www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
သောကြာ, ၂၄ ဇန်နဝါရီ ၂၀၂၀

Mizzima Burmese

Home > စီးပွားရေး > မြန်မာနှင့် လာဘ်ပေးလာဘ်ယူ > တီးတိုးငွေကြေး အပိုင်း (၇)

တီးတိုးငွေကြေး အပိုင်း (၇)

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

အစိုးရသစ်က လွတ်ငြိမ်းချမ်းသာခွင့်ပေးလို့ အကျဉ်းထောင်ကနေ မကြာသေးခင်က လွက်လာသူတွေထဲ ဦးမြင့်မောင် ဆိုသူလည်း ပါလေရဲ့။ သူ့ဇနီးသည်ရဲ့ မျက်ဝန်းဆို ပျော်ရွှင်တဲ့ မျက်ရည်အပြည့်နဲ့ ဆီးကြိုနေခဲ့တာ။
 
ဒီလိုဖြစ်ရပ်မျိုး ဘာကြောင့်ကြုံရသလဲဆိုတော့ ဦးမြင့်မောင်က “ကျနော်ကတော့ နှစ်လုံးသုံးလုံး လောင်းကစားလုပ်တဲ့ အသေးစား လုပ်ငန်းရှင်ပေါ့။ အသေးစားမို့ ဒီလိုအဖြစ်မျိုး ရောက်ရတာပါ” လို့ ဆိုပါတယ်။
 
သူဆက်ပြောတာတွေက ဟောဒီလိုပါ။

‘‘ကျနော်တို့မိသားစုက ဒီအလုပ်နဲ့ပဲ ရပ်တည်လာတာပါ။ မိသားစုဝင် ၅ ယောက် ရှိတယ်။ အရင်တုန်းက ကိုယ်က လက်ခွဲပေါ့။ ဒိုင်ကြီးတွေဆီ သွားပြန်တင်၊ ကော်မရှင်စားပဲ။ နောက်တော့ ထိုးသားဖောက်သည်တွေ ရလာတော့ ကိုယ်ပိုင် တနိုင်တပိုင် ဒိုင်လုပ်ဖြစ်လာတယ်။ ကျနော့်အလုပ်က တဖြည်းဖြည်း တိုးလာလေ၊ ပေးရမယ့်
 ပြည်သူ့ရဲတွေလည်း များလာလေပဲ။ လက်ခွဲဘဝ ကတည်းကစပြီး ကိုယ့်ကို မဖမ်းအောင် တပတ်မှာ ၃ ခါ၊ ၃ ယောက်ထက် မနည်းတဲ့ ပြည်သူ့ရဲတွေကို လက်ကျိပ်ထိုးဖိုး ပေးရတယ်။ ဒိုင်သေးသေးလေး ဖြစ်လာတဲ့အခါမှာ ပိုဆိုးလာတယ်။ လက်ကျိပ်ထိုးဖိုး မဟုတ်တော့ဘူး။ တခါတမျိုး မရိုးစေမယ့် အကြောင်းပြချက်တွေနဲ့ တပတ်မှာ ၄ ရက်လောက်က တယောက်ပြီး တယောက် ရောက်လာတယ်’’
 
‘‘အကြောင်းပြချက်တွေက ဒီလိုဗျ၊ ‘ကျနော်တို့ရုံးခန်း ရေအိမ်ပြန်ပြင်မလို့၊ အဲဒါ တတ်နိုင်သလောက် ထည့်ဦး၊ ပြန်ပြင်ရင် စုစုပေါင်းတော့ တသိန်းခွဲလောက်ကျမယ်’၊ သူတို့က အဲလို။ လိုချင်တာကို တိုက်ရိုက်မတောင်းဘူး။ မသိမသာဘဲ တောင်းတာ။ ဝိနည်းလွတ်အောင်’’
 
‘‘ အခုလို ငွေအပိုတွေ ပေးထားလိုက်တော့ တကယ်လို့ စစ်ဆေးရေးရှိရင် ကြိုပြီး လာပြောပေးတယ်။ ဒီနေ့ ရှိတယ်၊ သိမ်းထား၊ ဘာညာဆိုပြီးပေါ့ဗျာ’’

‘‘ဒါနဲ့ ကျနော် တိုတိုပဲ ပြောတော့မယ်။ ကျနော် ဒီအလုပ်ကို လုပ်စားလာတဲ့ ၁ဝ နှစ်၊ ၁၅ နှစ်မှာ ရှာသလောက် စီးပွားမဖြစ်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်ငွေတဝက်လောက်က အဲဒီကျေးဇူးရှင်တွေကို ပေးနေရလို့’’
 
‘‘နောက်ဆုံးတော့ ကျနော်လို ဒိုင်သေးသေးလေးကို ဖမ်းလိုက်ကြတာပေါ့။ တကယ်ဆို ကျနော် ပေးကမ်းခဲ့တဲ့ သူတွေကိုလည်း ကြံရာပါအဖြစ် ပြစ်ဒဏ်ပေးသင့်တာပေါ့’’

‘‘ကျနော့်ထက် အများကြီး သက်တမ်းရင့်တဲ့ တကယ့်အကြီးအကျယ် လုပ်နေတဲ့ ဒိုင်ကြီးတွေတော့ အခုချိန်ထိ
 အေးဆေးပဲ။ သူတို့ကမှ တကယ့် ကုမ္ပဏီကြီးလို ဝန်ထမ်းတွေခန့်ပြီး လုပ်နေကြတာ။ လိုင်စင်ယူထားသလား မှတ်ရတယ်’’

အသက် ၄၈ နှစ်အရွယ် နှစ်လုံး သုံးလုံးအပြင် ဘောလုံး လောင်းကစားဒိုင် လုပ်နေသူ တဦးကတော့ ဒီအလုပ်ကို လုပ်တာ သူ့အသက် ထက်ဝက်ကျော်ပြီလို့ ပြောပါတယ်။

“ မြို့နယ် ၆ မြို့နယ်ထက် မနည်းတဲ့ လက်ခွဲတွေရှိတယ်။” ပြီးတော့ သူ့ရဲ့တလဝင်ငွေကို စုကြည့်ရင် လျှော်ပြီးစားပြီးကို ”သိန်း ၈ဝဝ နဲ့ တထောင်ကြားရှိတယ်” လို့ဆိုပါတယ်။ ဒါပေမယ့် ဒီငွေပေါ်မှာ ” လုပ်အားမစိုက်ပဲ ရတဲ့သူတွေကတော့ မြို့နယ်ရဲစခန်းကနေ ရဲချုပ်ကြီးတွေ” အထိပါပဲလို့ ဆိုပါတယ်။
 






 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

နောက်ဆုံးသတင်းများ

  1. ယခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး(တောင်ပိုင်း)တွင် မူးယစ်ဆေးဝါးအမှု တစ်ရာကျော် အရေးယူနိုင်ခဲ့ဟုဆို
  2. ဇနီးဖြစ်သူနှင့် စကားများပြီး ယောက်ျားတစ်ဦး ဆွဲကြိုးချသတ်သေမှု ထပ်ဖြစ်
  3. ချစ်သူမိန်းကလေး၏ ဘောင်းဘီကို သော့ခတ်သည့် ယောက်ျားဖမ်းဆီးခံရ
  4. အမျိုးသမီးတစ်ဦးကို အိမ်ထဲဝင်သတ်ပြီး ပစ္စည်းလုယက်သူကို ဖမ်းမိ
  5. ထိုင်ဝမ်ပန်းချီဆရာ Chung Aik Hust ၏တစ်ကိုယ်တော်ပြပွဲကို ရန်ကုန်တွင်ပထမဆုံးအကြိမ်ကျင်းပမည်
  6. စင်ကာပူတွင်ကျင်းပမည့် “လက်ပံ” ဇာတ်ကားပြပွဲသို့ ဒါရိုက်တာနှင့်အတူ ပါဝင်သရုပ်ဆောင်သည့် အနုပညာရှင်များတက်ရောက်မည်
  7. ကိုရီးယားရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာသည့်မင်းသား ကင်ဒုံဝန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်းပြောကြား
e-letter-burmese

Who is Online

We have 14 guests online