www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
ကြာသပတေး, ၂၁ နိုဝင်ဘာ ၂၀၁၉

Mizzima Burmese

Home > အာဘော်နှင့်အမြင် > သဘောထားအမြင် > လူငယ်တွေအတွက် နေရာ

လူငယ်တွေအတွက် နေရာ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ယခုနှစ်ပိုင်းအတွင်း လူငယ်တွေ၊ အထူးသဖြင့် တက်ကြွလှုပ်ရှားသူ လူငယ်တွေ အသံထွက်ပြောနေကြတာ တစ်ခု ရှိသည်။ အသံထွက် ပြောနေကြခြင်းဟု ရည်ညွှန်းလိုသည်မှာ အသံမထွက်သည့် လူငယ်များ၊ အသံထွက် လွဲနေ သည့်လူငယ်များ ရှိနေ၍ ဖြစ်သည်။ အသံထွက်ကြသည့်နေရာတွင်လည်း လူငယ်တစ်စု၊ လူငယ်အစုစုနှင့် တစ်ခါ တစ်ရံ အသံထွက်နိုင်သည့် လူငယ်တစ်စုသာ ဖြစ်သည်။ ပြောနေကြသည်က နေရာဖြစ်သည်။ ၎င်းတို့တောင်းဆို
နေရာမှာ တကယ့်နေရာဖြစ်သည်။ လက်နှင့် ထိတွေ့ကိုင်ဆုပ်နိုင် သည့် ရုပ်ဝတ္ထုနေရာဖြစ်သည်။ ဤနေရာတွင်
ပြောဆိုစရာဖြစ်လာသည်။

နေရာနှစ်မျိုး

နေရာဟုဆိုရာတွင် နေရာနှစ်မျိုး ခွဲခြားနိုင်သည်။ (၁) ကြိုးစားယူ၍ရသည့်၊ တကယ့် ရုပ်ဝတ္ထုနေရာနှင့် (၂) စံထား ရသည့်၊ တင်စားသည့် အဇ္ဈတ္တနေရာ ဖြစ်သည်။

တကယ့်ရုပ်ဝတ္ထုနေရာဆိုသည်မှာ အိမ်၊ ရုံး၊ ကျောင်း၊ စတိုခန်း စသဖြင့် မြင်လွယ်နိုင်သည့်နေရာများ၊ အလုပ်ခွင် တို့ကို ဆိုလိုခြင်းဖြစ်ပြီး အဇ္ဈတ္တနေရာဟူသည်မှာ လုပ်ပိုင်ခွင့်၊ လုပ်ကိုင်နိုင်စွမ်းကို ဖော်ထုတ်နိုင်ခွင့်ရှိသည့် နေရာကို ဆိုလိုခြင်းဖြစ်သည်။ ယနေ့လူငယ်တွေ အသံထွက်နေကြသည်မှာ (၁) ရုပ်ဝတ္တု နေရာရရှိရေးဖြစ်သည်။

အနုပညာကို စိတ်ဝင်စားသည့် လူငယ်များက ၎င်းတို့အနုပညာကို ထုတ်လုပ်နိုင်မည့်၊ အလုပ်ကောင်းကောင်း လုပ်နိုင်မည့် နေရာကို လိုချင်ကြသည်။ စာပေစိတ်ဝင်စားသည့် လူငယ်များက စာအုပ်စာပေများကို သိုမှီးထားနိုင် သည့် နေရာ၊ စာဖတ်ဝိုင်းများ လုပ်နိုင်သည့် နေရာကိုလိုချင်ကြသည်။ ဓာတ်ပုံပညာ စိတ်ဝင်စားသည့် လူငယ်များက ကင်မရာများနှင့် ၎င်းတို့ လွတ်လပ်စွာ ရိုက်ကူးနိုင်မည့် နေရာများကို လိုချင် ကြသည်။ ဂီတကို စိတ်ဝင်စားသည့် လူငယ်များက ၎င်းတို့၏ ခံစားမှုများကို လွတ်လပ်စွာ ထုတ်ဖော်နိုင်မည့် ဟစ်ကျူးနိုင်မည့် ထုတ်လုပ်နိုင်မည့် နေရာ များကို အလိုရှိကြသည်။

သို့သော် ပြဿနာမှာ ငွေကြေးဖြစ်သည်။ လူငယ်များသည် ၎င်းတို့၏ စွမ်းရည်များကို ထုတ်ဖော်နိုင်ရန်၊ ထုတ်လုပ်
နိုင်ရန် နေရာအတွက် ငွေကြေးသည် အဓိက အဟန့်အတား ဖြစ်နေသည်။ မည်သူလုပ်ပေးနိုင် မည်လဲဆိုသည်ကို သိရှိလိုကြသည်။ ရှာဖွေနေကြသည်။

သို့သော် ၎င်းတို့အလိုရှိနေကြသည်ကို မည်သူကမျှ အရေးတယူ ပြုလုပ်ခြင်းမရှိပေ။ အကြောင်းရင်းမှာ အသံသာ ထွက်နေကြပြီး အသံမကျယ်ခြင်း ဖြစ်သည်။ အသံကျယ်ကျယ်ထွက်ရန်အတွက် လူများများ လိုအပ်ပေမည်။ သို့သော် အသံထွက်နေကြသည်က လူနည်းစုဖြစ်နေသည်။

ရပ်ကွက်တစ်ခုမှာ လူငယ်တစ်ယောက်က ဘောလုံးကစားချင်သည် ဆိုပါစို့။ ၎င်းအနေနှင့် ဘောလုံးကစားနိုင် သည့် နေရာကို စတင်ရှာဖွေရပေမည်။ ထိုမှတစ်ဆင့် ဘောလုံးကစားနိုင်အောင် ခွင့်ပြုပေးနိုင်သည့် ပုဂ်္ဂိုလ်ကို ရှာဖွေရမည်ဖြစ်သည်။ ခွင့်ပြုပေးနိုင်သည့် ပုဂ်္ဂိုလ်သည် လူငယ်တစ်ယောက်က ဘောလုံးကစားချင်၍ ဘောလုံးကွင်း
နေရာကို ခွင့်ပြုပေးမည်လားဆိုသည်ကို စဉ်းစားနိုင်ပါသည်။ ခွင့်မပြုပေးပါ။ ပြဿနာမှာ တစ်ယောက်တည်း
ဖြစ်နေခြင်း။ အကယ်၍သာ ဘောလုံးကစားချင်သည့် လူငယ် ၂၀ ထက် မနည်း ရှိနေရင်ကော။ ပို၍ အဆင်ပြေ
နိုင်မည်ဖြစ်သည်။ ထို့ထက်ပို၍ လူငယ် ၂၀၀ ဆိုလျှင် ပို၍ဖြစ်နိုင် တော့မည်ဖြစ်သည်။ ဤနေရာတွင် ထင်သာမြင် သာ အဖြေရှာတွေ့ နိုင်ပေသည်။

နေရာနောက်တစ်မျိုး

ဤနေရာတွင် မည်သည့် တောင်းဆိုမှုမျိုးမဆို ကိုယ်စားပြောဆိုပေးနိုင်သည့် အဖွဲ့သို့မဟုတ် လူပုဂ်္ဂိုလ် ရှိနေလျှင် ယခုထက်ပို၍ အဆင်ပြေနိုင်သည်ဟူသည့် အချက်ဖြစ်သည်။ လူငယ်များ၏ လိုအပ်ချက်၊ တောင်းဆိုချက်များကို အစိုးရသို့ သို့မဟုတ် တောင်းဆိုလိုသည့်အဖွဲ့၊ လူပုဂ်္ဂိုလ်ထံသို့ တိုက်ရိုက် ပြောဆို နိုင်သည်ဆိုလျှင် ပို၍ ခရီးရောက်နိုင်မည်ဖြစ်သည်။ ထိုကြောင့် လူငယ်များအနေနှင့် ပေါက်ရောက်စွာ ပြောဆိုနိုင်မည့် နေရာကို ရအောင်ယူရမည်ဖြစ်သည်။

အဆိုပါနေရာမှာ အိမ်၊ ကျောင်း၊ ရုံး မဟုတ်၊ ငွေကြေးမဟုတ်။ လုပ်ပိုင်ခွင့်အတွက် ပြောဆိုနိုင်မည့်၊ Advocate လုပ်နိုင်မည့် နေရာကို လူငယ်များ ရရှိနေရမည်ဖြစ်သည်။ ထို့ကြောင့် လူငယ့်အရေးအတွက် ပြောဆို ပေးနိုင်သည့် လူငယ်ကိုယ်စားလှယ်တွေ ရွေးချယ်နိုင်အောင် လူငယ်များအနေနှင့် ဦးစွာကြိုးပမ်း ကြရမည် ဖြစ်သည်။ ထိုနေရာမှ တစ်ဆင့် လူငယ်တွေ လိုချင်နေသည့်၊ ထုတ်လုပ်နိုင်သည့် ထုတ်ဖော်နိုင် သည့်နေရာများကို တောင်းဆို ကြရမည်
ဖြစ်သည်။

နယ်ပယ်စုံအသံများ

နေရာလိုချင်နေသည့် လူငယ်တွေ နယ်ပယ်စုံမှာ ရှိနေသည်။ သို့သော် လူငယ်အရေအတွက် နည်းနေသည်။ ၎င်းတို့
တောင်းဆိုလိုသည့်အရာ၊ နေရာကို အမှန်တကယ်ခွင့်ပြုပေးနိုင်သူအထိ ပေါက်ရောက်အောင် မပြောဆိုနိုင်ကြပေ။
ပေါက်ရောက်နိုင်ပါကလည်း အင်အားနည်းနေသည်ကို တွေ့ရပေသည်။ လက်ရှိအခြေအနေနှင့် လူအင်အားကို
ဖြည့်တင်းခြင်းထက် ပို၍အလုပ်ဖြစ်မည့်အလုပ်မှာ လူငယ်အဖွဲ့ အစည်းတွေ စုစည်းပြီး တစ်ဖွဲ့လိုချင်နေသည့်
နေရာကို အခြားအဖွဲ့များကပါ စုပေါင်းတောင်းဆိုကြဖို့ဖြစ် သည်။ တစ်ဖွဲ့၏ အကျိုးစီးပွားကို အခြားအဖွဲ့များက ပူးပေါင်းဆောင်ရွက်ကြဖို့ ဖြစ်သည်။ သို့သော် Institutionalisation အားနည်းသည့် မြန်မာနိုင်ငံအဖို့ ပူးပေါင်း လုပ်ဆောင်နိုင်မှုအတွက် အချိန်ယူရန် လိုအပ်နေသေးသည်မှာ အမှန်ပင်ဖြစ်၏။

အမှန်တကယ် တာဝန်ရှိသူမှာ မည်သူနည်းဆိုသည်မှာလည်း ပြဿနာတစ်ခုဖြစ်ပေသည်။ အစိုးရ၏ ပြုပြင်
ပြောင်းလဲမှုများအရ ယခင်က စစ်စနစ်ဆိုးများအောက်က အစိုးရ၀န်ထမ်းများ၊ ပုဂ္ဂလိက ၀န်ထမ်းများသည် ကြိုးနီ စနစ်များကိုမဖြတ်နိုင်ကြဘဲ ယခုအချိန်ထိ ကြောက်လန့်နေကြဆဲဖြစ်သည်။ လွန်ခဲ့သည့် တစ်ပတ်က အမျိုးသမီး အလွတ်တန်း ဓာတ်ပုံဆရာတစ်ဦး ဗိုလ်ချုပ်ဈေးတွင် ညအချိန် ဓာတ်ပုံရိုက်နေခြင်းကို ဈေးအာဏာပိုင် လုံခြုံရေးများ က တားဆီးသည့်ကိစ္စဖြစ်ခဲ့သည်။ ပတ်ဝန်းကျင်တွင် လွတ်လပ်စွာ လုပ်ကိုင်လိုသည့် ထုတ်လုပ်လိုသည့် လူငယ်များ အများအပြားရှိနေပြီး ၎င်းတို့၏ ထုတ်လုပ်နိုင်စွမ်းကို ကြိုးနီစနစ် နှင့် အထက်ကိုကြောက်ရသည့် စစ်စနစ်ဆိုးများက ယခုအချိန်ထိ တားဆီးပိတ်ပင်ထားဆဲဖြစ် သည်။ ထိုကြောင့် လူငယ်များလိုအပ်နေသည့်နေရာ၊ လူငယ်များအတွက် လွတ်လပ်ခွင့်သည် ယခုအချိန် ထိ လန်းစွင့်မလာ ခြင်းဖြစ်သည်။

ဆိုးကျိုးများ

လူငယ်များသည် ၎င်းတို့လိုအပ်သည့် နေရာအတွက် လွတ်လပ်မှုကို မရရှိတော့လျှင် ပြဿနာရှိလာနိုင်ပေသည်။ အိမ်ထောင်စုတစ်ခုတွင် လူငယ်တစ်ဦးမှ ကျိုးကြောင်းသင့်လျော်သည့် တောင်းဆိုမှုတစ်ခုကို မိဘများထံ တောင်းဆို သည်ဆိုပါစို့။ သို့သော် အကြောင်းအမျိုးမျိုးပြကာ တလွဲဆံပင်ကောင်းမှုများနှင့် လူငယ်၏ လွတ်လပ်ခွင့်ကို မိဘများ က ထိန်းချုပ်မည်ဆိုပါစို့။ ပထမအချက်များ အဆိုပါလူငယ်သည် မိဘကို အရွဲ့တိုက်၊ ပုန်ကန်လာနိုင်ပေသည်။
နောက်ထပ် တစ်ခုမှာ အိမ်မှာထွက်ခွာ၍ အခြားနေရာများသို့ လေလွင့်သွားနိုင်ပေသည်။

နိုင်ငံတစ်နိုင်ငံတွင် လူငယ်များ၏ တောင်းဆိုမှု၊ လူငယ်များ၏ လိုအပ်ချက်များကို လျစ်လျူရှုထားပါက အဆိုပါနိုင်ငံမှ အခြားနိုင်ငံသို့ ထွက်ခွာသွားနိုင်ခြင်းမှတစ်ဆင့် ဦးနှောက်ယိုစီးမှုဖြစ်လာနိုင်ပြီး နောက်တစ်ချက်မှာ လူငယ်များသည် ၎င်းတို့၏ လိုအပ်ချက်များအတွက် ပုန်ကန်မှုများ ပြုလုပ်လာနိုင်ပေသည်။ အစိုးရအနေနှင့် လူငယ်များ၏ လိုအပ်ချက် များ လျစ်လျူရှု မထားသင့်တော့ပေ။ မြန်မာနိုင်ငံအတွင်း လူငယ်များ၏ လိုအပ်များ၊ တောင်းဆိုချက်များကို အစိုးရ အနေနှင့် လည်ပြန်ငဲ့ကြည့်သင့်နေပြီဖြစ်သည်။