www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
အင်္ဂါ, ၂၆ စက်တင်ဘာ ၂၀၁၇

Mizzima Burmese

Home > အာဘော်နှင့်အမြင် > သဘောထားအမြင် > ချင်းတွင်းရေယာဉ် တည်ဆောက်ရေး လုပ်ငန်းများနှင့် အညာရွှေမြေဒေသ၏ မြန်နှုန်းမြင့် ကုန်သွယ်မှုစီးပွားရေး

ချင်းတွင်းရေယာဉ် တည်ဆောက်ရေး လုပ်ငန်းများနှင့် အညာရွှေမြေဒေသ၏ မြန်နှုန်းမြင့် ကုန်သွယ်မှုစီးပွားရေး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

လွန်ခဲ့သော နှစ်ပေါင်းသုံးဆယ်ကျော်အချိန်ခန့်က အထက်ချင်းတွင်းခေါ် အညာရပ်ဝန်းဒေသ၏ ကုန်သွယ်ရေးစနစ် သည် ပြန်ပြောင်း၍ ပြောပြသော် ယုံနိုင်ဖွယ်ရာမရှိဟု ဆိုရပေတော့မည်။

အဘယ်ကြောင့်ဆိုသော် ယခင်က ချင်းတွင်းမြစ်ကြောင်းအတိုင်း အထက်အညာအရပ်ဆီသို့ ကုန်စည်ကူးသန်း ရသည့် ရေယာဉ်ကြီးများမှာ လုံးထွန်းလှေကြီးများပင် ဖြစ်သည်။ ကိုယ်ခန္ဓာ အလွန်ဖွံ့ဖြိုးထွား ကြိုင်းလှသည့်
လှေထိုးလုပ်သားကြီးများသည် လှေထိုးဝါးလုံးကြီးများကို ပခုံးဖြင့်ထောက်၍ အားကုန်ထိုးပြီး လိုရာခရီးသို့ ရက်ပေါင်း များစွာ အချိန်အကုန်ခံ၊ လူအပင်ပန်းခံ၍ သွားလာခဲ့ရသည်။ ထိုစဉ်က ချင်း တွင်းမြစ်ကြောင်း၌ စက်တပ်ရေယာဉ် အစီးအရေအတွက်မှာ အနည်းငယ်ခန့်မျှသာ သွားလာနိုင်ခဲ့ခြင်း ဖြစ်သည်။ ထိုမှတစ်ဆင့် အထက်ချင်းတွင်းဒေသ၏ ကုန်သွယ်မှု ပို့ဆောင်ရေးလုပ်ငန်းများသည် ရွက် တိုက်လှေကြီးများကို တည်ဆောက် သုံးစွဲလာခဲ့ကြသည်။

၁၉၉၀ ပြည့်နှစ်လွန်ကာလများတွင် မြင်းကောင်ရေ ၁၈ ကောင်ခန့်ရှိ တစ်လုံးထိုး အင်ဂျင်စက်များကို ရေယာဉ် ကုန်းပတ်ပေါ်၌ တောင်ပံကားစနစ်ဖြင့် အထိုင်တပ်ဆင်ကာ ကုန်သွယ်မှု လျင်မြန်လာစေရန် အသုံးပုလာခဲ့ကြသည်။

ထိုအချိန်က ငွေရင်းငွေနှီး တတ်စွမ်းနိုင်သည့် ရေယာဉ်လုပ်ငန်းရှင်ကြီးများသည် “ဇွဲ ” အင်ဂျင်ဟုခေါ်သော လယ်ထွန်စက် အင်ဂျင်စက်ကြီးများကို ၀ယ်ယူ၍ ရေယာဉ်၌ တပ်ဆင် အသုံးပြုခဲ့ကြောင်း သိရသည်။

အဆိုပါကုန်သွယ်ရေး ရေယာဉ်ကြီးများသည် မုံရွာဆိပ်ကမ်းမှ ပို့ကုန်များဖြစ်သည့် စားသုံးကုန်မျိုးစုံ၊ အိမ်သုံးပစ္စည်း မျိုးစုံနှင့် စက်ပစ္စည်းမျိုးစုံတို့ကိုတင်ဆောင်၍ မနားမနေ ခုတ်မောင်းသွားလာခဲ့သော်လည်း ရေလမ်းခရီးမိုင် ၃၂၇ မိုင်ခန့်ရှိသည့် ဟုမ္မလင်းမြို့သို့ ရက်ပေါင်း ၂၀ ခန့်ကြာ ခုတ်မောင်းသွားလာ ခဲ့ရသည်ဟု သိရသည်။

ထိုစဉ်က ရေယာဉ်မော်တော် လုပ်သားများသည် တစ်နေ့လျှင် သုံးကြိမ်မှ ငါးကြိမ်ခန့်အထိ တိုင်အောင် ရေယာဉ်
အောက်သို့ဆင်း ရေငုတ်၍ လွှစာမှုန့်များ ရေယာဉ်အောက်သို့ စေလွှတ်ခဲ့ရသည်။ ထိုသို့ ပြုလုပ်ရခြင်းမှာ ရေယာဉ် ကိုယ်ထည်များသည် သစ်သားဖြင့် တည်ဆောက်ထားရှိပြီး သစ်သားတစ်ခုနှင့်တစ်ခု အဆက်ကြားတွင် ရေများ ယိုစိမ့်ဝင်ရောက်နိုင်ခြင်း မရှိစေရန်အတွက် ထိုသို့ ပြုလုပ်ပေးရခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း လမ်းခရီး၏ ကြာမြင့်ချိန်သည် လိုအပ်သည့်အချိန်ထက် ပိုမို၍ အချိန်ကြာခဲ့ရခြင်း ဖြစ်သည်။

ယင်း အခြေအနေများသည် သူ့ခေတ်နှင့်သူ့အခါတွင် ခေတ်မီသည်ဟု ဆိုနိုင်သော်လည်း ချင်းတွင်း ရေကြောင်း၌ ယနေ့ခေတ် ပြေးဆွဲလျက်ရှိသော ခေတ်မီ ကုန်တင်အမြန်ရေယာဉ်ကြီးများနှင့် နှိုင်းယှဉ်ကြည့် မည်ဆိုပါက လိုအပ်ချက်များစွာ ရှိနေခဲ့သည်ဟု ဆိုရပေမည်။ အကြောင်းမူကား ထိုစဉ်က အညာဒေသသို့ပြေးဆွဲနေသည့် ကုန်သွယ်ရေးရေယာဉ်ကြီးများသည် သစ်သားကိုယ်ထည်ကြီးများဖြင့် တည်ဆောက်ခဲ့ကြသည်။

ကုန်တင်ရေယာဉ်တစ်စီး တည်ဆောက်မည်ဆိုပါက ကျွန်းသစ်များ တန်ပေါင်းများစွာ အသုံးပြု တည်ဆောက် ခဲ့ရသည်။ ထို့အတွက်ကြောင့်လည်း သဘာဝအလှ ကျွန်းသစ်တောကြီးများ ပျက်ယွင်းခဲ့ရပြန်သည်။ သစ်တောများ ပျက်စီးခဲ့ရသော်လည်း ရေကြောင်း ကုန်သွယ်ရေးဆိုင်ရာ လုပ်ငန်းများသည် ထင်သလောက် ခရီးမပေါက် ဖြစ်ခဲ့ရ သည်။

သစ်သားကိုယ်ထည် ကုန်တင်ရေယာဉ်တစ်စင်းတွင် အမှတ်တကယ် လိုအပ်သော ရေယာဉ်လုပ်သားမှာ အနည်းဆုံး ငါးယောက်ခန့် လိုက်ပါကြရသည်။ ထို့သို့ လိုက်ပါရခြင်းမှာ ညအချိန်တွင် ရေကင်းစောင့်ခြင်း ဖြင့် ရေယာဉ်အား အလှည့်ကျ စောင့်ရှောက်ပေးရသည့်အတွက်ကြောင့် ဖြစ်သည်။ သစ်ကိုယ်ထည် ရေ ယာဉ်တစ်စီး၏ ထိန်းသိမ်း
စောင့်ရှောက်ရသည့် ၀န်ဆောင်စရိတ်မှာ ကြီးမားလွန်းသည့်အတွက် အမြတ် အစွန်းမှာ တွက်ချေမကိုက် ဖြစ်ခဲ့ရ
ကြောင်း သစ်သားကိုယ်ထည် ရေယာဉ်ပိုင်ရှင်တစ်ဦးမှ ပြောပြသည်။

၂၀၀၀ နှစ်ပြည့်လွန်နှင့် ချင်းတွင်းရေယာဉ်

ဆယ်စုနှစ်ကျော် ကာလမှစတင်၍ ချင်းတွင်းရေကြောင်း ကုန်စည်စီးဆင်းမှုသည် တဟုန်ထိုး မြင့်မားတိုး တက်လာခဲ့
ကြောင်း သိရသည်။ ထိုသို့ မြင့်တက်လာခြင်းမှာ သစ်သားကိုယ်ထည် ရေယာဉ်များ သုံးစွဲခဲ့ သည့် ခေတ်စနစ်မှ သံ ကိုယ်ထည်ရေယာဉ်များ ပြောင်းလဲ သုံးစွဲခဲ့သည့်စနစ်သစ်ကြောင့် ဖြစ်သည်ဟု ရေယာဉ်လုပ်ငန်းရှင်းများမှ ဆိုသည်။ ချင်းတွင်းမြစ်ကြောင်းအတွင်း နေ့စဉ်ပြေးဆွဲလျက်ရှိသည့် ခရီး သည်တင် အမြန်ရေယာဉ်များနှင့် ကုန်တင် အမြန်ရေယာဉ်ကြီးများသည် ချင်းတွင်းရေယာဉ် တည် ဆောက်ရေး လုပ်ငန်းခွင်မှ ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ချင်းတွင်းရေယာဉ် တည်ဆောက်ရေး လုပ်ငန်းခွင်သည် မုံရွာမြို့ သလ္လာဝတီဆိပ်ကမ်း အုန်းပင်ဆိပ်အနီးတွင် တည်ရှိ ပြီး သံကိုယ်ထည်ရေယာဉ် အမျိုးမျိုးတို့အား တည်ဆောက် ထုတ်လုပ်လျက်ရှိသည်။

ရေယာဉ်ကြီးများ ခေတ်မီလာသည်နှင့်အမျှ ကုန်စည်စီးဆင်းမှုသည်လည်း အလျင်အမြန် ဖွံ့ဖြိုးတိုးတက် လာတော့ သည်။ ချင်းတွင်းမြစ်ကြောင်းသွား ရေယာဉ်အများစုသည် ယခင်က သစ်သားကိုယ်ထည် ရေယာဉ်များကို သုံးစွဲခဲ့
ကြသော်လည်း ယခုအခါ ခေတ်မီသည့် သံကိုယ်ထည်ရေယာဉ်ကြီးများအား ပြောင်းလဲသုံးစွဲလာသည့် အတွက်
ရွှေအညာမြေ ကုန်စည်စီးဆင်းမှုနှုန်းသည် မြန်နှုန်းမြင့်စနစ်သို့ တဟုန်ထိုး ရောက်ခဲ့ရတော့သည်။

သံကိုယ်ထည် ရေယာဉ်ကြီးများသည် ကုန်စည်တန်ချိန်ပေါင်းများစွာကို တစ်နင့်တစ်ပိုး တင်ဆောင်၍ မုံရွာဆိပ်ကမ်းမှ ခုတ်မောင်းထွက်ခွာမည်ဆိုလျှင် မင်းကင်း၊ ကလေးဝ၊ မော်လိုက်မြို့များသို့ တစ်ညအိပ် နှစ်ရက်ခရီး၊ ဖောင်းပြင်၊ ဟုမ္မလင်းမြို့များသို့ သုံးညအိပ် လေးရက်ခရီး၊ ခန်္တီးမြို့သို့ ငါးညအိပ် ခြောက်ရက် ခရီးဆိုလျှင် သက်သောင့်သက်သာ
ဖြင့် သွားလာနိုင်တော့သည်။

ယခင်က အညာဒေသ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများသည် လနဲ့ချီ၍ကြာမြင့်စွာ ခုတ်မောင်းခဲ့ရသည့် ခရီးလမ်း များသည် ယခုအခါ ရေယာဉ်၏အရည်အသွေး မြင့်မားတိုးတက်လာခဲ့မှုကြောင့် ရက်ပိုင်းခရီး သာ ဖြစ်ရတော့သည်။
ဒေသတွင်း ကုန်စည်စီးဆင်းမှု မြန်နှုန်းမြင့် ဖွံ့ဖြိုးတိုတက်လာခဲ့ခြင်းမှာ ချင်းတွင်း ရေယာဉ် တည်ဆောက်ရေး လုပ်ငန်းများကြောင့် ဖြစ်သည်။ ထို့အတွက်ကြောင့်လည်း မြန်မာနိုင်ငံ၏ ရေ ချိုခရီးလမ်း ရေပါးသွား သံကိုယ်ထည်
ရေယာဉ်များ တည်ဆောက်မည်ဆိုလျှင် မုံရွာမြို့ရှိ ချင်းတွင်းရေ ယာဉ် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ လာရောက် တည်ဆောက်ကြသည်။

အဆိုပါရေယာဉ်တည်ဆောက်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ရေယာဉ်တည်ဆောက်ရေး လုပ်သားကြီးများလည်း အလုပ်အကိုင်အခွင့်အလမ်းများ ပိုမို ဖြစ်ထွန်းလာရတော့သည်။