေးမှ
အနံ့များကို သူမခံနိုင်။ ခေါင်းမူးလာပုံရပါသည်။

သူက “ကျွန် တော်ခေါင်းမူးလာပြီဗျာ။ ဘာဆေးမှလည်းမပါဘူး။ ခင်ဗျားမှာဘာဆေးပါသလဲ” ဟု မေးလေသည်။ ကျွန် တော်က “စိတ်ချ ကျွန်တော့်မှာဆေးပါတယ်၊ ခင်ဗျားခေါင်းမူးပြေစေရမယ်” ဟုပြောကာ သူ့ကိုဆေးပေးလိုက်
လေသည်။ လှည်းကူး နားအရောက်တွင် “ခင်ဗျား ဘယ်လိုလည်းခေါင်းမူးတာ ပျောက်သွားပြီလား” ဟုမေးရာ သူက “အေးပျောက်သွားပြီဗျ။ ခင်ဗျားဆေးက ကောင်းလိုက်တာ” ဟု ပြောလေသည်။ ကျွန်တော်က ခေါင်းမူးလျှင်
ခေါင်းလည်း ကိုက်နိုင်သည်ဟုထင်ကာ သူ့ကိုပါရာဆီတမော့ တိုက်လိုက်ခြင်း ဖြစ်သည်။ အောင်ပန်းရောက်၍ သူ့ကိုထိုအကြောင်း ပြောပြသောအခါ ကိုဝံသမှာ တဟားဟားနှင့် ပွဲကျနေလေတော့သည်။

ထိုအချိန်က လမ်းတွင်အပျင်းပြေသောက်ရန်ဆိုပြီး မြန်မာဘီယာသံဘူးနှစ်ဘူးကို ထည့်လာ၏။

“ဟေ့လူ သောက်မလား။ တစ်ယောက်တစ်ဘူးစီပေါ့ဗျာ”

“ကျွန်တော်က အရင်တုန်းကဘီယာမပြောနဲ့ အပြင်းသောက်တာ၊ အဲဒါကို ဖြတ်လိုက်တာကြာလှပြီ။ ခင်ဗျားကြည့်ရတာ
သောက်လေ့ရှိပုံမရပါဘူး။ မသောက်ပဲလည်း နေလို့ရတယ်မလား” ပျင်းလို့သာ သောက်ဖို့ ဆိုပြီးထည့်လာတာပါဗျာ။ ကျွန်တော်သောက်လေ့မရှိပါဘူး”

“ဒါဆိုလည်း သောက်မနေပါနဲ့တော့ဗျာ။ ဒီအတိုင်းပဲထားလိုက်ပါတော့ဗျာ” ဟု သူကပြောသဖြင့်ထိုနှစ်ဘူးမှာ အိမ်ပြန် အထိပါလာလေသည်။ ထိုခရီးမှာ အမှတ်တရခရီးဖြစ်ပါသည်။

ဗိုလ်မှူးဗထူး ကျောက်တိုင်သို့သွားခဲ့ကြသည်။ အမှတ်တရဓါတ်ပုံလည်း ရိုက်ခဲ့ကြသည်။ ကျွန်တော်က သူ့ကို
ပြတင်းပေါက်ဘေးတွင်ထား၏။ နိုးလာလျှင် အပြင်ရှုခင်းများကို ကြည်ကြည်လင်လင်တွေ့နိုင်အောင် ဖြစ်သည်။ ထိုစဉ်က အဝေးပြေးကားများမှာ ယခုလောက် မကောင်းလှသော်လည်း လေအေးပေးစက်ပါ သဖြင့် သက်သောင့် သက်သာရှိလှပါသည်။

မနက် ၅ နာရီခွဲ၊ ၆ နာရီခန့်တွင် မိုးလည်းစင်စင်လင်းနေပြီ။ တောင်တန်း၊ အကွေ့အကောက် အတက်အဆင်းများမှနေ ကျွန်တော်တို့ကားသည် ကလောမြို့ထဲသို့ ဖြည်းဖြည်းချင်းဝင်လာပါသည်။ မြို့ရှုခင်းများကို မြင်ရသောကိုဝံသမှာ အလွန်ပင် ကြည်နူးနေပါသည်။

“လှလိုက်တာဗျာ။ ဒီလိုသဘာဝအလှကို အပြင်မှာပထမဆုံးပြန်တွေ့ရတာပဲ။ ဒီကပန်းလေးတွေကလည်း အလွန်လှ တယ်ဗျ” ဟု ကလော၏ ရှုခင်းများကိုကြည့်၍ သူ့မျက်နှာရွှင်လန်းနေသည်ကို တွေ့ရသောကြောင့် ထောင်ထဲတွင်
နှစ်ပေါင်းများစွာ ပိတ်လှောင်ခံခဲ့ရပြီး လူမဆန်စွာနေခဲ့ရသောအဖြစ်ကို စာနာစိတ်ဖြစ်ပြီး ကျွန်တော် ကြည်နူး ပီတိ ဖြစ်ခဲ့ရပါသည်။

အောင်ပန်းရောက်သည့်အခါ ကျွန်တော်တို့အုပ်စုသည် မြတ်မနောတည်းခိုခန်းတွင် တည်းလေသည်။ ညနေဘက် ကိုနီဟိန်းတို့ ဆိုင်ထိုင်သည့်အခါတွင် သူနှင့်ကျွန်တော်က ဘေးအဖော်အဖြစ်သာလိုက်ခဲ့၏။ ကျွန်တော်တို့က ထမင်းသာ စားသည်။ ကိုနီဟိန်းတို့၊ ကိုပိုက်တို့၊ ရွှေဘိုမှကဗျာဆရာ ခိုင်အေးတို့နှင့်အတူ ထိုင်ဖြစ်ပါသည်။ နောက်တစ်နေ့ ဆရာတာရာ မွေးနေ့ပွဲ မဟာဂန္ဒာရုံသို့ သွားရာတွင်လည်း အမှတ်ရစရာဖြစ်၏။

ပွဲလုပ်ရာ ဘုန်းကြီးကျောင်းမှာ အတော်လှမ်း၏။ သွားဖို့ ဘာယာဉ်မှလည်းမရှိ။ မြင်းလှည်းငှားဖို့မြင်းလှည်းကလည်း ရှာမရပေ။ ထိုအချိန်တွင် ထော်လာဂျီတစ်စီးကို တွေ့လိုက်ရပါတော့သည်။ ထော်လာဂျီသမားကို ပိုက်ဆံပေးပါမည်။ လိုက်ပို့နိုင်မလားဟုမေးကာ ကျွန်တော်တို့အားလုံး ထော်လာဂျီပေါ်တွင် မတ်တပ်ရပ်ကာ လိုက်လာကြပါသည်။ ကိုဝံသက ဘောင်းဘီရှည်ဖြင့် ရှေ့ဆုံးတွင်  ပါလေသည်။ ပျော်စရာလည်း ကောင်း၊ အမှတ်ရစရာလည်း ကောင်းလေသည်။

ကျွန်တော်တို့ အောင်ပန်းသို့ရောက်သည်နှင့် ကျွန်တော်တို့နောက်သို့ ထောက်လှမ်းရေးမှ မပြတ်စုံစမ်းမေးမြန်းလျှက် ပါလာပါသည်။ မွေးနေ့အခမ်းအနားတွင် မောင်ဝံသ ဘာကြောင့်လာသလဲဟု ဆရာဒဂုန်တာရာ၏ တူမ ဆရာမ သင်းမြစန္ဒီကိုလည်း မေးသည်။ ဘယ်နေ့ပြန်မလဲ၊ ဘယ်ဆက်သွားမှာလဲစသည်ဖြင့် အေးအေးဆေးဆေးနေလို့မရအောင်
ထောက်လှမ်းရေးက မေးမြန်းစုံစမ်းလေသည်။ ကျွန်တော်တို့မှာအေးအေး ဆေးဆေးနေ၍ မရတော့ပေ။

နောက်တစ်နေ့တွင် ကျွန်တော်တို့အတူ ပြန်ဖြစ်ခဲ့ပါသည်။ ကျွန်တော်ကအ ပြန်၌ “ကိုမောင်မောင်ခင်နဲ့  ဖျာပုံနီလုံဦး ဆရာ့ပွဲကအပြန်မြို့ကထွက်တော့ ထောက်လှမ်းရေးကကားကို တားပြီး ဖျာပုံနီလုံဦးပါလားလို့မေးတယ်ဗျ။ ဘယ်သူကမှ မဖြေဘူး။ ပါရင်နေပဲနေခိုင်းခဲ့ မလားမသိဘူး။ ကျွန်တော်က မောင်ဝံသပါသလားမေးရင်မဖြေဘူး။ ခင်ဗျားကို ဆွဲချရင်လည်း ကျွန်တော်ပါမနေခဲ့ဘူး။ အိမ်ပြန်ပြီး ခင်ဗျားမိန်းမမမြင့်မြင့်ကိုရှင်းပြရမှာပဲ” ဟု နောက်လိုက်လေသည်။
နောင်အခါ နိုင်ငံရေးပွဲများ၊ သာရေး၊ နာရေးပွဲများတွင် တွေ့ဖြစ်ကြသလို သူနှင့်လည်း စကားပြောဖြစ်ကြလေသည်။
နောက် ဇန်န၀ါရီ (၄) ရက် လွတ်လပ်ရေးနေ့ရောက်တိုင်း ဆရာတာရာ၊ ဆရာပါရဂူ၊ ဆရာဦးဝင်တင်တို့ကိုထားပြီး လူငယ် စာပေသမားများနှင့်အတူ ကိုဝံသလည်း အမြဲတက်လေ့တွေ့လေ့ရှိခဲ့ပါသည်။

မောင်ဝံသသည် ထင်ရှားသောသတင်းစာ ဆရာကြီးတစ်ဦးဖြစ်၏။ သတင်းစာပညာ၌လည်း အလွန်ထူးချွန်သူ
ဖြစ်ပါသည်။ အမေရိကမှ သတင်းစာပညာသင်ကြားခဲ့သူပီပီ သတင်းစာလောက သာမန်မဟုတ်ဘဲ ထူးချွန်သော သတင်းစာဆရာတစ်ဦးအဖြစ် သတင်းလောကမှ သူ့ကိုအလေးထားကြလေသည်။ ရှစ်လေးလုံး အရေးတော်ပုံ ပြီးသည့်နောက် NLD တည်ထောင်သောအခါ ဆရာဦးဝင်းတင်နှင့် ဆရာမောင်မိုးသူတို့၊ ကိုဝံသတို့အတူပါသည်။ တတ်သိပညာရှင်များတွင်လည်း ကိုဝံသတို့ပါခဲ့လေသည်။ NLD ခေါင်းဆောင်များကို အကြီးအကျယ်ဖမ်းသည့်အခါတွင် ပထမအကြိမ်တွင်လည်းသူပါ၏။ ဒုတိယအကြိမ် ဖမ်းဆီးခံရပြီးနောက် သူ့ကျန်းမာရေးမှာ အလွန်ကောင်းမွန်လှသည် မဟုတ်ပေ။ အစိုးရအပြောင်းအလဲ ဖြစ်ပြီးသည့်နောက် ယခုအရပ်သားအစိုးရလက်ထက်တွင် ပြည်သူ့ခေတ်ဂျာနယ်ကို ဆရာမောင်ဝံသ ထုတ်ဝေခွင့်ရခဲ့သည်။ သူကလည်း သူ့အလုပ်နှင့်သူမအား၊ ကျွန်တော်ကလည်း အလုပ်မအားဘဲ နာရေးများ၊ ပွဲများတွင်သာ ဆုံတွေ့ ခွင့်ရခဲ့သည်။ နောက် သူကင်ဆာဖြစ်သည်။ နိုင်ငံခြားသွားပြီး ကုသရသည်ကို ကြားရသည်။ ကျွန်တော် စိတ်မကောင်းဖြစ်မိ၏။ ၃၄ လမ်းရှိသူ့အိမ်သို့ သတင်းသွားမေးရာ သူစင်ကာပူ ဆေးသွားကု
နေချိန်ဖြစ်၍ မတွေ့ခဲ့ရပေ။

ယခုနှစ်မေလ ရွှေအမြူတေစာပေဆုပေးပွဲအခမ်းအနားတွင် တွေ့ခဲ့ရ၏။ သူ့လက်ကို ကျွန်တော်ဆွဲကိုင်ပြီး နှုတ်ဆက် ခဲ့၏။ ထိုနေ့မှာ သူ့ကိုကျွန်တော်နောက်ဆုံးတွေ့ခဲ့ရသောနေ့ ဖြစ်လေသည်။ သူ သည် NLD ပါတီတွင် တက်ကြွသော
ခေါင်းဆောင်တစ်ဦးဖြစ်သလို ၈၈ အရေးတော်ပုံကြီးတွင်လည်း ပြည် သူနှင့်အတူ လက်တွဲတိုက်ပွဲဝင်ခဲ့သူဖြစ်သည်။ ၈၈ အရေးတော်ပုံ ငွေရတုအခမ်းအနားပြီးသည့်နောက် ဆရာမောင်ဝံသလည်း ပြည်သူလူထုကို နှုတ်ဆက်ထွက်ခွါ သွားခဲ့ရှာလေသည်။ မြန်မာပြည်သူများအတွက် စာနယ်ဇင်းလောက တစ်ခုလုံး အတွက် ဆုံးရှုံးမှုကြီးတစ်ခုပင်ဖြစ်သည်။

“ဆရာမောင်ဝံသ ကောင်းရာသုဂတိသို့ ရောက်ပါစေ” ဟု မိသားစုနှင့်ထပ်တူ ကြေကွဲရင်း ဆုတောင်းလိုက်ရပါသည်။ ။
 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 47 guests online