www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၂၅ ဇွန် ၂၀၁၈

Mizzima Burmese

Home > အာဘော်နှင့်အမြင် > အယ်ဒီတာ့ထံပေးစာ > တောင့်တသော ရင်ထဲက ညီညွတ်ရေး

တောင့်တသော ရင်ထဲက ညီညွတ်ရေး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


အယ်ဒီတာခင်ဗျား …

ကျနော်ဟာ ဂျပန်မှာ ၅ နှစ်ကျော် နေထိုင်နေတဲ့သူပါ။

ပြီးခဲ့တဲ့ သြဂုတ်လ ၃၀ ရက်နေ့မှာ ဂျပန်နိုင်ငံမှာ ပါလီမန်ရွေးကောက်ပွဲ ကျင်းပပြီး၊ အနိုင်ရခဲ့တဲ့ DPJ ပါတီဟာ ပြီးခဲ့တဲ့လ ၁၆ ရက်နေ့မှာ အစိုးရသစ် ဖွဲ့ခဲ့ပါပြီ။ ဂျပန်ရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံခြားရေး မူဝါဒသစ်တွေကို ဖော်ဆောင်တော့မှာ ဖြစ်ပါတယ်။

အစိုးရသစ်ဟာ နိုင်ငံတော်အာဏာကို လွှဲပြောင်းယူရာမှာ ပဋိပက္ခ၊ ထိခိုက်ဒဏ်ရာရမှု၊ ခိုက်ရန်ဖြစ်ပွားမှုတွေ မရှိခဲ့ပါဘူး။ ကမ္ဘာ့ထိပ်တန်း နိုင်ငံလည်းဖြစ်၊ ဒီမိုကရေစီကို ခိုင်ခိုင်မြဲမြဲ ကျင့်သုံးလာခဲ့တဲ့ နိုင်ငံပီပီ အာဏာကို ငြိမ်းငြိမ်းချမ်းချမ်း လွှဲပြောင်း ရယူနိုင်ခဲ့ပါတယ်။

ဒီအချက်ဟာ ကျနော့်အတွက် ဂုဏ်ယူလေးစားထိုက်စရာပဲလို့ အောက်မေ့မိပါတယ်။ အားကျရပါတယ်။ ကိုယ့်တိုင်းပြည်ကိုလည်း တစေ့တစောင်း ပြန်လည်လှည့်ပြောင်း တွေးမိလို့ စိတ်မကောင်း ဖြစ်ရပါတယ်။

ကျနော်တို့မှာတော့ ကိုလိုနီလက်အောက်က လွတ်မြောက်ဖို့ နှစ်ပေါင်း ၁၀၀ ကျော် စောင့်ခဲ့ရပါတယ်။ မြန်မာ့လွတ်လပ်ရေး တိုက်ပွဲကာလ တလျှောက် လူပေါင်းများစွာရဲ့ အသက်၊ သွေး၊ ချွေးတွေ ပေးဆပ်ခဲ့ရတာပါ။ ဂျပန်နဲ့ အင်္ဂလိပ် အုပ်ချုပ်ရေး ခေတ်ကာလတွေ ဖြတ်သန်းခဲ့ ရပါတယ်။ နောက်ဆုံးမှာတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ အသက်ပါပေးပြီး လွတ်လပ်ရေး အရယူခဲ့ရပါတယ်။

ဒီ့နောက်မှာတော့ ပါတီစုံခေတ်၊ ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွေ ဖြတ်သန်းရပါတယ်။ အဲဒီခေတ်တွေကနေ အခု လက်ရှိ အစိုးရလက်ထက်ထိ တိုင်အောင် ကိုယ့်အချင်းချင်း တိုက်နေကြတုန်းပဲလားလို့ တွေးမိတိုင်း ရင်ထဲမှာ နာကျင်မိရကြောင်းပါ ခင်ဗျား … ။


ဂျပန်ရောက် ကိုသက်