www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
စနေ, ၂၁ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > အာဘော်နှင့်အမြင် > သဘောထားအမြင် > လိမ္မော်သီးတွေ လိမ့်လာပြီ ... လိမ့်လာပြီ ...

လိမ္မော်သီးတွေ လိမ့်လာပြီ ... လိမ့်လာပြီ ...

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

၂၀၀၇ စက်တင်ဘာ မိုးရေစက်တွေကို ကြုံလိုက်ရသူများမှတ်မိနေကြမယ်။ သတိရနေကြမယ်လို့ ယုံကြည်ပါတယ်။
မေတ္တာသုတ်တော်တွေရွတ်ပြီး ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ရဟန်းတော်တွေ သွေး မြေကျခဲ့ရတဲ့ စက်တင်ဘာ ပါ ...။

အဲဒီ ရွှေဝါရောင်တော်လှန်ရေးမှာ ကျွန်တော်တို့ကဗျာဆရာတွေ ပါဝင်ပူးပေါင်းခဲ့ကြပါတယ်။ ရန်ကုန်မြို့ (၃၃) လမ်း ထဲက (ပါဝါ) လက်ဖက်ရည်ဆိုင်မှာ စုရပ်လုပ်ပြီးကုန်သည်ကြီးများ ဟိုတယ်ရှေ့မှာ စုရုံးကြွရောက်လာတဲ့ သံဃာတော်တွေကို လူထုကကြိုဆိုကြပါတယ်။ ရွှေတိဂုံစေတီအရှေ့ဘက်မုခ်၊ ကြေးသွန်း ဘုရားကြီးမှာ သံဃာတော်တွေကို နေ့ဆွမ်းကပ်ပါတယ်။ ဆွမ်းဘုန်းပေးပြီးတာနဲ့ ဆူးလေစေတီဘက်ကို ချီတက်ကြပါတယ်။ လူထုက လက်ချင်းချိတ်ပြီး သံဃာတော်တွေနဲ့အတူ လိုက်ပါဝန်းရံခဲ့ကြတယ်။ မြင်ကွင်းက အားတက်စရာပါ။ ဒါပေမဲ့ ပြန်လည် မြင်ယောင်ကြည့်တော့ ငိုချင်မိတယ်။

ရွှေဝါရောင်ကို ရင်ခုန်ခဲ့သူ၊ ရွှေဝါရောင်ကြောင့် အင်းစိန်တောရကို ရောက်ခဲ့ရသူတစ်ဦးဖြစ်တဲ့ ကဗျာဆရာ
နေထက်နိုင်က Saffrom  Revolution လို့ခေါ်တဲ့ အမည်ရခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးဟာ ၂၀၀၇ ခုနှစ်ဆီက ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေ၊ မိုးတွေရေတွေထဲ မေတ္တာပို့ကြွချီကြတဲ့ အဖြစ်ဟာ တော်လှန်ရေးခရီးတစ်ခု
ဖြစ်တယ်။ ရင်ခုန်လှုပ်ရှားနေတဲ့ လမ်းတွေပေါ်က၊ အိမ်တွေထဲက၊ တိုက်မြင့်တွေပေါ်ကနေ ရင်ခုန်ကြည့်မော မျက်ရည်တွေ စိုခဲ့ကြတယ်။ ကမ္ဘာကသြချယူရလောက်တဲ့ ငြိမ်းချမ်းတဲ့ဆန္ဒပြမှုတဲ့။ နိမိတ်ပုံတွေ၊ သမိုင်းတွေ လှခဲ့ကြွခဲ့တာကိုတော့ ငြင်းဆိုလို့မရ၊ ချေဖျက်လို့မရ ...” ဆိုပြီး ရွှေဝါရောင်နှစ် ပတ်လည် အမှတ်တရ ပြောခဲ့ ပါတယ်။

ထိုင်းနိုင်ငံကိုရောက်နေတဲ့ မဂ္ဂင်ကျောင်းတိုက်မှ ရွှေဝါရောင်ခေါင်းဆောင် သံဃာတော်တစ်ပါးဖြစ်တဲ့ ဦးဇင်း “ဂျောင်းဂျောင်း” လို့ လူသိများတဲ့ အရှင်စာစရိယကလည်း ...

ရွှေဝါရောင် တော်လှန်ရေးပြီးတာကြာပါပြီ။ မာရှယ်လောနှင့် အုပ်ချုပ်နေသောစစ်အစိုးရအား ဖြုတ်ချနိုင်ခဲ့သည်။

၂၀၀၈ ဥပဒေကိုင်ဆွဲထားသည့် အရပ်ဝတ်လူတစ်စုက အာဏာကိုင်ထားဆဲဖြစ်နေသည်။

ပြီးတာတွေပြီးပေမယ့် အနာကမကျက်နိုင်ဘူးလို့ ရင်ဖွင့်ပါတယ်။ ရှစ်မိုင်၊ ကုန်းမြင့်သာ စစ်ရုံးရှေ့မှာ သံဃာတော်
တွေက မေတ္တာသုတ်တွေရွတ်တဲ့နေ့က စက်တင်ဘာ ၂၅ ရက်ပေါ့။ ကြက်သီးတွေ တဖျန်းဖျန်းထပြီး၊ ထိုင်ငိုချင်လောက်အောင် သံဃာတော်တွေရဲ့ မေတ္တာသံဟာ ဟိန်းဟိန်းညံ ခဲ့တယ်။

ပခုက္ကူမှာ ကိုရင်လေးကိုဓါတ်တိုင်မှာ ကြိုးနဲ့တုတ်ပြီးရိုက်တယ်။ ရဟန်းတော်တွေကို စော်ကားတယ်။ တစ်နိုင်ငံလုံး ကြိမ်မီးအုံးပမာ ဖြစ်ခဲ့တယ်။ ကျွန်တော်တိုက သံဃာထုကို ၀န်းရံပံ့ပိုးပေးခဲ့ကြတယ်။ တ ကယ်တော့ ရွှေဝါရောင်
တော်လှန်ရေးဟာ ယဉ်ကျေးတဲ့ကမ္ဘာကိုတုန်လှုပ်ခြောက်ခြားရလောက်အောင် ဖြစ်ခဲ့ရတဲ့နေ့တွေပါပဲ။

လူသားဝါဒကို အဓိကထားဟောကြားခဲ့တဲ့ ဗုဒ္ဓကလူသားဆန်ဖို့ သီလကိုပဲအဓိကထား ဟောကြားခဲ့ပါ တယ်။ သီလကြောင်တွေက “ဘုန်းကြီးတုတွေတဲ့၊ ပြည်လမ်းမ အင်းလျားကန်အနီးမှာ မိုင်ဝက်လောက်ရှိ တဲ့ ရဟန်းတော်
တွေရဲ့ စစ်ကြောင်းဟာငြင်းမရတဲ့ သမိုင်းမှတ်တိုင်ပါ။ အာဏာထိရင် တဆတ်ဆတ်နာ တတ်တဲ့အာဏာရှင်တွေရဲ့ ရင်ကိုသိမ့်သိမ့်ခါသွားစေတဲ့ ရွှေဝါရောင်လေ” ဒါပေမဲ့ ကျေးတော်မျိုး ကျွန်တော်မျိုးတွေက “လိမ္မော်သီးတွေ လိမ့်လာပြီ” ဆိုတဲ့ စကားဝှက်ကို လမ်းလျှောက်စကားပြောစက်တွေနဲ့ သတင်းပို့ပြီး သံဃာတော်တွေကို အကြမ်းဖက် ခဲ့ကြတယ်။ အသည်းနာလိုက်တာ ...။

စက်တင်ဘာ၂၅ရက်။ ။ စပစ်ပါပြီ ...။

စက်တင်ဘာ ၂၆ရက်။ ။ ရဟန်းတော်တို့ရဲ့ဦးခေါင်းကို ရိုက်ခွဲပါပြီ။ မဂ္ဂင်ကျောင်းတိုက်နဲ့ ငွေကြာယံ အပါအ၀င်
ကျောင်းတိုက်တွေကို စစ်စခန်းဝင်စီးသလိုဝင်စီးပါပြီ။

ဒလန်တွေကလည်း အများသား၊ စွမ်းအားရှင်ဆိုတဲ့ လက်ကိုင်တုတ်တွေကလည်း အဆင်သင့်၊ ယဉ်ကျေးတဲ့ လူ့ အဖွဲ့အစည်းနဲ့ သိမ်မွေ့တဲ့ဘာသာတရားကို ဖျက်ဆီးကြဖို့ပေါ့။ ဂျပန်သတင်းထောက် (KenJi nagai) အသက်ပေး သွားတယ်။ တစ်နိုင်ငံလုံး ယူကြုံးမရဖြစ်ကြရတဲ့ နေ့တွေပေါ့။ ရဟန်းပျိုများ သမဂ္ဂ၊ သောတုဇနဘိက္ခုအဖွဲ့ဆိုတဲ့ ရဟန်းတော်တွေ အရင်းအနှီးကြီးခဲ့ရတဲ့ ရွှေဝါရောင် တော်လှန်ရေး ကြီးပါ။

ကျွန်တော်တို့ ဘယ်တော့မှ မမေ့နိုင်ပါဘူး။ ။

 (စက်တင်ဘာလအတွင်းကျရောက်သော ရွှေဝါရောင်တော်လှန်ရေးအား ဤဆောင်းပါးဖြင့် ဂုဏ်ပြုမှတ်တမ်းတင် အပ်ပါသည်)