www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၂၅ ဇွန် ၂၀၁၈

Mizzima Burmese

Home > အာဘော်နှင့်အမြင် > အယ်ဒီတာ့ထံပေးစာ > ချဲထီဒိုင်ကြီးများ အကာအကွယ် ပေးနေတာ

ချဲထီဒိုင်ကြီးများ အကာအကွယ် ပေးနေတာ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


သို့ ...

အယ်ဒီတာခင်ဗျာ ...

ရခိုင်ပြည်နယ်ရှိ မင်းပြားမြို့နယ်သည် ရန်ကုန်-စစ်တွေ ကားလမ်းတွင် တည်ရှိပြီး စီးပွါးရေး ဖွံ့ဖြိုးကာ လယ်ယာလုပ်ငန်းနှင့် ရေလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြကာ အေးချမ်းသာယာသော မြို့လေးတမြို့ ဖြစ်ပါသည်။ မင်းပြာမြို့နယ်သို့ ၂၀၀၅ ခုနှစ်မှစပြီး ၂ လုံး၊ ၃ လုံးချဲထီးများကို တရားဝင်သကဲ့သို့ ဖွင့်လှစ်ရောင်းချခွင့် ပြုခဲ့သဖြင့် မြို့နယ်နေပြည်သူများအတွက် ဆင်းရဲတွင်း နက်စေပါတယ်။ မင်းပြားမြို့နယ်မှာ ရဲတပ်ဖွဲ့က ဆက်ကြေးရယူကာ ချဲထီလုပ်ငန်းကို လုပ်ကိုင်နေတာ ဒိုင် ၇ ဒိုင်ရှိပါတယ်။

ချဲဒိုင်ကြီး ၇ ဒိုင်ဟာ မင်းပြာမြို့မှ နေပြီး ပန်းမြောင်း၊ တပ်ရာ၊ သံလျင်၊ စွန်ရဲ၊ ခေါင်းလောင်းချောင်း၊ မသောကျေးရွားများသို့ လက်ခွဲဒိုင်များဖွင့်ပြီး တရားဝင် ၂ လုံး၊ ၃ လုံးထီများကို ရဲတပ်ဖွဲ့၏ အကူအညီဖြင့် ရောင်းချနေကြပါတယ်။

ချဲဒိုင် တဒိုင်လျင် မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် နယ်ထိန်းအဖွဲ့များအတွက် ၁ လလျင် ၃ သိန်း၊ သတင်းတပ်ဖွဲ့ အတွက် တလလျင် (၁)သိန်း၊ စရဖအတွက် တလ (၁)သိန်း၊ မယက ဥက္ကဌက တလလျင် ဒိုင်တဒိုင်လျင် ၂ သိန်းစီခွဲ၍ ရယူနေကြပါတယ်။

တပ်ရာရဲစခန်းအပိုင်းမှာ ရဲတပ်သားတယောက်က ဦးဆောင်ပြီး ၂ လုံးထီ ၃ လုံထီသာမက ဖုန်သာ၊ ပုလဲတောင်၊ ခွဆုံ၊ စစ်တရကျေးရွာတို့တွင် လောင်းကစားဝိုင်းများဖွင့်ပြီး တလကို ဖဲဝိုင်း တဝိုင်းလျင် ငွေ ၅၀၀၀၀ ကောက်ခံနေပြန်ပါတယ်။

ဒါပေမယ့် မင်းပြားမြို့နယ် ရဲတပ်ဖွဲ့ နယ်ထိန်းတွေဟာ အထက်ဌာနများသို့ လိုင်းကြေးခွဲပေးတဲ့အတွက် ခရိုင်၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် ရဲချုပ်ရုံးတို့ရဲ့ အကာအကွယ် ရနေပါတယ်ခင်ဗျား။

မင်းပြားမြို့သူ၊ မြို့သားများ။