www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၁၆ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > စီးပွားရေး > မြန်မာနှင့် လာဘ်ပေးလာဘ်ယူ > တီးတိုးငွေကြေး အပိုင်း (၆)

တီးတိုးငွေကြေး အပိုင်း (၆)

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

မြန်မာနိုင်ငံရဲ့ ပရင့်မီဒီယာတွေအတွက် ယဉ်ကျေးမှုနဲ့ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်မှာ စာပေစိစစ်ရေးဆိုတာ ရှိနေပါတယ်။ ဈေးကွက်ထဲမှာ ရှိသမျှ ကာတွန်း၊ ရုပ်စုံ၊ ဝတ္ထု၊ မဂ္ဂဇင်း၊ ဂျာနယ်တိုင်းဟာ မိမိတို့ စာအုပ်၊ မဂ္ဂဇင်း၊ ဂျာနယ်တွေမှာ ပါဝင်မယ့် ကဏ္ဍတိုင်းကို တင်ပြရပါတယ်။
 
အဲဒီအခါမှာ သူတို့က ဒါကိုဖြင့် ထည့်၊ ဒါတော့ ဖြုတ်၊ ဒါတော့ ဆိုင်းငံ့ စသဖြင့် မှတ်ချက်တွေနဲ့ ပယ်ချကြပါတယ်။ ဒါ့အပြင် ထုတ်ဝေသူတွေအတွက် ဂျာနယ်လိုင်စင်ကဒ်၊ မဂ္ဂဇင်းလိုင်စင်ကဒ်တွေကိုလည်း ချပေးသင့်၊ မချပေးသင့်ကို သူတို့စိတ်ကြိုက် စိစစ်ရွေးချယ်ပါတယ်။ ဒီလို စိစစ်ရွေးချယ်ခွင့်၊ ပယ်ချခွင့် ရနေတဲ့အတွက် လာဘ်ထိုးရမှုကလည်း တွဲပါလာတော့တယ်။
 
တီးတိုးမပါရင် လိုင်စင်ကဒ် ခက်ခဲ
 
digitize-censorship“ ကျမ မဂ္ဂဇင်းထုတ်ဝေခွင့် လိုင်စင်ကဒ် လျှောက်ထားတာ ၂ နှစ်ကျော်၊ ၃ နှစ်ထဲ ရောက်သွားတယ်။ အခုမှ ကျလာတယ်။ ကျမက သူတို့ပြဋ္ဌာန်းတဲ့အတိုင်းပဲ ပါရမယ့် စာရွက်စာတမ်းတွေနဲ့ လိုအပ်သလောက်ပဲ ပေးပြီး
 လျှောက်လိုက်တာ။ ဘယ်သူ့ကိုမှ ဘာမှပေးမထားသလို၊ ဘာအကပ်မှလည်း မရှိဘူး။ အဲဒါကြောင့်နဲ့ တူတယ်၊ ဒီလောက်ကြာတာ။ အခုတော့ အဲဒီမဂ္ဂဇင်းကဒ်ကို မယူတော့ဘူး။ လာမထုတ်တော့ဘူးလို့ ပြောလိုက်တယ်။ အခုက သူငယ်ချင်းတယောက်နဲ့ မဂ္ဂဇင်း တွဲထုတ်နေပြီလေ။ ”
 
ဒါပေမဲ့ သူနဲ့ မဂ္ဂဇင်းတွဲထုတ်နေတဲ့ သူငယ်ချင်းကတော့ “ကျမသူငယ်ချင်းက မဂ္ဂဇင်းထုတ်ခွင့် လျှောက်ထားတယ်ဆိုလို့ သူ့မဂ္ဂဇင်း ကျအလာကို စောင့်နေတာ။ တလလည်း ကျမလာ၊ ၂ လလည်း ကျမလာနဲ့။ ကျမတို့နည်းလမ်း မှားပြီဆိုတာ သိလိုက်တယ်’’
 
‘‘နောက်တော့ ကျမအဖေ အဆက်အသွယ်နဲ့ ဝန်ကြီးလက်မှတ် ရအောင်ယူတယ်။ အဲဒီကမှ စာပေစိစစ်ကို ဝန်ကြီးအော်ဒါနဲ့ သွားတယ်။ ပြီးတော့ စာပေစိစစ်က ကဒ်ထုတ်ပေးခွင့်ရှိတဲ့ သက်ဆိုင်သူတွေကို ဂါရဝပြုတယ်။ (သိန်းဂဏန်း တန်ဖိုးရှိ ပစ္စည်းများနှင့်သာ)။ အဲဒါ တလတောင် မပြည့်လိုက်ဘူး။ ရက် ၂ဝ လောက်ပဲ ရှိမယ်ထင်တယ်။ ထုတ်ဝင်ခွင့်ကဒ် ကျလာတယ်’’
 
‘‘အဲလိုကဒ် ကျရုံနဲ့လည်း မပြီးသေးဘူး။ ထုတ်ဝေမယ့်သူဟာ ပါတီနိုင်ငံရေး ကင်းရှင်းရမယ်ဆိုတာကို စစ်ဆေးသေးတယ်။ ဒါပေမဲ့ အဲဒါက သိပ်မခက်ဘူး။ ရဲမှူးကြီးအိမ်ကို သွားပြီး၊ ငွေ ၅ သိန်းလောက်အထိပေးမှ ပါတီနိုင်ငံရေး ကင်းတယ်လို့ ထောက်ခံပေးတယ်။ အဲဒါကို စာပေစိစစ်ကို ပို့ပေးတယ်။ အဲဒါပြီးရင်တော့ ထုတ်ဝေခွင့်ရှိသူတွေ ဖြစ်သွားပြီ။ အဆင့်တွေ ဖြတ်ရတာ နည်းနည်းတော့ များတယ်။ ကိုယ့်မှာ အရှိန်အဝါရှိတဲ့ သူတွေရဲ့ ထောက်ခံချက် (ဒါမှမဟုတ်) လက်မှတ်ပါရင် မြန်သွားတယ်။ အဲဒါနဲ့ ကျမ အခုမဂ္ဂဇင်း ထုတ်ဖြစ်သွားတယ် ဆိုပါတော့” ဆိုပြီး လုပ်နည်းလုပ်ဟန်တွေကို ရှင်းပြပြောဆိုပါတယ်။
 
သူ့သူငယ်ချင်းဖြစ်သူကတော့ “ကျမကတော့ သက်သက်ကို ဘာမှ မပေးဘဲ ဘယ်လောက်ကြာနိုင်မလဲလို့
 စောင့်ကြည့်တာ။ အခုတော့ ရတော့ ရတယ်၊ ပိုက်ဆံမပေးတော့ ကြာတယ်ဆိုတာ သိလိုက်ရတယ်” လို့ ဆိုပါတယ်။
 
အဲဒီနောက် မဂ္ဂဇင်းလိုင်စင်ကဒ်ကနေ ဂျာနယ်လိုင်စင်ကဒ်ပြောင်းဖို့ တာစူနေသူတဦးကတော့ “တကယ်ပါပဲဗျာ။
 နှစ်လုံးထီ ရောင်းတာတို့၊ ဘီယာဆိုင် ဖွင့်တာတို့တောင် ဒီလောက်ခက်မယ် မထင်ဘူး။ ကောင်းတဲ့အလုပ် လုပ်မယ့်ဟာကျတော့ အတော်ခက်တယ်’’
 
‘‘ကျနော်က အခု မဂ္ဂဇင်းလိုင်စင်အတွက် သိန်း ၂ဝ ကျော် ကုန်ပြီးပြီ။ တဆင့်ဝယ်ရတာပေါ့။ ရောင်းတဲ့သူကတော့ သူတို့ဝန်ထမ်းထဲကပဲ။ သူတို့က ဝန်ကြီးလက်မှတ်တချက်နဲ့ လိုင်စင်ကဒ်ကို ဒီနေ့လျှောက် မနက်ဖြန်မှာ အလကား ရလိုက်ပေမယ့် ကျနော်ကျတော့ ငွေသိန်း ၂ဝ ကျော်နဲ့ ဝယ်ရတာ’’
 
‘‘ကျနော့်ကို ပြောတော့ မဂ္ဂဇင်းကို ဂျာနယ်ပြန်လျှောက်လို့ လွယ်တယ်တဲ့။ အခုတော့ အဲလို ပြန်ပြောင်းဖို့ကို ဝန်ကြီးခွင့်ပြုချက် လိုတယ်လို့ ပြောတယ်။ ကျနော်တော့ ဂျာနယ်ထုတ်ချင်စိတ်တောင် မရှိတော့ပါဘူး” ဆိုပြီး သူ့အခက်အခဲတွေကို ဖွင့်ဟပြောဆိုပါတယ်။
 
အခုအခါ ဈေးကွက်ထဲမှာ ဂျာနယ်ထုတ်လိုသူတွေကို တဆင့်ခံလိုင်စင် ရောင်းချမှုများစွာ ရှိလာပါတယ်။ သတင်းဂျာနယ် လိုင်စင်ဆိုရင် သိန်း ၄ဝ နဲ့ ၆ဝ ကြား၊ သုတ၊ ရသ လိုင်စင်ဆိုပါက သိန်း ၃ဝ နဲ့ ၄ဝ ကြား ဖြစ်ပြီး၊ မဂ္ဂဇင်း လိုင်စင်ကတော့ သိန်း၂ဝ နဲ့ ၃ဝ ကြား  ပေါက်ဈေး ရှိနေပါတယ်။
 
အမှန်စင်စစ် အဲဒီ လိုင်စင်တွေကို ယဉ်ကျေးမှုနဲ့ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ စာပေစိစစ်ရေးဌာနကနေ ကဒ်အမျိုးအစားအလိုက် ငွေကျပ် ၁ သိန်းမှ ၃ သိန်း ပေးသွင်းရုံနဲ့ပဲ လိုင်စင်ချထားပေးရမှာပါ။
 
ဒါပေမဲ့ နီးစပ်ရာ အာဏာရှိ အသိုင်းအဝိုင်းတွေကတော့ လက်မှတ်တချက် ထိုးရုံနဲ့ အလကားနီးပါး ရရှိလာတဲ့ လိုင်စင်တွေကို ဈေးကွက်ထဲမှာ ငွေကြေးသိန်းပေါင်းများစွာနဲ့ အခုလို ပြန်လည်ရောင်းချပေးနေတာပါ။
 
(မှတ်ချက် ။      ။ ထိုထုတ်ဝေခွင့် လိုင်စင်များအား အမည်ပေါက် ထုတ်ဝေခွင့် ရရှိသူမှအပ မည်သူတဦးတယောက်ကိုမျှ ပြန်လည်ရောင်းချ ငှားရမ်းခြင်း မပြုရဟု ထုတ်ပြန် သတ်မှတ်ထားသည်။)



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

နောက်ဆုံးသတင်းများ

  1. ယခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး(တောင်ပိုင်း)တွင် မူးယစ်ဆေးဝါးအမှု တစ်ရာကျော် အရေးယူနိုင်ခဲ့ဟုဆို
  2. ဇနီးဖြစ်သူနှင့် စကားများပြီး ယောက်ျားတစ်ဦး ဆွဲကြိုးချသတ်သေမှု ထပ်ဖြစ်
  3. ချစ်သူမိန်းကလေး၏ ဘောင်းဘီကို သော့ခတ်သည့် ယောက်ျားဖမ်းဆီးခံရ
  4. အမျိုးသမီးတစ်ဦးကို အိမ်ထဲဝင်သတ်ပြီး ပစ္စည်းလုယက်သူကို ဖမ်းမိ
  5. ထိုင်ဝမ်ပန်းချီဆရာ Chung Aik Hust ၏တစ်ကိုယ်တော်ပြပွဲကို ရန်ကုန်တွင်ပထမဆုံးအကြိမ်ကျင်းပမည်
  6. စင်ကာပူတွင်ကျင်းပမည့် “လက်ပံ” ဇာတ်ကားပြပွဲသို့ ဒါရိုက်တာနှင့်အတူ ပါဝင်သရုပ်ဆောင်သည့် အနုပညာရှင်များတက်ရောက်မည်
  7. ကိုရီးယားရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာသည့်မင်းသား ကင်ဒုံဝန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်းပြောကြား
e-letter-burmese

Who is Online

We have 68 guests online