ပြည်သူ့ကိုယ်စားလှယ်ကို ဌာနဆိုင်ရာတို့က နာခံစေရန်လိုအပ်ခြင်း

ပရင့်ထုတ်ရန်

ရပ်ကွက်၊ ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးဥပဒေပြဋ္ဌာန်းပြီးဖြစ်၍ တိုင်းဒေသကြီး၊ ပြည်နယ်အုပ်ချုပ်ရေးအဆင့်၊ ခရိုင် အဆင့်နှင့် မြို့နယ်အဆင့် အုပ်ချုပ်ရေးဥပဒေ ရေးဆွဲပြဋ္ဌာန်းရမည်ဆိုခြင်းမှာ ကလေးတွေ ကြေးတိုက်တာလား၊ ဒါဆို ဒါရောဒါရောဟူသည့် သုံးချက်တွက်နည်း tic tac toe ပုံသေနည်းကြီး ကိုင်ပြောနေတာလား၊ အခြေခံ အမျိုးအစားချင်း မတူတာတွေ လိုက်နှိုင်းပြောသလို ဖြစ်နေသည်။

အပေါ်လိုက်နာ
ဘေးပန်းလှည့်ကြည့်စရာမလိုခြင်း

၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုးကားပြောသည်။ ဒါက ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီ အဆင့်ဆင့် တစ်ပြိုင်နက် ထက်လယ်အောက်တစ်မူတည်း (ဆိုရှယ်လစ်မူ)၊ တစ်ညီတည်း လုပ်ထားရတာဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံနှင့် လစ်ဘရယ်ဒီမိုကရေစီသည် မတူကွဲပြားများပြား စုံလင်သည့်မူ Policy of Plural Diverse ကို အခြေခံသည်။ ယင်းမှာပင် အခြားသော ယနေ့လစ်ဘရယ် ဒီမိုကရေစီနိုင်ငံ ဖွဲ့စည်းပုံများနှင့် ဆင်ဆင်လိုလို
ပြသပြောကြားပြီး ဦးဆောင်aရးဆွဲခဲ့သူတို့၏ အာဏာလက်ထဲ ဆက်မြဲရေးအတွက် တမင်ကွဲပြားအောင် ပြုလုပ် ထားသည်များ အထင်အရှားပါနေသည်။ ယင်းအရ ယနေ့လွှတ်တော်နှင့် အစိုးရ ငြင်းခုံနေရပြီး လွှတ်တော်က သမ္မတအား ရွေးချယ်ပေးပြီးနောက် ငြမ်းဖျက်ခွင့်ရထားစေပါသည်။ ခြေခြေ မြစ်မြစ်မသိသော ပြည်သူတို့ကြား၌ လွှတ်တော်သည် ဥပဒေအထက်တွင် ရှိနေသည်ဟူသော အစိုးရဘက်၏ နှပ်ကြောင်းနောက်သို့ လိုက်ပါ ထင်မြင်ကာ အမှတ်မှားစေပါသည်။

ယခုကဲ့သို့ မတူတာလိုက်တိုင်း ပြောဖို့လုပ်သူက သည်ကြားထဲတွင် လုပ်လာခြင်းဖြစ်သည်။

ရှင်းရှင်းပဲပြောမည်။ ၂၀၀၈ ဖွဲ့စည်းပုံနှင့် ယနေ့အစိုးရအဖွဲ့အဆင့်အဆင့်ဖွဲ့စည်း အုပ်ချုပ်ပုံသည် ဗဟိုမှ ထက်- လယ်- အောက်ပုံစံသာဖြစ်သည်။ စီမံကိန်းတွေအရ-အသုံး မှန်းခြေ ငွေစာရင်းတွေ အနိမ့်ဆုံးလုပ်ခ သတ်မှတ်ရေး
တွေ အသင်းအဖွဲ့ မှတ်ပုံတင်ရေးတွေ အားလုံးထောင်လိုက်သွားသည်။ အထက်တည့်တည့်ကို နာခံရန်သာ
ဖြစ်သည်။

ဗြိတိသျှခေတ်နှင့် ပါလီမန်ခေတ် ဒီမိုကရေစီအုပ်ချုပ်ရေးတွင် ဗဟိုအစိုးရတစ်ခုတည်းရှိသည်။ တိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်၊ ကျေးတွင် ယနေ့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနခေါ် ထိုစဉ်က Indian Civil Services/ Burma civil Service ခေါ်တိုင်း မင်းကြီး၊ ခရိုင်ဝန်၊ မြို့ပိုင်၊ သူကြီးအဆင့်ဆင့် အုပ်ချုပ်သည်။ တစ်ခုသာရှိသည်။ ယင်းတစ်ခုက အရေးကြီးဆုံးဖြစ်သည်။ သူက ပြည်သူ့အာဏာပိုင်စိုးမှုကို ပြသသည်။ ခိုင်မြဲစေသည်။ တစ်လက်မမျှ
နောက်ဆုတ်မပေး။

ဖွဲ့စည်းပုံတွင် ပြင်ရမည်

ယင်းမှာ အခြားမဟုတ်။ ဗြိတိသျှခေတ်နှင့် ပါလီမန်ခေတ်တွင် (အောက်၊ ပြည်သူ့) လွှတ်တော်အမတ်များကို တိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်၊ ကျေးရှိတိုင်းမင်းကြီး၊ ခရိုင်ဝန်၊ မြို့ပိုင်၊ သူကြီးတို့က နာခံစေခြင်း ဖြစ်သည်။ သူတို့ဆီတွင် အထက်လွှတ်တော်သည် မင်းစိုးရာဇာကာကွယ်ရေးဖြစ်ခဲ့ပြီး ယခုနောက်ပိုင်းတွင်မှ ဒေသကိုယ်စား
ပြု ပုံစံ ပြောင်းလဲလာခဲ့သည်။ ယင်းကို ဖွဲ့စည်းပုံအခြေခံဥပဒေက ပြည်သူ့အာဏာပိုင်စိုးမှု၏ အခြေခံအဖြစ်
ပြတ်ပြတ်သားသား ဖော်ပြလေ့ရှိပါသည်။ အမေရိကန် ပြည်ထောင်စုဟူသော ဗဟိုတွင် သမ္မတ၊ ပြည်နယ်များ၌
ပြည်နယ်အုပ်ချုပ်ရေးမှူး State Governor၊ မြို့တွင် မြို့တော်ဝန်အုပ်ချုပ်သော စနစ်၌ အောက်အထက်လွှတ်တော် အမတ်များကို လေးစားစွာ အလျားလိုက် ဆက်ဆံကြရသည်။ မြင့်လျှင်ကား နာခံရသည်။

ယခု ကျွန်တော်တို့ဖွဲ့စည်းပုံနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့် အုပ်ချုပ်ရေးတို့၏
ပြည်သူ့ကိုယ်စားလှယ်တို့အပေါ် လေးစားမှုမရှိဘဲ ခပ်တင်းတင်းခပ်တန်းတန်း ဆက်ဆံသော သဘောထားမှာ သမ္မတ၏ အုပ်ချုပ်ရေး အာဏာက လွှတ်တော်နှင့် တရားစီရင်ရေးအာဏာ အထက်တွင်ရှိစေသော ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် ဖြစ်ပါသည်။ ဖွဲ့စည်းပုံကို ပြင်ရန်လိုသည်။ လက်ရှိ သမ္မတကမပြင်ဘဲ ဆက်သွားမည်ဆိုလျှင် လွှတ်တော်ကိုယ်စားလှယ်ရုံးနှင့်အပြိုင် ရပ်မိရပ်ဖရုံး၊ လွှတ်တော်နှင့် အပြိုင် အုပ်ချုပ်ရေးစွမ်းရည် အကဲဖြတ် အဖွဲ့၏ ဖြေရှင်းပေးမှုစသည်များကို ဖျက်သိမ်းရမည်ဖြစ်သည်။ လွှတ်တော်၏ တရားရေးနှင့် အုပ်ချုပ်ရေးအပေါ်
ပြန်လှန်ထိန်းကျောင်းမှု Check and balance ကိုလက်ခံရမည် ဖြစ်သည်။ လက်ရှိ အုပ်ချုပ်ရေး အာဏာရ ပါတီတို့ ၏ လူ၊ မူ၊ အလေ့အကျင့်၊ ခံယူသင်ကြားခဲ့မှုတို့က ယင်းကိုပြောင်းလဲရန် လွယ်ကူချောမွေ့စေမည် မဟုတ်ပါ။

ဒီတော့ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်စသည်တို့အတိုင်း ပြည်သူကရွေးချယ် တင်မြှောက်သည့် ပြည်သူ့ကိုယ်စားလှယ် လွှတ်တော်အမတ်တို့ကို တိုင်းမင်းကြီး၊ ခရိုင်ဝန်၊ မြို့ပိုင်၊ ရပ်၊ ကျေး အုပ်ချုပ်ရေးမှူးတို့က နာခံစေရန် ထည့်သွင်းပြင်ဆင်ခြင်းသာ ပြုရပါတော့မည်။