www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
ဗုဒ္ဓဟူး, ၂၃ မေ ၂၀၁၈

Mizzima Burmese

Home > အာဘော်နှင့်အမြင် > သဘောထားအမြင် > လူရွှင်တော် အာဇာနည်

လူရွှင်တော် အာဇာနည်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

“အာဇာနည်ဆိုတာ အမျိုးမျိုးရှိပါတယ်။ ကျောင်းသားအာဇာနည်၊ တပ်မတော်သား အာဇာနည်ဆိုတာ ရှိသလို လူရွှင်တော် အာဇာနည်များလည်း ရှိတာပါပဲ”တဲ့။

အထက်ပါစကားကို “နယက” တစ်ခေတ်မှာ ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်တော့ ပရိသတ်ရဲ့ လက်ခုပ်သံ
တွေ လျှံထွက်သွားပါတယ်။ လူရွှင်တော်အာဇာနည်ဆိုတော့လည်း ဒီစကားဟာ တော်တော်ကို သဘောကျစရာ ပါပဲ။ အမှန်တကယ်ရော မဟုတ်လို့လား။ မရှိလို့လားဆိုတော့ ရှိပါတယ်။ ရှိရင်ပြော လေဆိုတော့ ပြောရမှာပေါ့။ “၈၈ အရေးတော်ပုံမှာ အမည်တွင်ခဲ့တာက သတ်ရဲတာ အာဏာရှင်၊ သေရဲတာ ကျောင်းသား၊ ပြောရဲတာ ဇာဂနာ” ပဲလေ။

ကိုဇာဂနာတို့ ငြိမ့်ချမ်းရေးပွဲတော်ကို ဦးစီးကျင်းပတော့ လူရွှင်တော်တွေ ပြက်လုံးထုတ်တဲ့ ဇာတ်ဝင်ခန်း တစ်ခုမှာ ဗိုလ်ချုပ်စစ်ဝတ်စုံဝတ်ပြီး ထွက်လာသူကို “မင်းခံယူချက်က ဘာလဲ”လို့မေးတော့ “တပ်မတော် သာအမိ တပ်မတော်သာ အဖ” ပါတဲ့။ “မင်း အခု ဘာဖြစ်ချင်လဲ”ဆိုတဲ့ မေးခွန်းကိုတော့ “မိဘမဲ့ ဖြစ်ချင်ပါ တယ်”လို့ လည်းဖြေလိုက်ရာ ပရိသတ်ကြီးရဲ့ လက်ခုပ်သံဟာ သောသောညံသွားပါတော့တယ်။ ပြည်သူ ချစ်တဲ့ တပ်မတော်
ဖြစ်ဖို့ရာ ဘယ်လိုခံယူချက် ထားရှိသင့်တယ်ဆိုတာ လူရွှင်တော်တွေကလည်း အနုပညာနဲ့ ပြုပြင်ပေးလို့ ရနိုင်ကောင်း ပါရဲ့။

ရှေးက ရှင်ဘုရင်များ နှစ်ဟောင်းမှ နှစ်သစ်အကူးမှာ နှစ်ဟောင်းက အားနည်းချက်တွေ နှစ်သစ်မှာ ပါမလာဖို့ သင်္ကြန်သံချပ်များ နားဆင်ပြီး ပြုပြင်ကြရတယ်လို့ ကြားဖူးပါတယ်။ အာဏာရှင်ခေတ်မှာတော့ သင်္ကြန်သံချပ်တွေ ထိုးရပ်သွားခဲ့ရပြီး ယခုတော့ တစ်ကျော့ပြန် ရှင်သန်လာပါတယ်။ ခေတ်တစ်ခုရဲ့ ပြု ပြင်ရမယ့်ကိစ္စတွေကို မီးမောင်းထိုးပြနိုင်တာ သံချပ်ပါပဲ။

မကြာခင်က မြန်မာငြိမ်းချမ်းရေးပွဲတော်ကို အမျိုးသားကဇာတ်ရုံမှာ အောင်မြင်စွာ ကျင်းပ ပြုလုပ်နိုင်ခဲ့ပါ တယ်။
မြန်မာ့ငြိမ်းချမ်းရေးအမည်နဲ့ မြန်မာ့ရိုးရာ အငြိမ့်ပြိုင်ပွဲများကို ပြန်လည် ပေါ်ပေါက်လာအောင် ဦးဆောင် ကျင်းပခဲ့ သူ လူရွှင်တော် ကိုဇာဂနာကတော့ အင်မတန် ကျေးဇူးတင်စရာ ကောင်းလှပါတယ်။ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်ပွဲတော်ပါ။

ဒီနေရာမှာ အမည်မဖော်လိုတော့တဲ့ လူရွှင်တော်တစ်ဦးက ဘယ်လို ဝေဖန်သလဲဆိုတော့ နိုင်ငံရေးပြက်လုံးတွေပဲ ပြိုင်ပြောနေကြတယ်။ ပရိသတ်က လက်ခုတ်တီးပြီးပဲ အားပေးတယ်။ စာပေဟောပြောပွဲမှာ နိုင်ငံရေးပြောတော့ လက်ခုတ်တီးသလို ဖြစ်နေတယ်။ “လူရွှင်တော်ဆိုတာ ပရိသတ်ကို စိတ်ထဲက တ ကယ် ရယ်ရွှင်နေအောင် စွမ်းဆောင်နိုင်ရမယ်။ နိုင်ငံရေးတွေ ပါနေတာကလွဲရင်တော့ ကောင်းပါတယ်” တဲ့။ သူက အငြိမ့်နဲ့ နိုင်ငံရေး မဆိုင်ဘူးဆိုတာမျိုး ပြောချင်ပုံရပါတယ်။ ဒါ သူ့ခံယူချက်ပါပဲ။ အနုပညာမှာ နိုင်ငံရေး မစွက်သင့်ဘူးဆိုတဲ့ သဘောပါပဲ။

ကျွန်တော် သူ့ကိုတွေ့ရင် ဆွေးနွေးချင်ပါတယ်။ ခုတော့ ဒီဆောင်းပါးထဲကပဲ ဆွေးနွေးရပါတော့မယ်။ ကျွန်တော်တို့ စာပေအနုပညာမှာ ဟာသစာပေနှစ်မျိုး ရှိပါတယ်ဆိုရင် တစ်မျိုးက ရိုးရိုးဟာသနဲ့ နောက် တစ်မျိုးကတော့ သရော် စာ ဟာသစာပေပါပဲ။ ဟာသစာပေတွေထဲမှာ သရောစာ ဟာသစာပေဟာ အ မြင့်ဆုံး သတ်မှတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးပါလို့ပါပဲ။ နိုင်ငံရေးကို နိုင်ငံခေါင်းဆောင် တွေရဲ့ မှားကွက် အားနည်းချက်တွေကို
ထောက်ပြနိုင်၊ ပြုပြင်နိုင်စွမ်းရှိလို့ သရောစာဟာ အမြင့်စာပေ ဖြစ်ရတာပါ။

သူသတိမထားတာ တစ်ခုရှိပါတယ်။ အဲဒါကတော့ “အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့”အထိမ်းအမှတ်အဖြစ် ဒီအငြိမ့်ပွဲတော်ကို ကျင်းပတာဆိုတာပါပဲ။ ဒီတော့ နိုင်ငံရေး ပါလာပါပြီ။ ငြိမ်းချမ်းရေးဟာ နိုင်ငံရေးကိစ္စပါ။ သာမန် ကိစ္စ မဟုတ်ပါ။ နှစ်ဖက် ပြုပြင်သင့်တာတွေ ပြုပြင်ဖို့ တိုင်းသူပြည်သားတွေ၊ မီဒီယာတွေက ထောက်ပြရပါတော့ မယ်။

ဒီနေရာမှာ ဟာသအနုပညာရှင်တွေကလည်း နိုင်ငံရေး၊ ငြိမ်းချမ်းရေးအတွက် တိုးတက်ပြုပြင်နိုင်အောင် သရော်တဲ့ ဟာသတွေနဲ့ ထောက်ပြဖို့ ရှိလာပါတယ်။ ဒီပြိုင်ပွဲမျိုးမှာမှ ထောက်မပြနိုင်ဘူးဆိုရင်တော့ နောက်တစ်နေရာဆိုတာ မလွယ်ကူပါ။ လာရောက်အားပေးတဲ့ ၀န်ကြီးဟာ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌပါ။

သူကိုယ်တိုင်လည်း နိုင်ငံရေးပြက်လုံးတွေမှာ ပြည်သူတွေနဲ့ လက်ခုပ်သံထပ်တူ အားပေးသွားတာပါ။ လူရွှင်တော် တစ်ယောက်ကဆိုရင် ပရိသတ်အကြိုက်ဆုံး လူရွှင်တော်ဆုဆိုပြီး ၀န်ကြီးကိုပေးပါတယ်လို့ ရင်းနှီးပျော်ရွှင်စွာ အရွှမ်းဖောက်တောင် သွားပါသေးတယ်။ ကျွန်တော်လည်း ဟားငါးကောင်ရဲ့နိုင်ငံရေးပြက်လုံးတွေကို သဘောတွေ့ လွန်းလို့ မျက်ရည်ထွက်အောင် ရယ်မော အားပေးခဲ့ရပါတယ်။ လက်ခုပ်သံဆိုတာ သူ့ဟာသအဆင့်ကို အသိအမှတ်
ပြုတာပါ။

ကျွန်တော်တို့နိုင်ငံမှာ အမြင့်ဆုံးဟာသပညာရှင်ဟာ ကိုဇာဂနာပါ။ ပြည်သူတွေက သူ့အနုပညာ၊ သူ့ဟာသ၊ သူ့နိုင်ငံ
ရေး သရော်ကွက်တွေကို လေးစားကြပါတယ်။ လက်ဖက်ရည်ဝိုင်းကအစ အရက်ဆိုင်ဝိုင်းအဆုံး သူ့ဟာသတွေ စိုးမိုးလျှက်ပါပဲ။ နိုင်ငံတကာကပေးတဲ့ဆုတွေကို သူရရှိခဲ့တာ ဘာကြောင့်လဲဆိုရင် သူ့ရဲ့ပြောင်မြောက်လှတဲ့
နိုင်ငံရေး သရော်ကွက်တွေ၊ သတ္တိတွေကြောင့်ပါ။“ကြောက်မွေးပါရင် ဇာဂနာနဲ့ နှုတ်ပါတဲ့။ အမည်ခွဲကတော့
မောင်သူရပါတဲ့”

မိမိက နိုင်ငံရေးသရော်တဲ့ဟာသမှာ အားနည်းတာ အပြစ်တော့ မဟုတ်ပါ။ ဒါပေမယ့် သရော်တဲ့ ဟာသပညာဆို တာ မြင့်မားတဲ့ ဘာသာရပ်တစ်ခုဆိုတာ လက်ခံတတ်ရပါမယ်။ ဒါ လူတိုင်းပိုင်ဆိုင်နိုင်တဲ့ အခွင့်အရေးတော့ မဟုတ်ပါ။ တချို့ဟာသပညာရှင်တွေ နိုင်ငံရေးပါအောင် ပြက်လုံးထုတ်သွားသော်လည်း ဟာသမမြောက်နိုင်တာ ဟာ သူတို့ကိုယ်တိုင် ဒီလိုပညာရပ်မှာ ကျွမ်းကျင်မှု အားနည်းနေတာကို ဖော်ပြ နေပါတယ်။ သူ့ပါရမီနဲ့လည်း သက်ဆိုင်ပါတယ်။

သူလုပ်လို့ဖြစ်တိုင်း ငါလုပ်လို့ ဖြစ်တယ်ဆိုတာ အနုပညာမှာ မရှိပါဘူး။ ဒါဟာ အနုပညာရဲ့ သိမ်မွေ့မှုကြောင့်ပါ။ ကိုဇာဂနာရဲ့အပေါ်ကို ကျန်တဲ့လူတွေ ရောက်မလာနိုင်တာဟာ နမူနာပါပဲ။ “သူက နိုင်ငံရေး ပြက်လုံးပဲ ကောင်း တာပါကွာ”လို့ သွားပြောလို့ မရနိုင်ပါဘူး။ နိုင်ငံရေးလို့ဆိုလိုက်တာနဲ့ မိသားစုရေး ရပ် ရွာရေးတွေထက် ကျယ်ပြန့် သွားပါပြီ။ သူ့ထက်ကျယ်ပြန့်တာဆိုလို့ ကမ္ဘာ့အရေးပဲ ရှိပါတော့တယ်။ ဒါ ကြောင့် သူ့ကို နိုင်ငံရေးအသိုင်းအ၀ိုင်း က လေးစားကြတာပါ။

တော်စတွိုင်းရဲ့ “စစ်နဲ့ငြိမ်းချမ်းရေး ၀တ္ထု” ကြီးဟာ ဘာကြောင့် ယနေ့အထိ ၀တ္ထုလောကမှာ ဂန္တ၀င် ဖြစ်နေရပါ သလဲ ဆိုရင် နိုင်ငံရေးပါတဲ့ ၀တ္ထု ဖြစ်နေလို့ပါပဲ။ မပါရင် ဒါမဖြစ်နိုင်ပါ။ နိုင်ငံရေးဆိုတဲ့ ပရဟတိအရေးကို အတ္တကြီး
လေးတဲ့ သူတွေလုပ်ရင် နိုင်ငံရေးလုပ်စားတာလို့ အပြောခံရနိုင်ပါတယ်။ ကိုယ်ကျိုး စွန့်စိတ်ဓာတ်တွေနဲ့ လုပ်တဲ့သူ ကိုသာ လေးစားတတ်ကြတာပါ။

ကျွန်တော်တို့တိုင်းပြည်မှာ ကိုဇာဂနာကို အမှီပြုလို့ဖြစ်စေ၊ မိမိစွမ်းဆောင်မှုနဲ့ ဖြစ်စေ။ နိုင်ငံရေးပါတဲ့ လူရွှင်တော်
တွေ ပေါ်ပေါက်လာတာဟာ နိုင်ငံရေးနဲ့ ကြိုဆိုရမှာပါ။ ဒီလိုအုပ်စုထဲမှာသာ လူရွှင်တော်တွေ ပေါ်ပေါက်လာတာ ဟာ နိုင်ငံအနေနဲ့ ကြိုဆိုရပါ။ ဒီလိုအုပ်စုထဲမှာသာ လူရွှင်တော်အာဇာနည်တွေကို ရှာဖွေတွေ့ရှိနိုင်ပါလိမ့်မယ်။ မှတပါး အခြားမရှိနိုင်ပါ။

မကြာခင်က ကွယ်လွန်သွားရှာပြီဖြစ်တဲ့ လူရွှင်တော်ကြီး ဦးပါပါလေးဟာလည်း လူရွှင်တော် အာဇာနည်တစ်ဦး ပါပဲ။ထောင်သုံးကြိမ်ပြန်ဝင်ပေးရတဲ့ နိုင်ငံရေးအကျဉ်းသားကြီး တစ်ယောက်ပါ။ နယကတစ်ခေတ် နိုင်ငံရေး
ပြက်လုံးထုတ်ကောင်းလှသူ ဦးပါပါလေးရဲ့အနားကို လူရွှင်တော်အချို့က မကပ်ရဲကြပါဘူး။ သူ့ ကိုကြောက်လို့ မဟုတ်ရပါပဲ သူ့ကို နှုတ်ဆက်မိရင်တောင် အရေးယူခံရမှာ ကြောက်နေကြလို့ပါ။ ဒီအ ကြောင်းကို ဦးပါပါလေး ကိုယ်တိုင် ပြောပြဖူးပါတယ်။ သူ့ကို တွေ့နေပါလျှက်၊ သူ့သူငယ်ချင်းလည်း ဖြစ်ပါ လျှက် နှုတ်ဆက်မခံရတဲ့ သူ့ဘ၀ကို ပြင်ပလေလှိုင်းသံကတစ်ဆင့် ပြောပြတာကို နားဆင်ဖူးပါတယ်။

ဟံသာဝတီဦးဝင်းတင်က “သတင်းသမားဆိုတာ စကားမပြောတဲ့ နိုင်ငံရေးသမားပါပဲ” တဲ့။ ဒါဆိုရင် နိုင်ငံရေး သရော်တဲ့ ဟာသကာတွန်းတွေဆွဲပြီး တိုင်းကျိုးပြည်ပြုနေကြတဲ့ ကာကွန်းဆရာတွေကိုရော ဆရာဘယ်လို အမည်ပေးဦးမလဲတော့ မသိပါ။ ကာတွန်းဆရာတစ်ယောက် ပြောဖူးတာက သူ့ကာတွန်း ၄၀၀ လောက် ဆင်ဆာ ထိ ပါသတဲ့။ ခုတော့ ဒါတွေမရှိတော့ပါ။

ဆရာမဂျူး စာပေဟောပြောပွဲတစ်ခုမှာ ပြောဖူးတာက ကျွန်မဆိုချင်တဲ့အကြောင်းအရာတစ်ခုကို စာဖတ် သူတွေ သိဖို့အရေး စာမျက်နှာတွေ အများကြီးဖြုန်းပြီး ပြောရတယ်။ ဒါမှပဲ ပရိသတ်က သိမယ်လေ။ ဒါ ပေမဲ့ ကိုအော်ပီကျယ် တို့ကတော့ “အဲဒီလိုသိဖို့ဆိုရင် စာရွက်တွေ အများကြီးမလိုဘူး။ တစ်ကွက်တည်း ဆွဲပြလိုက်မယ်။ အားလုံးသိသွားမယ်။ သိပ်တော်တာပဲ”တဲ့။

ယနေ့ ကာကွန်းလူရွှင်တော် အာဇာနည်တွေရော ဒီတိုင်းပြည်မှာ ဘယ်လောက်တောင်မှ များပြားနေကြ ပြီလဲ။ ကျွန်တော်တို့တိုင်းပြည်ကြီးဟာ အာဇာနည်တွေနေတဲ့ တိုင်းပြည်ကြီးအဖြစ် ဂုဏ်ယူချင်ပါတယ်။ အာဏာရှင်တွေ
နေတဲ့ တိုင်းပြည်လို့တော့ ဂုဏ်ယူလို့ မရနိုင်ပါ။

ဒီလိုတိုင်းပြည်ရဲ့ ခလုတ်ကန်သင်းတွေ အန္တရာယ်တွေ ရန်စွယ်တွေကို ကာကွယ်ဖို့ဆိုတာကတော့ ကျောင်းသား အာဇာနည် လူရွှင်တော်အာဇာနည်တွေ ပြည်သူတွေနဲ့ အတူ သတိမြဲမြဲ တွဲလက်ညီညီ ပန်းတိုင်ဆီအရောက်
 လျှောက်လှမ်းနိုင်ကြဖို့သာ ဖြစ်ပါကြောင်း။