www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
ကြာသပတေး, ၂၂ သြဂုတ် ၂၀၁၉

Mizzima Burmese

Home > အာဘော်နှင့်အမြင် > သဘောထားအမြင် > မြန်မာနိုင်ငံအတွင်း မိမိရဲ့အခန်းကဏ္ဍကိုမမြှင့်တင်နိုင်တဲ့ အိနိ္ဒယ

မြန်မာနိုင်ငံအတွင်း မိမိရဲ့အခန်းကဏ္ဍကိုမမြှင့်တင်နိုင်တဲ့ အိနိ္ဒယ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

စေတီပုထိုးတွေပေါများတဲ့ မြန်မာနိုင်ငံဟာ အိနိ္ဒယနဲ့ အရှေ့တောင်အာရှ ဒေသအတွင်း မဟာဗျူဟာအရ အချက် အချာကျတဲ့ ဒေသတစ်ခုဖြစ်တဲ့အပြင် အရှေ့မြောက်ဒေသတစ်လွှားအတွက်ထားရှိတဲ့ အိနိ္ဒယနိုင်ငံရဲ့ အရှေ့မျှော် မူဝါဒအတွက် အရေးကြီးတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့ အိနိ္ဒယနိုင်ငံ အနေနဲ့ ၎င်းရဲ့ နိုင်ငံခြား ကုန်သွယ်ရေးကဏ္ဍကို မြှင့်တင်ဖို့နဲ့ စီးပွားရေး ပြန်လည်ဦးမော့လာဖို့ အတွက်ဆိုရင် အိမ်နီးချင်းနိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ ဈေးကွက်ရှာဖွေသင့်ပါတယ်။

ဒါကြောင့် တစ်စုံတစ်ယောက်အနေနဲ့ တရုတ်၊ အနောက်နိုင်ငံတွေနဲ့ အိနိ္ဒယတို့ပါဝင်တဲ့ မြန်မာနိုင်ငံတွင်းက “ကြီးကျယ်တဲ့ ပြိုင်ပွဲ” တစ်ခုအကြောင်းကို ဆွေးနွေးကြမယ်ဆိုရင် အိနိ္ဒယနိုင်ငံရဲ့ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု အခြေအနေတည်ရှိနေမှုနဲ့ အိနိ္ဒယရဲ့စီးပွားရေး တိုးတက်လာတာတွေကို မျှော်လင့်ပါလိမ့်မယ်။

သို့သော် ကြီးကျယ်တဲ့ ပြိုင်ပွဲတစ်ခုကို ကစားဖို့အတွက် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အိနိ္ဒယရဲ့ အနိမ့်ဆုံး စီးပွားရေး
ခြေလှမ်းတွေ ရှိမရှိဆိုတာ မေးရပါမယ်။ ၂၀၁၃ ခုနှစ်၊ သြဂုတ်လမှာ မြန်မာနိုင်ငံရဲ့ စုစုပေါင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တန်ဖိုးဟာ ကန်ဒေါ်လာ ၄၃ ဘီလီယံ ကျော်သွားပြီလို့ မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ဖော်ပြထားပါတယ်။

“မြန်မာနိုင်ငံရဲ့ အဓိကကဏ္ဍလေးခု ဖြစ်တဲ့ စွမ်းအင်၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့၊ သတ္တုတူးဖော်ရေးလုပ်ငန်းနဲ့ ကုန်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံထားတဲ့ နိုင်ငံပေါင်း ၃၂ နိုင်ငံ ရှိပါတယ်” ဟု နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
ကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ အဲဒီလိုမြှုပ်နှံတဲ့ နိုင်ငံတွေထဲမှာ တရုတ်ကအကြီးဆုံးသော ရင်းနှီးမြှုပ်နှံသူပါ။ တရုတ်ပြီးရင် ထိုင်း၊ ဟောင်ကောင်၊ တောင်ကိုရီးယား၊ ဗြိတိန်၊ စင်ကာပူ၊ မလေးရှား၊ ပြင်သစ်၊ ဗီယက်နမ်နဲ့ အိနိ္ဒယနိုင်ငံတို့ အစဉ်လိုက် ရပ်တည်နေပါတယ်။

လက်ရှိအချိန်မှာ အိနိ္ဒယနိုင်ငံရဲ့ မြန်မာနိုင်ငံအတွင်းရင်းနှီးမြှုပ်နှံမှုဟာ ကန်ဒေါ်လာ ၂၇၃ ဒသမ ၅ သန်း ရှိပါတယ်။
နောင်နှစ် အနည်းငယ်အတွင်းမှာ ကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံလောက်အထိ မြင့်တက်လာလိမ့်မယ် လို့တော့
မျှော်လင့်ထားပါတယ်။ မြန်မာနိုင်ငံ အတွင်း ရင်းနှီးမြှုပ်နှံနေတဲ့ ကုမ္ပဏီတွေထဲမှာ ONGC Videsh (OVL)၊ Jubilant Oil and Gas နဲ့ Century Ply-Star Cement group  တို့ ပါဝင်ပါ တယ်။

မြန်မာနိုင်ငံအတွင်းက ပို့ကုန်တွေကို တင်သွင်းသူတွေမှာတော့ ထိုင်းက အကြီးဆုံးပါပဲ။ ယမန်နှစ်ထဲမှာ မြန်မာ့ စုစုပေါင်းပို့ကုန်ရဲ့ ၄၁ ရာခိုင်နှုန်းနီးပါးဟာ ထိုင်းနိုင်ငံကို တင်ပို့တာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ အိနိ္ဒယက ၁၅ ရာခိုင်နှုန်းနဲ့ တရုတ်က ၁၄ ရာခိုင်နှုန်းစီ တင်သွင်းနေပါတယ်။

၂၀၁၂ ခုနှစ်မှာ မြန်မာနိုင်ငံဟာ ထုံးစံအတိုင်းပဲ တရုတ်နိုင်ငံကနေ အများဆုံးတင်သွင်းပါတယ်။ မြန်မာနိုင်ငံရဲ့ စုစုပေါင်းတင်သွင်းကုန်တွေရဲ့ ၃၇ ရာခိုင်နှုန်းဟာ တရုတ်နိုင်ငံက ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာ တင်သွင်းကုန် အားလုံးရဲ့ ၂၀ ရာခိုင်နှုန်းဟာ ထိုင်းနိုင်ငံကဖြစ်ပြီး အိနိ္ဒယနိုင်ငံကနေ တင်သွင်းတာက တော့သုံးရာခိုင်နှုန်းသာ ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ ၂၀၁၂ ခုနှစ် တင်သွင်းကုန် ပမာဏဟာ အမေရိကန် ဒေါ်လာ ၂၅ ဒသမ ၁၆ ဘီလီယံခန့် ရှိခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ စုစုပေါင်း ပို့ကုန်ပမာဏက ကန်ဒေါ်လာ ၉ ဒသမ ၆၉ ရာခိုင်နှုန်းရှိပြီး စုစုပေါင်း တင်သွင်း ကုန်ပမာဏ ကတော့ ကန်ဒေါ်လာ ၁၅ ဒသမ ၄၆ ရာခိုင်နှုန်း ရှိတဲ့အတွက် ကုန်သွယ်ရေးလိုငွေပြမှုက ကန်ဒေါ်လာ ၅ ဒသမ ၇၆ ဘီလီယံခန့် ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ အိနိ္ဒယနဲ့ ကုန်သွယ်တဲ့နေရာမှာ ကျေနပ်လောက်ဖွယ်ရာရှိတဲ့ ကုန်သွယ်
ရေးမျှချေမှာ ရှိခဲ့ပါတယ်။ သို့သော် မြန်မာနိုင်ငံရဲ့ ၂၀၁၁-၂၀၁၂ ခုနှစ်အတွင်း စုစုပေါင်းကုန်သွယ်ရေးပမာဏ ကန်ဒေါ်လာ ၁၈ ဘီလီယံကျော်ရဲ့ ၇ ဒသမ ၅ ရာခိုင်နှုန်း ကိုသာ အိနိ္ဒယက ရရှိခဲ့တာပါ။

ဒီလိုအခြေအနေတွေနဲ့ ပတ်သက်ပြီး နိုင်ငံတကာကုန်သွယ်ရေးအာဏာပိုင်တစ်ဦးဦးကိုရှင်းပြဖို့ မေးတဲ့အခါမှာ မေးတဲ့ သူဟာစာရင်းဇယားတွေနဲ့ ကိုင်ပေါက်ခံရမှာပါ။ ဥပမာ - အိနိ္ဒယ-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေး ပမာဏက ၁၉၈၀-၈၁ မှာ ကန်ဒေါ်လာ ၁၂ ဒသမ ၄ မီလီယံရှိရာကနေ ၂၀၁၀-၂၀၁၁ ခုနှစ်မှာ ကန်ဒေါ်လာ ၁၀၇၀ ဒသမ ၈၈ ရာ ခိုင်နှုန်းထိ ရှိလာတယ်ဆိုတဲ့ သိသိသာသာ တိုးတက်လာမှုတွေကို ပြပါလိမ့်မယ်။

အိနိ္ဒယကနေ မြန်မာနိုင်ငံအတွင်းကို တင်ပို့တဲ့ စုစုပေါင်းတန်ဖိုးဟာ ကန်ဒေါ်လာ ၃၃၄ ဒသမ ၄ သန်းရှိ နေတဲ့ အချိန်မှာ မြန်မာနိုင်ငံကနေ အိနိ္ဒယနိုင်ငံကိုတင်ပို့တဲ့ စုစုပေါင်းပမာဏဟာ ကန်ဒေါ်လာ ၁ ဘီလီယံကျော် ရှိပါတယ်။
မြန်မာနိုင်ငံထဲကို အဓိကတင်ပို့တဲ့ အိနိ္ဒယရဲ့ ကုန်ပစ္စည်းတွေက ဆေးဝါးထုတ် ကုန်၊ သံ၊ စတီး၊ လျှပ်စစ်ပစ္စည်းတွေနဲ့ အခြား တပ်ဆင်ရေးကိရိယာတွေ ဖြစ်ပါတယ်။ တစ်ဖက်မှာတော့ မြန်မာနိုင်ငံ အတွင်းကနေ ဟင်းသီးဟင်းရွက်တွေ၊ ပဲအမျိုးမျိုးနဲ့ သစ်သားနဲ့ ပြုလုပ်တဲ့ပစ္စည်းတွေကို အလုံးနဲ့အရင်းနဲ့ တင်သွင်းပါတယ်။

အိနိ္ဒယနိုင်ငံရဲ့ သတင်းနဲ့နည်းပညာ လုပ်ငန်းတွေနဲ့ ဖျော်ဖြေရေးလုပ်ငန်းတွေ ကလည်း မြန်မာနိုင်ငံကို ဈေးကွက် တစ်ခုအဖြစ် အမှန်တကယ် မရှုမြင်ခဲ့ပါဘူး။ ရင်းနှီးမြှုပ်နှံမှု အမြင်နဲ့ ကြည့်မယ်ဆိုရင် ကျန်းမာရေးနဲ့ ပညာရေး လုပ်ငန်းတွေက အိနိ္ဒယနိုင်ငံအတွင်းမှ ရင်းနှီးမြှုပ်နှံမှု ကြီးကြီးမားမား ပြုလုပ်တဲ့သူ တွေကို လက်ယပ်ခေါ်နေပါတယ်။ အကျိုး အမြတ်လည်း များများစားစား ရနိုင်ပါတယ်။ ဒီလို ဆောင်ရွက်ခြင်းက မြန်မာနိုင်ငံအတွင်းမှာ အိနိ္ဒယတည်ရှိမှု ကို လိုလိုလားလား လက်ခံ တာကိုလည်း ရရှိစေမှာ ဖြစ်ပါတယ်။

အိနိ္ဒယနိုင်ငံရဲ့ စာနယ်ဇင်းလောကအ နေနဲ့လည်း မတို့ရမထိရသေးတဲ့ မြန်မာ့ဈေးကွက်အတွင်းမှာ ရင်းနှီးမြှုပ်နှံမှု
ပြုလုပ်နိုင်ပါ တယ်။ တက်သစ်စ မြန်မာ့ဒီမိုကရေစီစနစ်မှာ သတင်းတွေကို လိုချင်တဲ့စိတ်တွေ တိုးတက် လာလို့ပါ။
ပြဿနာကတော့ အိနိ္ဒယက မြန်မာနိုင်ငံကို ၎င်းရဲ့ဟိုက်ဒရိုကာဘွန် အတွက်ပဲ ယေဘုယျအားဖြင့် ရှုမြင်ခြင်းပါပဲ။

မြန်မာနိုင်ငံအတွင်းက ဒုတိယလေလံပွဲ ပဏာမစာရင်းမှာ ပါဝင်ခဲ့တဲ့ကုမ္ပဏီ ၅၉ ခု အနက် အိနိ္ဒယကုမ္ပဏီ ခုနစ်ခု ပါဝင်ခဲ့ပါ တယ်။ ၎င်းစာရင်းမှာ ONGC-OVL, Jubilant နဲ့ Cairn Energy တို့လို ကုမ္ပဏီတွေ လည်း ပါ ၀င်ပါတယ်။

ဒါပေမဲ့ OVL နဲ့ Gail တို့က တရုတ်-မြန်မာ ပိုက်လိုင်းနှစ်ခုအတွက် ကန်ဒေါ်လာ ၁ ဒသမ ၃၃ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်တဲ့အချိန်မှာ ဒီကဏ္ဍရဲ့လုံးဝမျှော်လင့်မထားတဲ့ ရလဒ်ကိုရရှိခဲ့ပြီး Punj Lloyd က တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ ၄၇၅ သန်းပါဝင်တဲ့ ကျောက်ဖြူနဲ့ကူမင်းကြားမှ ဖောက်လုပ်မယ့် ကီလိုမီတာ ၂၀၀ ရှည်တဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းနှစ်ခု တည်ဆောက်ခွင့်စာချုပ်ကို ရရှိ သွားတာပါပဲ။

အိနိ္ဒယနိုင်ငံအနေနဲ့ ရွှေသဘာဝဓာတ် ငွေ့ကွင်းက မြန်မာနိုင်ငံရဲ့ ဓာတ်ငွေ့တွေကို သယ်ဆောင်မယ့် လမ်းကို
မြန်မာနိုင်ငံအတွက် ဖောက်လုပ်ပေးနိုင်စွမ်း မရှိခြင်းကြောင့် ပိုက်လိုင်းတည်ဆောက်ခွင့်ဆုံးရှုံးခဲ့ ရတာပါ။ Khaleda Zia ရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပိုက်လိုင်း တည်ဆောက်ဖို့အတွက် မြေနေရာ
ဖော်ဆောင်ပေးဖို့ တာဝန် မခံခဲ့ပါဘူး။ ယင်းမှာ အကုန်အကျများပြီး အိနိ္ဒယ အရှေ့ မြောက်ပိုင်းတစ်လျှောက်မှာ ရှိတဲ့လမ်းကအရမ်းကို အန္တရာယ်များတဲ့ အတွက်လည်း ဖြစ်ပါတယ်။

ယခုအချိန်မှာတော့ အိနိ္ဒယနိုင်ငံအနေ နဲ့ ဒက်ကာမှာရှိတဲ့ အစိုးရကတစ်ဆင့် ပိုမိုရင်းနှီးတဲ့ဆက်ဆံရေး ရှိလာပြီ
ဖြစ်တဲ့အတွက် ပိုက်လိုင်းကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအစိုးရအနေနဲ့ ဆွေးနွေးမှုတွေပြုလုပ်ဖို့ စတင် တောင်းခံထားပါ တယ်။ ဒါပေမဲ့ ဆွေးနွေးမှုတွေကို စတင်တဲ့အချိန်မှာ ဒီလိုအခြေအနေမျိုး ရှိနေလိမ့်မယ်လို့တော့ မည်သူမျှအာမခံနိုင် မှာတော့ မဟုတ်ပါဘူး။ ။

ဤဆောင်းပါးမှာ အိနိ္ဒယတိုင်းမ်သတင်းဝက်ဘ်ဆိုဒ်တွင် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၁၃ ရက်က ဖော်ပြထား သည့်  Subir Bhaumik ၏ Look East Policy: India underperforming its role in Myanmar”  အား ဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။