www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
စနေ, ၂၃ နိုဝင်ဘာ ၂၀၁၉

Mizzima Burmese

Home > အာဘော်နှင့်အမြင် > အယ်ဒီတာ့ထံပေးစာ > ဂိတ်ကြေးတောင်းကြမ်း၊ လမ်းပြင်ဖို့ ငုတ်တုတ်မေ့နေတာ

ဂိတ်ကြေးတောင်းကြမ်း၊ လမ်းပြင်ဖို့ ငုတ်တုတ်မေ့နေတာ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်


သို့ အယ်ဒီတာ

ပဲခူး အနောက်ပိုင်းက ကျွန်းသာယာ အဝေးပြေးယာဉ်ဝင်းသစ် ကားဂိတ်မှာ် မော်တော်ယာဉ် လိုင်းပေါင်းစုံ စည်းကမ်းထိမ်းသိမ်းရေးကော်မတီ (မထသ) က ဂိတ်ဝင်ကြေးတွေတော့ကောက်တယ်။ ဒါပေမယ့် ဂိတ်ထဲက လမ်းတွေကတော့ ပျက်လို့၊ စီးလို့ဗျို့။

စကောက်ခဲ့တာက အရင်လက စပါတယ်။ မထသဥက္ကဌ ဦးသိန်းလွင်က နေ့တိုင်း မနက် ၆ နာရီမှ ညနေ ၄ နာရီထိ ဝတ်မပျက် ဆိုက်ကားတောင် မကျန်ပါဘူး ကောက်လိုက်တာမှ ကားကြီးတထောင်၊ ဟိုင်းလတ်ကားလေးဆို ငါးရာ၊ ဆိုက္ကား နှစ်ရာတဲ့ဗျာ။

တနေ့ကို ဒီ ကျွန်းသာယာ အဝေးပြေးကိုလာတဲ့ကားက အစီး ၅၀ ပြေးမလွတ်ပေါ့။

လမ်းတွေကတော့ဖြင့် ကျောက်ခဲစားသွားရင်တောင် အစာကြေမယ်။ အဝင်လမ်းကော အထွက်လမ်းကော ပျက်။

ပဲခူးစည်ပင်သာယာကပြောတော့ သူတို့နဲ့မဆိုင်ဘူးတဲ့။ အဝေးပြေးကားဂိတ်ကို ခယကက တိုက်ရိုက်ကိုင်တာတဲ့။ ဘယ်သူများ တာဝန်ရှိကြပါလဲဗျာ။

အမြင်မတော်လွန်းသူ
ပဲခူး