www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
အင်္ဂါ, ၂၆ စက်တင်ဘာ ၂၀၁၇

Mizzima Burmese

Home > အာဘော်နှင့်အမြင် > သဘောထားအမြင် > သတင်းထောက်တစ်ဦး၏ မှတ်စု

သတင်းထောက်တစ်ဦး၏ မှတ်စု

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

သတင်းထောက်တွေရဲ့အသက်ဟာ သူတို့ရဲ့ဒိုင်ယာရီမဟုတ်ပါဘူး။ မှတ်စုစာအုပ်ပဲ ဖြစ်ပါတယ်။ ဒီ ဆောင်းပါးမှာ
တော့ အဲဒီမှတ်စုစာအုပ်ဆိုတာနဲ့စပြီး နိဒါန်းပျိုးလိုက်ပါတယ်။

သတင်းထောက်တို့ရဲ့လက်စွဲတော်မှတ်စုစာအုပ် (Reporter’s Notebook)

ဘာဖြစ်လို့ သတင်းထောက်တစ်ယောက်ရဲ့အသက်ဟာ Notebook ဖြစ်နေရသလဲဆိုတော့ အကယ်၍ လူ တစ်ယောက်ဟာ (သတင်းထောက်အချင်းချင်းပဲဖြစ်ဖြစ်) သတင်းထောက်တစ်ယောက်ကို ဒုက္ခ ရောက်စေချင် တယ်ဆိုရင် အဲဒီသတင်းထောက်ရဲ့ Notebook ရယ်၊ ဖုန်းစာအုပ် (ကျွန်တော်တို့အခေါ် Source စာအုပ်) ရယ်
နှစ်ခုလုံးစကိုသာ ၀ှက်ထားလိုက်၊ အဲဒီသတင်းထောက်ဟာ ဘယ်သတင်းမှလိုက် လို့မရအောင် အခက်တွေ့သွား
စေပါတယ်။ ဒါကြောင့် သတင်းထောက်တွေဟာ သူတို့ရဲ့ Notebook နဲ့ Source စာအုပ်ကို ဘုရားစာအုပ်ထက် တန်ဖိုးထားတတ်ကြပါတယ်။ ပျောက်သွားရင် ဘယ်တော့မှပြန် ၀ယ်လို့မရ၊ အစားထိုးလို့လည်း မရတော့တဲ့ အတွက်ပါ။

ဒါပေမဲ့ ဒီနေ့ ခေတ်ပေါ်သတင်းထောက်တချို့ကတော့ ဘယ်လိုဖြစ်တယ်မသိဘူး။ ပွဲတစ်ခုမှာ၊ ဒါမှ မဟုတ်၊ သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာတွေ့လိုက်ရင် ဗ၄ စာရွက်ကို ခေါက်ပြီးရေးမှတ်နေတာပဲတွေ့ရ ပါတယ်။ ကျွန်တော် သတင်းထောက်ဖြစ်စက အဲဒီလိုမျိုးတွေတွေ့ရင် တော်တော်အံ့သြပါတယ်။ ကျွန် တော်တို့ သတင်း
ထောက်သင်တန်း၊ သတင်းလိုက်နည်း သင်တန်းတွေတုန်းက အဲဒီလိုမျိုးအချက် (စည်း ကမ်း)တွေကို ကျွန်တော်တို့ ကို သင်ပြပေးတဲ့ဆရာတွေက တိတိကျကျသင်ကြားပေးခြင်းခံထားရတော့ အဲဒီလိုမျိုးတွေမြင်ရင် ကျွန်တော့် အတွက်ဝေခွဲရခက်စေပါတယ်။ ပြီးတော့ အဲဒီလိုလုပ်နေတဲ့ သတင်း ထောက်တွေဆိုတာဟာလည်း တစ်ခါတလေမှာဂျာနယ်တိုက်တစ်တိုက်ရဲ့ အယ်ဒီတာအဆင့်ရှိတဲ့သူ တွေ ဖြစ်နေတတ်ပါတယ်။ အဲဒါဟာ သတင်းထောက်တွေမလုပ်သင့်တဲ့ တော်တော်ဆိုးတဲ့ အချက်တစ် ခုပါ။

ကြားဖြတ်ပြီး တစ်ခုပြောချင်ပါသေးတယ်။ မင်းကိုနိုင်တို့၊ ကိုကိုကြီးတို့ လွတ်လာပြီးနောက်ပိုင်း တော်ဝင်စင်တာမှာ ၈၈ မျိုးဆက်ကျောင်းသားများ သတင်းစာရှင်းလင်းပွဲလုပ်တယ်ဆိုတာ ကြားကြပါလိမ့်မယ်။ အဲဒီမှာ မင်းကိုနိုင်တို့၊ ကိုကိုကြီးတို့ကအားပါတဲ့ စကားတစ်ခွန်း၊ နှစ်ခွန်းပြောလိုက်ရင် သတင်းထောက် တွေရော၊ အဲဒီပွဲကို ရောက်လာ ကြတဲ့သူတွေပါ ခဏခဏလက်ခုပ်တီးကြပါတယ်။ သူတို့ ပြောတဲ့ တချို့ စကားတွေဟာ တကယ်ကောင်းချီးပေးဖို့
ကောင်းတဲ့စကားတွေ ဖြစ်ပါတယ်။

ဒါပေမဲ့ သတင်းထောက်ဆိုတာဘယ်သူ့ကို ထောက်ခံပြီးတော့၊ ဘယ်သူပြောတာ သဘောကျပြီးတော့ အားပေး
ခြင်း၊ အော်ဟစ်ခြင်း၊ လက်ခုပ်တီးခြင်း မလုပ်ရပါဘူး။ တကယ်လို့ အားပေးချင်တယ်၊ လက်ခုပ်တီးချင်တယ်ဆိုရင် ကိုယ့်ရဲ့သတင်းလိုက်ချိန် မဟုတ်တဲ့ကိုယ်ပိုင်အချိန်တွေမှာ တခြားနေရာတွေမှာသာ ပြုလုပ်နိုင်ပါတယ်။ အဲဒီ (၈၈ မျိုးဆက်သတင်းစာရှင်းလင်းပွဲ) မှာ သတင်းထောက်တွေ လက်ခုပ်တီး တယ်ဆိုတဲ့ သတင်းဟာသတင်းစာ၊ ဂျာနယ်လောက၊ သတင်းထောက်လောကမှာ တော်တော်နာမည် ကြီးသွားပါတယ်။ ဆရာလူထုစိန်ဝင်းတောင် အဲဒါနဲ့ ပတ်သက်ပြီး ဆောင်းပါးရေးလိုက်သေးတယ်။

ဒါတွေကို ဒီလိုပြောလို့ ဘယ်စာအုပ်ထဲမှာရေးထားလဲ၊ ဘယ်သူက ပြောလဲလို့ပြောရင် ကျွန်တော့်မှာ ဖြေစရာ မရှိပါ ဘူး။ တိတိကျကျ ရေးထားတဲ့စာအုပ်လည်း မရှိပါဘူး။ ဒါပေမဲ့ သတင်းထောက်တွေမှာ၊ သတင်းလောကမှာ မပြောဘဲ၊ ရေးမထားဘဲ နားလည်ရမယ့် စည်းကမ်းတွေအများကြီးပါပဲ။ အဲဒါကို သတင်းထောက်တွေ သတင်းလိုက်
နေရင်းသာ သင်ယူတတ်မြောက်ကြတာပါ။ ဘယ်သူ့ကိုမှ ဂရုမစိုက် ဘူး။သတင်းရေးနေရင် ပြီးရောဆိုတဲ့သတင်း
ထောက်တွေလည်း အများကြီး ရှိပါတယ်။

“ဟကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်နေရင်လည်း မတတ်နိုင်တော့ပါဘူး။ကျွန်တော် ပြောမိသွားပါပြီ”

ကျွန်တော်တို့ရဲ့ Notebook အကြောင်းကို ဆက်ပါမယ်ခင်ဗျာ။

သတင်းထောက်တွေရဲ့ Notebook တွေ ထဲမှာရက်စွဲတွေ၊ ဖုန်းနံပါတ်တွေ၊ ထင်တာတွေ လျှောက်ရေးထား တာတွေ၊ ပန်းချီပုံတွေ၊ သတင်းအစတွေ၊ ပြောစကား (ကျွန်တော်တို့အခေါ်ကုတ် “Quote”) တွေ၊ အင်တာဗျူးတွေ၊ တခြားတခြား စုံစီနဖာတွေနဲ့ ပြည့် နှက်နေတတ်ပါတယ်။

နိုင်ငံတကာရဲ့အယူအဆ၊ ထုံးတမ်းစဉ်လာအရလည်း သတင်းထောက်ဒါမှမဟုတ် အယ်ဒီတာဒါမှမဟုတ် သတင်း စာတိုက်တွေ နဲ့ ပတ်သက်ပြီးတရားစွဲဆိုတဲ့ ကိစ္စတွေလိုမျိုးမှာတရားစွဲဆိုခံရတဲ့ သတင်းထောက်ရဲ့ Notebook ကို သက်သေခံထားပါတယ်။ Notebook ကို အဓိကထားပြီး ကြည့်ပါတယ်။နောက်ပြီးတော့ သတင်းထောက်ရဲ့ သက်သေခံပစ္စည်းလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ကျွန်တော်တို့နိုင်ငံမှာတော့ သတင်းထောက်တွေဟာ Notebook ကို သိပ်ဦးစား မပေးကြပါဘူး။ နောက်ပြီးတော့ သတင်းနဲ့ ပတ် သက်ပြီးတော့လည်း ဒီနေ့ထက်ထိထူးထူးခြားခြား တရားစီရင်ခဲ့ရတဲ့ကိစ္စတွေလည်း မရှိတော့ Notebook ဟာအရောင်ညှိုးနွမ်းနေပါတော့တယ်။ (နုတ်ဘုတ်ရဲ့ ဘုန်းသမ္ဘာဟာအရောင် အ၀ါမတောက်ပနိုင်သေး ဘူးလို့လည်း ပြောနိုင်မပေါ့)

ဖုန်းနှင့် သတင်းလိုက်ခြင်း

သတင်းလိုက်တဲ့အခါ ဖုန်းနဲ့လိုက်ရတဲ့အခါတွေလည်း ရှိပါတယ်။ ဖုန်းနဲ့ သတင်းလိုက်တာကို သဘော မကျကြတဲ့သူ
တွေ (စာဖတ်ပရိတ်သတ်တွေ) လည်း ရှိပါတယ်။

ကျွန်တော်တို့ သတင်းထောက်တွေဟာ သတင်းကိုဘယ်တော့မှ ဖုန်းနဲ့မလိုက်ချင်ကြပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ မှားလွယ်လို့ပါ။ နောက်ပြီး ဘာသာစကားအကောက်အယူ၊ အသံနေအသံထား ကွဲပြားနိုင်လို့ ပါ။ အဲဒီနှစ်ခု လွဲသွား တာနဲ့ သတင်းဟာလွဲပါပြီ။ သူပြောတာက အပြုသဘောပြောတာ၊ အဲဒါကို ဖုန်းနဲ့ နားထောင်ရတော့ ကိုယ့်နားထဲမှာ တစ်မျိုးကြားပြီး အဖျက်သဘောလို့ နားလည်လိုက်ပြီးရေးလိုက်ရင် သွားပြီပေါ့။ ပြောသူရဲ့ မျက်နှာကိုလည်း မြင်မှ မမြင်ရတာကိုး။ ဘယ်လိုမှ မတတ်နိုင်ရင်တော့တဲ့အဆုံး ဒါမှမဟုတ် ရပ်ဝေးသတင်း၊ နယ်သတင်းတွေကိုသာ ဖုန်းနဲ့ လိုက်လေ့ရှိပါတယ်။ ကျွန်တော်ရဲ့ အတွေ့ အကြုံလေးတစ်ခု ပြောပြချင်ပါတယ်။

လွန်ခဲ့တဲ့ ငါးလလောက်က ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခါဟာဆီနာ မြန်မာနိုင်ငံလာတုန်းက သမ္မတ ဦးသိန်းစိန်နဲ့
တွေ့ပါတယ်။ အဲဒီမှာ ဦးသိန်းစိန်က ဘင်္ဂလားဒေ့ရှ်က မြန်မာဒုက္ခသည် (ရိုဟင်ဂျာ) တွေကို မြန်မာနိုင်ငံထဲကို တရားဝင်ဝင်ခွင့်ပြုမယ်ဆိုပြီးတော့ ကတိပေးလိုက်ပါတယ်။ အဲဒီသတင်းကို ကျွန်တော် ရတာက  Hindu Times ရဲ့ twitter စာမျက်နှာကပါ။ (နောက်နေ့နိုင်ငံပိုင်သတင်းစာမှာတော့ “နှစ်နိုင်ငံ တိုးတက်ရာ တိုးတက်ကြောင်းများအား ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်” လို့သာ ရေးထားပါတယ်) သတင်းကြားကြားချင်း ဒီကိစ္စဟာချက်ချင်းရေးရမယ့် သတင်းလို့ ကျွန်တော်သဘောပေါက်လိုက်ပါ တယ်။ ကျွန်တော့်အယ်ဒီတာကလည်း လာပြောပါတယ်။ အဲဒီသတင်း ကို ရေးကွာတဲ့။ အဲဒါနဲ့ သတင်း ရေးဖို့ ပြင်ရပါတယ်။

ဒီလိုသတင်းမျိုး ရေးရတဲ့နေရာမှာ ပုံစံလေးတွေရှိပါတယ်။ တကယ်လို့ ဒီနေရာမှာ Hindu Times က သတင်းကို တိုက်ရိုက်ဘာသာပြန်လိုက်ရင် ဒီသတင်းကဂျာနယ်ရဲ့ နောက်ကျော (Back Cover) ရောက် သွားမှာ ဖြစ်သလို၊
မြန်မာစာဖတ် ပရိသတ်တွေကသူတို့နဲ့ တိုက်ရိုက်ပတ်သက်မှု မရှိဘူးလို့လည်း အထင်ရောက်သွားစေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ (အထူးသဖြင့် ဂျာနယ်တွေမှာပါလေ့ရှိတဲ့) နိုင်ငံတကာ သတင်းတွေကို ဖတ်တဲ့စာဖတ် ပရိတ်သတ်က နည်းပါတယ်။

ပြီးတော့ ပြည်တွင်းသတင်းစာမျက်နှာပေါ်မ ရောက်တော့သတင်းရဲ့အနီးအဝေးကွာဟမှု (Proximity) ဟာ လျော့ ကျ သွားပါမယ်။ သတင်းဆိုတာ စာ ဖတ်သူရဲ့ အနီးဆုံးမှာရှိလေ၊ အနီးဆုံးမှာဖြစ်နေလေ အဲဒီသတင်းဟာပိုပြီး တန်ဖိုးရှိလေပါပဲ။ ဒါမှ သူတို့ကို တိုက်ရိုက်သက်ရောက်မှာကိုး။ ဒါကြောင့် ကျွန်တော်ကဒီသတင်းနဲ့ ပတ်သက်ပြီး
ဒေသခံ (ဒီကိစ္စဖြစ်ရင် အကျိုးသက်ရောက်မှုကို အဓိကခံရမယ့်သူတွေ) ရဲ့အသံ (ကုတ်-Quote) တွေထည့်ဖို့ စဉ်းစားပါတယ်။

ဘယ်သူတွေရဲ့အသံကဒီသတင်းကို ပိုပြီးကြွစေမလဲ။ ဒီသတင်းနဲ့ပတ်သက်ပြီး အဓိကထင်မြင်ချက်ပေး နိုင်မယ့် Source (သတင်းရင်းမြစ်) တွေက ဘယ်သူတွေလဲ။

သတင်းကိုပြန်ကြည့်တော့ တကယ်လို့ဒုက္ခသည်တွေကိုသာဝင်ခွင့်ပြုလိုက်ရင် ဘယ်နေရာတွေမှာ ပြဿနာ ရှိနိုင်လဲ ဆိုတော့ ဘင်္ဂလားဒေ့ရှ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အဓိကနေရာကရခိုင်ပြည်နယ်ပါ။ ဆိုတော့ ရခိုင်မှာရှိတဲ့ ဒေသခံတွေ၊ လွှတ်တော်အမတ်တွေ၊ ရခိုင်မှာနေထိုင်တဲ့ အစ္စလာမ်ကိုးကွယ်သူ တွေ၊ ကမန်လူမျိုး
တွေကို ကျွန်တော်ဖုန်းနဲ့လှမ်းပြီး အင်တာဗျူးရပါတယ်။ အဲဒီမှာ စတော့တာပါပဲ။ ကျွန်တော်က ရခိုင်စကား အတန်အသင့် နားလည်ပါတယ်။ ဒါပေမဲ့တကယ့် နယ်စွန်နယ်ဖျားက တိုင်းရင်းသားတွေ ပြောလာပြီ ဆိုရင်တော့
တော်တော်လေးနားစွင့်ပြီး၊ ဂရုစိုက်ပြီး နားထောင်ရပါတယ်။ ရိုးရိုးသားသားပြောရရင် နားမလည်တာတွေက ပိုများပါတယ်။

နောက်ပြီးတော့ အဲဒီလို မေးခံရတဲ့သူဆီမှာရော၊ လက်ရှိအနေအထားမှာပါ ဖြစ်ပျက်နတဲ့ သတင်းမျိုးကိုမေးရတာ
တော်တော်ဆိုးပါတယ်။ သတင်းထောက်တွေအတွက် အခက်တွေ့စေတဲ့ အခြေအနေတစ်ခုပါ။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ကိုယ်တိုင် အဲဒါကိုမသိသေးဘူး။ ဒီကိစ္စ တကယ်ဟုတ်ရဲ့လား၊ မဟုတ်ဘူးလားဆိုတာကို သူတို့ မသိတဲ့ မျက်နှာလည်းမမြင်ရတဲ့ ကျွန်တော်သတင်းထောက်ပါဆိုတဲ့ ငတိလေး ကပြောနေတာဆိုတော့၊ သူတို့ ကိုယ်တိုင်ပြောရမှာကို ခပ်ခက်ခက်ဖြစ်နေလေ့ ရှိပါတယ်။ နောက်ပြီး ဒေ သိယစကားသံတွေကို ခံစားမှုနဲ့
ရောထွေးပြီး ပြောတဲ့အခါကျတော့ ကျွန်တော်တို့ဒီဖက်ကနားထောင်နေ ရတဲ့သူတွေ သေပြီပေါ့။

ကျွန်တော်မေးတဲ့သူဟာ ရိုဟင်ဂျာဆိုခဲ့ရင် ဒီလိုဦးသိန်းစိန်က ကတိပေးတဲ့အပေါ်ခင်ဗျားတို့အနေနဲ့ ဘယ်လို သဘောရလဲပေါ့။ သူက ပြန်ဖြေမယ်။ “ကြိုဆိုပါတယ်။ ဒါမှမဟုတ် စဉ်းစဉ်းစားစားလုပ်ကြရမယ့်ကိစ္စပါ။ မဖြစ်နိုင် ဘူး” စသဖြင့် ရခိုင်တိုင်းရင်းသားတွေကို မေးမယ်ဆိုရင်လည်း “ဒီကိစ္စကို ကန့်ကွက်ပါတယ်။ ဒီကိစ္စဟာမဖြစ်သင့်တဲ့ ကိစ္စပါ။ လက်လွတ်စပယ် လုပ်လို့မရဘူး။ ဒါမျိုးဆိုတာ သေချာစဉ်းစားရပါမယ်” စသည်ဖြင့် ရခိုင်ပြည်နယ် လွှတ်တော်အမတ်တွေ၊ ပြည်ထောင်စုလွှတ်တော်မှာရှိတဲ့ တိုင်းရင်းသားအမတ် တွေကိုလည်း မေးရပါတယ်။
နေရာစုံအောင်၊ နယ်ပယ်စုံအောင်လည်း မေးရပါတယ်။ ဘက်နှစ်ဖက်စလုံး ကိုလည်း မထိခိုက်ရစေတဲ့၊ ယုတ်္တိ ကျတဲ့၊ နှစ်ဘက်လုံးရဲ့ အသံတွေလည်းဖြစ်တဲ့၊ သတင်းခေါင်းစဉ်ကို တိုက်ရိုက် Support လုပ်ပေးနိုင်မယ့်အားရှိတဲ့ ကုတ် (Strong Quote) မျိုးကို ရအောင်မေးရပါတယ်။

ဖုန်းခွက်ပူလာအောင်မေး၊ ပြောတဲ့သူက ပြန်ပြော၊ နောက်ဆုံး ဒီသတင်းနဲ့ပတ်သက်ပြီး ကျွန်တော်လိုချင်တဲ့ ရှုထောင့်ကို အတည်ပြုနိုင်ဖို့လူတစ်ယောက်ကို မိနစ် ၂၀ လောက် ပြောလိုက်ရပါတယ်။ လူ ၁၀ ယောက်
လောက်ကို နယ်ပယ်စုံအောင်မေးရတာဆိုတော့ အဲဒီနေ့ကတော်တော် ခေါင်းခြောက်သွားပါတယ်။ နားတွေလည်း အူလို့။ တကယ်လို့ ကျွန်တော်တို့ကမေးတယ်။ source က မပြောဘူး။ ထင်မြင်ချက်လည်း မပေးနိုင်ဘူး ဆိုရင်တော့ အဲဒီသတင်းကိုလံကြုတ်လုပ်ပြီးရေးလို့ မရပါဘူး။ နောက်ရှုထောင့် (News Angle) တစ်မျိုးရေးနိုင်အောင် စဉ်းစားရ ပါတယ်။

ဒီလိုသတင်းမျိုးကို ဖုန်းနဲ့ပဲ လိုက်လို့ရမှာပေါ့ဗျာ။ ဒါမှမဟုတ်ရင်လည်း သတင်းကြားကြားခြင်း ရခိုင်အထိ၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်အထိ ဟယ်လီကော်ပတာနဲ့သွား၊ ရခိုင်ဒေသခံများ၏ ရင်တွင်းခံစားချက်များ ဆိုပြီးတော့ သူတို့ကို အင်တာဗျူး၊ ဒါမှမဟုတ် တိုက်ရိုက် Live လွှင့်ရတော့မှာပဲ။

ဘယ်လိုပဲဆိုဆို အဲဒီသတင်းကို ကျွန်တော်အောင်အောင်မြင်မြင်ရေးနိုင်ခဲ့ပါတယ်။