www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
ကြာသပတေး, ၂၂ သြဂုတ် ၂၀၁၉

Mizzima Burmese

Home > အာဘော်နှင့်အမြင် > သဘောထားအမြင် > မြစ်များ လွတ်လပ်စွာစီးဆင်းစေရေး

မြစ်များ လွတ်လပ်စွာစီးဆင်းစေရေး

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ကျွန်တော်တို့သည် မြစ်များအားသက်ရှိ အားလုံးကို ထောက်ပံ့နေသော အရာတစ်ခုအဖြစ်မရှုမြင်ဘဲ သက်ရှိတစ်ခု အဖြစ် ရှုမြင်မည်ဆိုပါက လွတ်လပ်စွာစီးဆင်းသော မြစ်များသည် ယခုအခါတွင် ရှားပါးလာပြီဖြစ်သောကြောင့် ယင်းတို့ကို မျိုးသုဉ်းပျောက်ကွယ်တော့မည့် မျိုးစိတ်များအဖြစ်ပင် သတ်မှတ်ရတော့ မည်ဖြစ်သည်။ လွန်ခဲ့သော ရာစုနှစ်တစ်ဝက် ခန့်ကျော်ကျော်ကပင် ကမ္ဘာပေါ်တွင် တမံမရှိ သောဆည် ကြီးများအရေအတွက်မှာ တဟုန်ထိုး
လျော့နည်းကျဆင်းလာပြီ ဖြစ်သည်။ ဂေဟစနစ်အရရော၊ ယဉ်ကျေးမှုအရပါ လွတ်လပ်စွာ စီးဆင်းနေသော
မြစ်ကြီးများ၏တန်ဖိုးမှာ တဖြည်းဖြည်း မြင့်တက်လာနေပါသည်။ အဘယ်ကြောင့်ဆိုသော် ကမ္ဘာပေါ်ရှိမြစ်ကြီးများ အပေါ်တွင် ဆည်ကြီးများတစ်စတစ်စ တည်ဆောက် လာနေသောကြောင့်ပင် ဖြစ်ပါသည်။

မြစ်ကြီးများအပေါ်တွင် ဆည်ကြီးများတည်ဆောက်ခြင်းသည် ကျွန်တော်တို့အနေဖြင့်ဘာများ ဆုံးရှုံးသွားသနည်း။ ကမ္ဘာ့မြစ်ကြီး ပေါင်း ၁၇၇ စင်းအနက် သုံးပုံတစ်ပုံမျှသာ လွတ်လပ်စွာစီးဆင်းနေရပါသည်။ ကီလိုမီတာ (၁၀၀၀)
ကျော် ရှည်လျားသော မြစ်ကြီး ၂၁ စင်းသာ ပင်လယ်ထဲသို့ တိုက်ရိုက် စီးဆင်းနိုင်ပေသည်။ ဆည်ကြီးများ ပိတ်ဆို့ခြင်း
ကြောင့် မျိုးစိတ်များမျိုးသုဉ်းပျောက်ကွယ်နိုင်သည်။ အရေးကြီးသော စိုက်ပျိုးမြေနှင့် သစ်တောများ ပျောက်ဆုံး သွားခြင်း၊ လူထုအုံကြွမှုများ ဖြစ်ပေါ်ခြင်း၊ သန့်ရှင်းသောရေများ ဆုံးရှုံးရခြင်း၊ ရေ၀ပ်ဒေသများ ခြောက်သွေ့သွားခြင်း၊ ငါးဖမ်းလုပ်ငန်းများ ပျက်စီးသွားရခြင်းနှင့် ထိုထက် ပိုဆိုးသည့် အခြေအနေများစွာ ဖြစ်ပေါ်လာနိုင်ပါသည်။

ဂေဟစနစ်ရှုထောင့်အရ ကြည့်မည်ဆိုပါက လွတ်လပ်စွာစီးဆင်းသောမြစ်များသည် ထင်သာမြင်သာသော အကျိုး
ကျေးဇူးများစွာကို ပေးစွမ်းနိုင်ပါသည်။ သဘာဝရေစီးအမြင့်သည် လိုအပ်သောဂေဟစနစ် လုပ်ငန်းတာဝန်များကို
ထောက်ပံ့ပေးခြင်း၊ တစ်နည်းအားဖြင့် မြေအောက်ရေ ပြန်လည်ဖြည့်တင်းခြင်း၊ မြေဆီသြဇာကြွယ်ဝခြင်း၊ ငါးသား
ပေါက်များ အဆင်ပြေခြင်း၊ နုန်းအနည်ပို့ချမှုနှင့် အစရှိသော အကျိုး ကျေး ဇူးများစွာကို ပေးပါသည်။ ဥပမာအားဖြင့် အိန်္ဒိယနိုင်ငံရှိ အင်မတန်ရှားပါးသော လွတ်လပ်စွာ စီးဆင်းသည့်မြစ်များနှင့် အနည်း အကျဉ်းသာ ပြုပြင်ထားသည့်
မြစ်ကြီးများသည် ယဉ်ကျေးမှုအရ များစွာအရေးပါပြီး၊ မျိုး သုဉ်းပျောက်ကွယ်တော့မည့် ငါးမျိုးစိတ်များဖြစ်သော Mahseer ၊ ငါးခူကြီးများ၊ ဂင်္ဂါလင်းပိုင်၊ စနိုးထရောက်ငါးနှင့် အခြားငါးများအတွက် နောက်ဆုံး ဒုက္ခသည်စခန်းပင်
ဖြစ်တော့သည်။ ၁၂၁ ကီလိုမီတာ ရှည်လျားပြီး လွတ်လပ်စွာ စီးဆင်းနေသော မြစ်ကြီးတစ်စင်းဖြစ်သည့် Aghanashinit ဟန်နာရှီနီမြစ်ကြီးသည် အနောက်ပိုင်းဂတ်စ်တောင်တန်း၏ အဓိကဇီဝမျိုးစုံ မျိုးကွဲဒေသကို
ဖြတ်သန်း စီးဆင်းနေပြီးယင်းမြစ်ကြီးထဲတွင် ငါးမျိုးစိတ် ၅၀ ခန့်ကျင်လည် ကျက်စားနေကြသည်။ အများစုမှာ ထိုဒေသတွင် တွေ့ရလေ့ရှိသော မျိုးစိတ်များ ဖြစ်ကြသည်။

ထို့ပြင် လွတ်လပ်စွာစီးဆင်းနေသော မြစ်များသည် ငါးဖမ်းလုပ်ငန်း၊ မြေသြဇာကောင်းမွန်သော စိုက်ပျိုးမြေများ၊ ခရီးသွား လုပ်ငန်းနှင့် သောက်ရေသုံးရေ အထောက်အပံ့များအပြင် အခြားမရေတွက်နိုင်သော လူမှုဘ၀ ၀န်ဆောင်မှု များစွာကို ဆောင်ကြဉ်းပေးပါသည်။ ကမ္ဘာအနှံ့အပြားတွင် ထိုဂေဟဗေဒထုတ်ကုန်များ နှင့် ၀န်ဆောင်မှုများ၏ တန်ဖိုးကို လျစ်လျူရှု ထားကြလေသည်။ ကံမကောင်း အကြောင်း မလှစွာဖြင့် ဆည်ကြီးများကို အုံလိုက်ကျင်းလိုက် တည်ဆောက်နေကြသော အိန်္ဒိယ၊ တရုတ်နှင့် ဘရာဇီးနိုင်ငံများ တွင်ယင်းတို့၏ လွတ်လပ်စွာ စီးဆင်းနေသောမြစ်ကြီးများကို ကာကွယ်ပေးမည့် တရားဥပဒေ မရှိကြချေ။ ယင်းတို့အနေဖြင့် အရေးကြီးသော
မြစ်များကို ကာကွယ်ပေးမည့် ဥပဒေကိုလည်း အသုံးမပြုကြချေ။

ဆည်ကြီးများ အုံလိုက်ကျင်းလိုက် ဆောက်လုပ်နေခြင်းမှ ကာကွယ်ရန်အတွက် မြစ်များကို လွတ်လပ်စွာ စီးဆင်းစေ မည့် ဥပဒေများ ထုတ်နိုင်ရန် လိုအပ်ပါသည်။ ထိုအတွက်လည်း ထိုနောက်ဆုံး အသက်ကယ် ကြိုးတစ်ချောင်းကို ကာကွယ်သည့်အနေဖြင့် လူထုလှုပ်ရှားမှုများက ဆောင်ရွက်နေပါသည်။ တိုင်းပြည် အတော်များများတွင်လည်း ထိုကဲ့သို့သော မြစချောင်းကာကွယ်ရေးလုပ်ငန်းများအတွက် အသုံးဝင်မည့် အင်မတန်ကောင်းမွန်သော ဥပဒေများ
ရေးဆွဲထားပြီးဖြစ်သည်။ အရေးကြီးသောအချက်မှာ ထိုမူဝါဒများ နှင့်ဥပဒေများကို လက်မှတ်ရေးထိုးအတည်ပြုရန် အဓိကလိုအပ်ပါသည်။ ထိုသို့သော ကိစ္စရပ်အားလုံး လိုလိုတွင် လူမှုကူညီရေး အဖွဲ့အစည်းများနှင့် တစ်သီးပုဂ္ဂလ ကူညီသူများက ခက်ခက်ခဲခဲနှင့် ကြာညောင်းစွာ တိုက်တွန်း ပြောဆိုခဲ့ရသည်။

မြစ်များ လွတ်လပ်စွာစီးဆင်းမှုကို ကာကွယ်ရန်အတွက် စည်းကမ်းချက်များချမှတ်ထားသော နိုင်ငံအများ စုသည် မြစ်ကြောင်းတစ်လျှောက် ဖြစ်ပွားနိုင်သောအခြေအနေ အနေအထားအားလုံးကို ဂရုတစိုက် သေချာစွာ သတ်မှတ် ခွဲခြားထားပါသည်။ ပြည်သူလူထု၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုနှင့် အလေးထား ဆောင်ရွက်အပ်သော
ပြည်သူများနှင့် မိရိုးဖလာရေရပိုင်ခွင့်ကို အထူးဂရုစိုက်ခြင်းတို့သည်လည်း ထိုအထဲတွင် အဓိကပါဝင်ပါသည်။
အောက်ပါတို့သည် အကောင်းဆုံး ဥပမာများအနက် အချို့ ဖြစ်သည်။

အမေရိကန်ပြည်ထောင်စု၊ သားရဲနှင့် သဘာဝမြစ်များ အက်ဥပဒေ။ “သတ်မှတ်ရွေး ချယ်ထားသော မြစ်ကြီးများနှင့် ယင်းတို့၏အနီးအနားပတ်ဝန်းကျင်ဒေသရှိ ကောင်းမွန်လှပသော ရှုမျှော်ခင်း၊ အပန်းဖြေ စရာ၊ ပထ၀ီအနေအထား၊ ငါးနှင့် သားရဲတိရစ္ဆာန်များ၊ သမိုင်းတန်ဖိုး၊ယဉ်ကျေးမှုတန်ဖိုး(သို့မဟုတ်) အခြားအလားတူတန်ဖိုးများကို လွတ်လပ်စွာ စီးဆင်းနေသောအခြေအနေဖြင့်ထိန်းသိမ်းစောင့်ရှောက် ရမည်။ ထို့ပြင် လက်ရှိပစ္စုပ္ပန်နှင့် အနာဂတ် မျိုးဆက်များ၏ သာယာပျော်ရွှင်မှုနှင့် အကျိုးစီးပွားအတွက် မြစ်ကြီးများနှင့် အနီးအနားဝန်းကျင် ဒေသများကိုပါ ကာကွယ်
စောင့်ရှောက် ရမည်။ထိုသို့ ပြုလုပ်ဆောင်ရွက်မှုကို အမေရိကန်ပြည်ထောင်စု၏မူဝါဒအဖြစ် ကြေညာလိုက်သည်။ “ထိုအက်ဥပဒေသည” အမေရိ ကန် ပြည်ထောင်စုရှိမြစ်များ၏ သင့်လျော်သောအပိုင်းများတွင်ပြုလုပ်သော ဆည်နှင့် အခြား ဆောက် လုပ်ရေးလုပ်ငန်များဆိုင်ရာ အမျိုးသားမူဝါဒကို ယခုသတ်မှတ်ထားသောမြစ်များ လွတ်လပ်စွာ စီးဆင်းရေးနှင့် အမျိုးသားရေး ထိန်းသိမ်းစောင့်ရှောက်ရမည့် တန်ဖိုးများမပျောက်ဆုံးစေရန် ဥပဒေဖြင့် ဖြည့်စွက် ရမည်” ဟု ဆိုပါသည်။

၁၉၆၈ ခုနှစ်တွင် ပြဋ္ဌာန်းသော ထိုအက်ဥပဒေ၏ အနှစ်သာရမှာ မြစ်များ၏ လွတ်လပ်စွာစီးဆင်းမှုဂုဏ်ကို ထိန်းသိမ်း ကာကွယ်ခြင်းပင်ဖြစ်သည်။ လွတ်လပ်စွာ စီးဆင်းခြင်းဆိုသည်မှာ “ဆည်ကြီးများပိတ်ဆို့ခြင်း၊ ရေလွှဲ အဆောက်အအုံ များ တည်ဆောက်ခြင်း၊ မြစ်ကြောင်းဖြောင့် အဆောက်အအုံများ ဆောက်လုပ်ခြင်း၊ ကမ်းထိန်းကျောက်စီခြင်း၊ (သို့မဟုတ်) ရေလမ်းကြောင်းတွင် ထူးခြားမှုပြုလုပ်ခြင်းတို့ မရှိသော သဘာဝအနေအထားအတိုင်း စီးဆင်းခြင်း (သို့မဟုတ်)တည်မြဲခြင်း” ကို ဆိုလိုပါသည်။

မြစ်တိုင်းကို မြေယာအသုံးချမှု ဗျူရို၊ အမေရိကန် ငါးနှင့်သားရဲတိရစ္ဆာန် စောင့်ရှောက်ရေး၊ အမေရိကန် သစ်တောနှင့် အမျိုးသားဥယျာဉ်စောင့်ရှောက်ရေးစသည့် ဗဟိုအစိုးရ (သို့မဟုတ်) ပြည်နယ်အစိုးရ အဖွဲ့အစည်းများက စီမံခန့်ခွဲ ပါသည်။ သားရဲနှင့် သဘာဝမြစ်များကောင်စီက ထိုမြစ်များကို စီမံခန့်ခွဲလို သော (သို့မဟုတ်) ထိန်းသိမ်းစောင့်
ရှောက်လိုသော အဖွဲ့အစည်းများအချင်းချင်းကြားဝင် ညှိနှိုင်းပေးခြင်း ဖြင့်ကူညီပါသည်။ ရေနှင့် ပတ်သက်သော
ပြည်နယ်များ၏ တရားစီရင်ရေးစနစ်သည် ထိုဥပဒေကို ၀င် ရောက်မနှောင့်ယှက်သမျှ ပုံမှန်အတိုင်းပင် တည်ရှိပါ လိမ့်မည်။ ရေရပိုင်ခွင့်အခွင့်အရေး ဆုံးရှုံးသူများကို လျော်ကြေးပေးရသည်။

မြစ်များ၏ လွတ်လပ်စွာစီးဆင်းမှု၊ ရေအရည်အသွေး (သို့မဟုတ်) အခြားတန်ဖိုးကြီးသော သယံဇာတများကို ထိခိုက်စေမည့် မြစ်ချောင်းအတွင်းလုပ်ဆောင်မှုများ (သို့မဟုတ်) ဆည်ကြီးများ တည်ဆောက်ခြင်းကို ဗဟိုအစိုးရ အနေဖြင့် ထောက်ပံ့ခြင်းကို ထိုအက်ဥပဒေကတားမြစ်ထားသည်။ ၂၀၀၉ ခုနှစ်မှ စတင်၍ ထိုအက်ဥပဒေသည်
နိုင်ငံတစ်ဝန်းရှိသော မြစ်ပေါင်း ၂၅၂ စင်းအနက် မိုင်ပေါင်း ၁၂၀၀ ကျော်ကျော်ကို ကာကွယ်ပေးပြီးဖြစ်သည်။ သို့သော် အမေရိကန်မြစ်ကြီးများ၏ အနည်းဆုံး မိုင်ပေါင်း ၆၀၀,၀၀၀ ကို ဆည် ပေါင်း ၇၅,၀၀၀ ကျော်ကျော်ဖြင့် ပိတ်ဆို့ထား ခဲ့ပြီး ဖြစ်သည်။အမေရိကန်နိုင်ငံတွင် မြစ်ကြီးများ အရှည် သဖြင့်လွတ်လပ်စွာစီးဆင်းရန် တိုက်တွန်းလုပ်ဆောင်
နေသော ဆည်ဖျက်သိမ်းရေးလုပ်ရှားမှုများအား ကောင်းလှပါသည်။

ကနေဒါနိုင်ငံ၏ မြစ်များကို သဘာဝတန်ဖိုး၊ ယဉ်ကျေးမှုတန်ဖိုးနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ဘက်စုံ အကျိုးစီးပွား တန်ဖိုးများ ပြည့်စုံရန်ဒေသခံများ၊ ပြည်နယ်အာဏာပိုင်များနှင့် ဗဟိုအစိုးရတို့၏ ထိန်းသိမ်းစောင့်ရှောက်မှုနှင့် အားပေးမှုတို့ဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် သတ်မှတ်ပြီး ကွပ်ကဲစီမံလျက်ရှိသည်။ “ကနေဒါ အမျိုးသား အမွေအနှစ်မြစ်များအဖွဲ့ (CHRS) ကို ၁၉၈၄ ခုနှစ်တွင် ကနေဒါနိုင်ငံ၏ အမွေအနှစ်မြစ်များကို နိုင်ငံတော်မှ ထိန်းသိမ်း
စောင့်ရှောက်နေမှုနှင့် ယင်းအလုပ်ကို ပြည်သူများ ချစ်မြတ် နိုးလာစေရန် ရည်ရွယ်ပြီး ဖွဲ့စည်းထားခြင်း ဖြစ်သည်။ အဓိကရည်ရွယ်ချက်မှာ ကနေဒါနိုင်ငံ၏ မြစ်များကို ရေရှည်တည်တံ့ရန် ထိန်းသိမ်းကာကွယ်ရန် ဖြစ်သည်။ ၎င်းသည် ကနေဒါနိုင်ငံအစိုးရ၊ ပြည်နယ်(၁၀)ခုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသသုံးခုတို့ စုပေါင်းလုပ်ဆောင်သော အစီအစဉ် တစ်ခုဖြစ်သည်။ ယင်းတို့၏ ပူးပေါင်းဆောင်ရွက်မှုမှာ စေတနာသက်သက်သာ ဖြစ်သည်။

ထိုအဖွဲ့ကို ပြည်သူများနှင့်အစိုးရအဖွဲ့ဝင်များပါဝင်သော အမွေအနှစ်မြစ်များ ဘုတ်အဖွဲ့ကကွပ်ကဲပါ သည်။ ထိုမြစ်များ ကွန်ရက်အဖွဲ့တွင် ပါဝင်ရန်အတွက် မြစ်တစ်စင်းတွင်ထူးခြားသောသဘာဝတန်ဖိုး၊ယဉ်ကျေးမှုတန်ဖိုးတို့နှင့် (သို့မဟုတ်) စိတ်အပန်းဖြေမှုတန်ဖိုးများ၊ ပြည်သူတို့၏ ပူးပေါင်းပါဝင်မှုကောင်း ခြင်း နှင့်ယင်းတန်ဖိုးများကို မည်ကဲ့သို့ ထိန်းသိမ်းမည်ဆိုသည့် အစီအစဉ်တစ်ရပ်ရှိရန် လိုအပ်ပါသည်။ အရေးကြီးသောသတ်မှတ်ချက်များ အနက်တစ်ခုမှာ (အတိအကျ မဆုံးဖြတ်ရသေး) မြစ်ကြောင်းအတွင်း လူလုပ်ထားသော ဆည်ကြီးများ အကန့်အသတ်များ မရှိရန်
ဖြစ်သည်။

အမည်စာရင်းတင်သွင်းသော အစိုးရတစ်ရပ် (သို့မဟုတ်) အစိုးရများက မြစ်များ၏ထူးခြားသော သဘာဝတန်ဖိုး၊ ယဉ်ကျေးမှု တန်ဖိုးနှင့်(သို့မဟုတ်) စိတ်အပန်းဖြေမှုတန်ဖိုးများ ထိန်းသိမ်းစောင့်ရှောက်ရန် အလို့ ငှာစီမံခန့်ခွဲရေး အစီအစဉ် (သို့မဟုတ်) အမွေအနှစ်စောင့်ရှောက်ရေး ဗျူဟာတစ်ရပ်ကို ဘုတ်အဖွဲ့ထံ အပ်နှံလိုက်သောအခါ ယင်းမြစ်ကိုအမွေအနှစ်မြစ်ဟု သတ်မှတ်ပါသည်။ ထိုစီမံခန့်ခွဲရေး အစီအစဉ်တွင် မြစ်များကာကွယ်ရေးအတွက် အရေးတကြီးဆောင်ရွက်ရမည့်ကိစ္စရပ်များ (မြစ်ကြောင်းထိန်းသိမ်းခြင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာပေးခြင်း၊ ညစ်ညမ်းမှုများကို သန့်စင်ခြင်း) စသည်တို့ကို လုပ်ဆောင် သွားရန် ရေးဆွဲထားသည်။စီမံခန့်ခွဲရေး အစီအစဉ် (သို့) အမွေအနှစ်စောင့်ရှောက်ရေးဗျူဟာတစ်ရပ်ကို ပြည်သူလူထု၏ အကြံပေးမှုနှင့် သဘောတူညီတို့ဖြင့် ရေးဆွဲရသည်။

မကြာသေးမီက မြောက်အဲလ်ဘတ်တာမှ လွှတ်တော်အမတ်တစ်ဦးက သဘာဝအတိုင်းရှိသော Clear- water မြစ်မှ
ရေကို ယူထုတ်မည့် ရေနံသဲစီမံကိန်းတစ်ခုကို ကန့်ကွက်ဖော်ထုတ်ခဲ့သည်။ သူ၏မဲဆန္ဒနယ် မြေမှလူထုနှင့် (CHRS) ၏ Clearwater မြစ်အဖွဲ့တို့က သူ့ကိုကျောထောက်နောက်ခံ ပြုခဲ့သည်။ (CHRS) သည် လွတ်လပ်စွာ စီးဆင်းနေ
သောမြစ်များ နှင့် ပတ်သက်၍သာ အလုပ်လုပ်နေသည် မဟုတ် ဘဲယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းအပ်သည့် လွန်စွာဖွံ့ဖြိုးပြီးဖြစ်သော မြစ်များ နှင့် ပတ်သက်၍လည်း အလုပ်လုပ်ပါသည်။လက်ရှိတွင် မြစ်ပေါင်း(၃၈)စင်းကို အမွေအနှစ် မြစ်များအဖြစ် သတ်မှတ်ဆောင်ရွက် လျက်ရှိပြီး မြစ်ခြောက်စင်းကို အမွေအနှစ်မြစ်အဖြစ် အမည်စာရင်း တင်သွင်းထားပါသည်။

သြစတြေးလျနိုင်ငံ သဘာဝမြစ်များ အက်ဥပဒေတွင် သဘာဝမြစ်တစ်စင်းကို “ဥရောပများ အခြေချနေ ထိုင်ပြီး ကတည်းမှစ၍ ဇီဝဗေဒ၊ ဇလဗေဒနှင့် ဘူမိရုပ်သွင်ဆိုင်ရာ အနေအထားများ သိသာထင်ရှားစွာ ပြုပြင်ထားခြင်း မရှိသောမြစ်” ဟု အဓိပ္ပာယ်ဖွင့်ဆိုပါသည်။

ခေတ်မီ သြစတြေးလျနိုင်ငံ ထူထောင်ချိန် နှင့် ကိုလိုနီကာလအတွင်း သြစတြေးလျ မြစ်များစွာသည် လွန်စွာ ထိခိုက် ပျက်စီးခဲ့ရသည်။သို့ဖြစ်၍ယနေ့အချိန်တွင် မြစ်အများစုမှာ မြစ်ရေအလွန်အကျွံ ထုတ်ယူ သုံးစွဲခြင်း၊ အမှိုက်စွန့်ပစ်ခြင်း၊
ရေ၀ပ်ဧရိယာပြုပြင်ခြင်းနှင့် မြစ်ကြောင်းထိန်းလုပ်ငန်းများကြောင့် လွန်စွာပုံ ပျက်နေရသည်။

သဘာဝမြစ်များလှုပ်ရှားရေးနှင့် နောက်ဆက်တွဲအက်ဥပဒေများ ပေါ်ပေါက်လာရန် ၁၉၇၀ ခုနှစ်တွင် တန်စမေးနီးယား သဘာဝလှုပ်ရှားမှုအဖွဲ့ကြီးက ဦးဆောင်သောဖရန်ကလင်မြစ် လှုပ်ရှားမှုအတွင်း မျိုးစေ့ချပေးနိုင်ခဲ့သည်။ ယင်းတို့၏ မနားမနေ ကြိုးပမ်းလုပ်ဆောင်မှုကြောင့် တန်စမေးနီးယာပြည်နယ်ရှိ ဖရန်ကလင်မြစ်ကြီးပေါ်တွင် တည်ဆောက်မည့် အင်မတန်ကြီးမားသော ရေအားလျှပ်စစ်ဆည်ကို ရပ် တန့်နိုင်ခဲ့သည်။ ထိုလှုပ်ရှားမှုပြီး နောက်နိုင်ငံတစ်ဝှမ်းရှိ ကျန်ရှိနေသော သဘာဝမြစ်များကို ထိန်းသိမ်းရန် သဘာဝလှုပ်ရှားမှုအဖွဲ့ကြီးက ဆက်လက်လုပ်ဆောင်လျက် ရှိပါသည်။

သဘာဝမြစ်များ အက်ဥပဒေကို ၁၉၉၂ ခုနှစ်တွင် အတည်ပြုပြဌာန်းခဲ့သည်။ သဘာဝမြစ်များ စီမံခန့်ခွဲရေး အဓိက တာဝန်ကို သြစတြေးလျ အမွေအနှစ်ကော်မရှင်နှင့် ပူးတွဲဆောင်ရွက်ပါသည်။ ဓနသဟာယနိုင်ငံများ၊ ပြည်နယ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအစိုးရ၊ ဒေသခံအစိုးရ၊ မြေပိုင်ရှင်များအဖွဲ့ (အမျိုးသား တောင်သူ ဖက်ဒရေးရှင်း အပါအ၀င်)၊ ဒေသခံလူထုနှင့် သိပ္ပံပညာရှင်အဖွဲ့များမှ ကိုယ်စားလှယ်များ ပါဝင်သော သဘာဝမြစ်များကော်မတီက စီမံကိန်းကို ကွပ်ကဲပါသည်။

သဘာဝမြစ်များတွင် ယင်းတို့၏သဘာဝတန်ဖိုး ၀ိသေများအားလုံး (သို့မဟုတ်) အားလုံးနီးပါး ရှိရမည်။ သို့သော် မြစ် တစ်စင်းသည် ရှေးယခင်သဘာဝအတိုင်း တည်ရှိနေရမည်ဟု လုံးဝအတိအကျဆိုလိုသည်တော့ မဟုတ်ပေ။ သဘာဝမြစ် တစ်စင်းတွင် အောက်ပါအချက်များပါဝင်ရန် လိုအပ်ပါသည်။

(၁) ဇလဗေဒ - မြစ်များသည် လွတ်လပ်စွာစီးဆင်းရမည်။ ယင်းတို့၏ ရေလွှမ်းလွင်ပြင်နှင့်နိမ့်သော ရေအောင်းလွှာ များသို့ ကောင်းမွန်စွာထိတွေ့နေသည့် အနေအထားရှိရမည်။

(၂) ဘူမိရုပ်သွင်ဗေဒ - မြစ်ဝနှင့်ရေလွှမ်း လွင်ပြင်များသို့ မြစ်ကြောင်းတစ်လျှောက် နုန်းအနည်များ သဘာဝအတိုင်း စီးဆင်းရာတွင် မြစ်ကြမ်းပြင်နှင့် မြစ်ကမ်းပါးတည်ငြိမ်ရမည်။

(၃) ရေအရည်အသွေး - လူသားနှင့် ဂေဟစနစ်လိုအပ်ချက်များနှင့် ကိုက်ညီရမည်။

(၄) ကမ်းနားသစ်ပင်- မြစ်ကမ်းပါးကို ကာကွယ်ရန်နှင့် တိရစ္ဆာန်များအတွက် အစာအဖြစ်သစ်ပင်များ၊ ချုံပင်များနှင့်
မြက်ပင်များ လုံလောက်စွာရှိရမည်။ မြစ်ကမ်းပါးတစ်လျှောက်ရှိ သဘာဝအနေအထားများသည် နေရင်းစွဲ တိရစ္ဆာန် များ အတွက်တစ်နေရာမှ တစ်နေရာပြောင်းရွှေ့ရာတွင်အဆင်ပြေစေရန် စင်္ကြတစ်ခုအဖြစ် ဆောင်ရွက်ပေးပါသည်။
ရေသည် သြစတြေးလျနိုင်ငံတွင် ပြည်နယ်ဆိုင်ရာကိစ္စရပ်တစ်ခု ဖြစ်ပြီး မိမိတို့၏သဘာဝမြစ်များကို စီမံခန့်ခွဲရန် အခွင့်အရေးရှိပါသည်။

ကျွန်တော်တို့အနေဖြင့် ကာကွယ်ထိန်းသိမ်းခြင်းသည် ပြန်လည်ပြုပြင်ခြင်းထက် ပိုမိုကောင်းမွန်ကြောင်း သင်ခန်းစာ ယူရန် အချိန်ကျနေပါပြီ။ ပမာဏအနည်းငယ်သာကျန်ရှိသော လွတ်လပ်စွာစီးဆင်းသည့် မြစ်များကိုထိန်းသိမ်းရန် အလျင်အမြန်လိုအပ်နေပါသည်။ ကျွန်တော်တို့၏ ပစ္စုပ္ပန်နှင့်အနာဂတ်မျိုးဆက် များအတွက် သန့်ရှင်းသော၊ ကျန်းမာသော၊ လွတ်လပ်သောမြစ်ကြီးများ ရှင်သန်အောင်အားထုတ် ဆောင်ရွက်ရပေမည်။