www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၁၆ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > စီးပွားရေး > မြန်မာနှင့် လာဘ်ပေးလာဘ်ယူ > လာဘ်ပေးရလည်း မတိုင်ရဲ

လာဘ်ပေးရလည်း မတိုင်ရဲ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

နယူးဒေလီ (မဇ္ဈိမ) ။      ။ ကျောင်းအပ်နှံရာတွင် တရားဝင် သတ်မှတ်ကြေးအရ မဟုတ်ဘဲ ပိုမိုပေးရလျှင် တိုင်ကြားနိုင်သည်ဟု ရန်ကုန်အစိုးရက အသိပေးထားသော်လည်း သားသမီးများ ပညာရေး ထိခိုက်နိုင်သဖြင့် မတိုင်ကြားရဲကြောင်း ကျောင်းသားမိဘများက ပြောသည်။

အစိုးရကျောင်းများတွင် တရားဝင် သတ်မှတ်နှုန်းထက် ပိုမိုကောက်ခံပါက တိုင်ကြားနိုင်ပြီး အမည်၊ လိပ်စာနှင့်တကွ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံစာ အခိုင်အမာလိုအပ်ကြောင်းနှင့် ကျောင်းများတွင် တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်နှင့် ဖက်စ်နံပါတ်များပါ ထားရှိမည်ဖြစ်ကြောင်း မေလ ၁၇ ရက်နေ့တွင် ရန်ကုန်အစိုးရက သတင်းစာ ရှင်းလင်းပွဲတွင်
 ပြောဆိုခဲ့သည်။

“ကျောင်းအပ်ခက ၆၅ဝဝ၊ အလှူငွေက တသောင်း။ သူတို့က ဘာကြေးလို့ မပြောဘူး၊ အလှူငွေဆိုပြီး ထည့်ရတာပဲ။ ကျောင်းအပ်ခရော၊ အလှူငွေရော၊ ဘာဖြတ်ပိုင်းမှ မပေးဘူး။ ပါးစပ်နဲ့ပဲပေါ့။ အဲဒါ မတိုင်ရဲဘူးလေ၊ တိုင်ရင် ကျောင်းထဲမှာ ကိုယ့်သားသမီး ထိခိုက်နိုင်တယ်” ဟု အမက ၆ ပုဇွန်တောင်တွင် ၃ တန်း တက်မည့်
 ကျောင်းသားတဦး၏ ဖခင်က မဇ္ဈိမကို ပြောသည်။

သို့သော် ၎င်းကျောင်းတွင် ၃ no1တန်း ကျောင်းသားအတွက်
 ပြဋ္ဌာန်းစာအုပ်ဖိုး ၅၂ဝ ကျပ်သာ ကောက်ခံရန်နှင့် အခြား မည်သည့်ကြေးကိုမျှ ပေးဆောင်ရန် မရှိကြောင်း တရားဝင် ထုတ်ပြန်ထားသည်။

၉ တန်း ကျောင်းသားများတွင် ကျောင်းလခ ၁ဝဝဝ ကျပ်၊ မိဘဆရာအသင်းနှင့် စာကြည့်တိုက်အတွက် ၁ဝဝဝ ကျပ်နှင့် ဇီဝဗေဒဘာသာတွဲယူသူများမှာ ပြဋ္ဌာန်းစာအုပ်ဖိုးအတွက် ၁၁၅ဝ ကျပ်နှင့် စီးပွားရေး ဘာသာတွဲ ယူသူများအတွက် ၁၆၅ဝ ကျပ်သာ ကျသင့်သော်လည်း အလှူငွေအဖြစ်ပါ ကျပ် ၂ဝဝဝ-၃ဝဝဝ ခန့် ပိုမိုပေးနေရသည်များ ရှိနေသည်။
 
“ဘာကြေးတွေဆိုပြီး မပြောဘူး။ ဖောင်ဖြည့်ပြီး အပ်လိုက်ရင် ၅၇ဝဝ ကျတယ်လို့ ပြောပါတယ်။ ပြီးတော့ ဗလာစာအုပ် တဒါဇင် ထုတ်ပေးတယ်။ အလှူငွေလည်း ထည့်ရတယ်၊ စေတနာရှိသလောက်ပေါ့။ အကြမ်းဖျင်း ၂ဝဝဝ ၊ ၃ဝဝဝ ထည့်ရတယ်” ဟု အ.ထ.က ၃ အင်းစိန်၌ ၉ တန်း ကျောင်းသားအတွက် မေ ၁၉  ရက်နေ့တွင် ကျောင်းအပ်နှံခဲ့သည့် မိခင်တဦးက ပြောပြသည်။

အဆိုပါ ကျောင်းမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရက ထုတ်ပြန်သော ရန်ကုန်မြို့တွင်း လာဘ်ယူအများဆုံး ၁၉ ကျောင်းစာရင်းထဲတွင် ပါဝင်နေသည်။

ကျောင်းဝင်ကြေးများ ပိုမိုကောက်ခံသည့်ကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကျောင်းများနှင့် မြို့နယ်ပညာရေးမှူး ရုံးများကို မဇ္ဈိမက ဆက်သွယ်မေးမြန်းရာတွင် တာဝန်ရှိသူများဘက်က ပြန်လည်ဖြေကြားမှု မပြုခဲ့ပေ။ 

ကျောင်းလခများကို သတ်မှတ်နှုန်းထားများထက် ပိုမိုကောက်ခံသည့်အပြင် ကလေးများ ကျောင်းနေပါကလည်း အတန်းပိုင်ဆရာ၊ ဆရာမများထံတွင် ကျူရှင်ယူရန်ပါ တိုက်တွန်းမှုများ ရှိနေသည်။

၃ တန်းအရွယ် ကလေးငယ်များအတွက် ကျူရှင်ကြေးမှာ တလလျှင် ကျပ် ၈ဝဝဝ မှ တသောင်းကြား ပေးရပြီး၊ ကျူရှင်မတက်ပါက ကလေးငယ်များကို လျစ်လျှူရှုထားလေ့ရှိကြောင်း အမက ၆ ပုဇွန်တောင်မှ
 ကျောင်းသားမိဘတဦးက ပြောသည်။

“ကျောင်းစတက်ပြီဆိုတာနဲ့ ကလေးကို နင် .. ငါ့ဆီမှာ ကျူရှင်တက်ရမယ်ဆိုပြီး ပြောတာတွေ ရှိတယ်။ ဒီနှစ်ဆိုရင် ၈ဝဝဝ နဲ့ တသောင်းကြား ပေးရမှာ။ မနှစ်က ၂ နေရာ ထားတော့ တနေရာက ၅ဝဝဝ၊ တနေရာက တသောင်း ပေးရတယ်။ ကလေးကိုတော့ တသောင်းပေးရတဲ့ နေရာမှာ ထားလိုက်တယ်’’ ဟု သူက ဆိုသည်။

သူက ဆက်ပြီး “ကျူရှင်မတက်ဘူးဆိုရင် ဖိထောင်းခံရမှာပေါ့။ ကလေးကိုလည်း သိပ်ပြီး ဂရုစိုက်ကြမှာ မဟုတ်ဘူး။ ဒါက ကျောင်းတော်တ်ာများများမှာ ဒီလိုပဲလေ။ ကလေးက စာမလိုက်နိုင်ရင် အကြောင်းကြားရမယ်။ မိဘနဲ့ ဆရာမ ကြားထဲ ဆွေးနွေးရတာတွေ ရှိရမယ်၊ ပုံမှန်ဆိုရင်ပေါ့။ ဖိထောင်းခံရတဲ့ ကလေးတွေကျရင် အဲဒါမျိုးတွေ မလုပ်တော့ဘဲ လစ်လျူရှုလိုက်တာပေါ့” ဟု ပြောသည်။

ကျောင်းလခ၊ စာအုပ်ဖိုးနှင့် အထွေထွေကြေး (တရားဝင်)
စဉ် အတန်း ကျောင်းလခ မိဘဆရာအသင်း
+စာကြည့်တိုက်
စာအုပ်ဖိုး
သူငယ်တန်း မရှိ မရှိ ၂၃ဝ
ပထမတန်း မရှိ မရှိ ၃ဝဝ
ဒုတိယတန်း မရှိ မရှိ ၃၇ဝ
တတိယတန်း မရှိ မရှိ ၅၂ဝ
စတုတ္ထတန်း မရှိ မရှိ ၆၃ဝ
ပဉ္စမတန်း ၄ဝဝ ၁၀၀၀ ၉၄၀
ဆဌမတန်း ၆၀၀ ၁၀၀၀ ၈၈၀
သတ္တမတန်း ၇၀၀ ၁၀၀၀ ၁၀၃၀
အဌမတန်း ၈၀၀ ၁၀၀၀ ၁၁၇၀
၁ဝ နဝမတန်း ၉၀၀ ၁၀၀၀ ၁၁၅ဝ Bio၊ ၁၆၅ဝ Eco
၁ဝ ဒဿမတန်း ၁၀၀၀ ၁၀၀၀ ၂၁ဝဝ Bio၊ ၂၁၄ဝ Eco
ကျောင်းဆရာ ဆရာမများက ကျောင်းတွင်
 လျော့တိလျော့ရဲသာ သင်ကြားလေ့ရှိပြီး၊ ကျူရှင်များတွင်သာ ဂရုတစိုက် သင်ကြားကာ၊ စာမေးခြင်း၊ စာကျက်ခိုင်းခြင်း၊ အပတ်စဉ် စာဖြေခိုင်းခြင်းနှင့် လစဉ် စာဖြေခိုင်းများကြောင့် သားသမီး ပညာဖြစ်ထွန်းစေချင်သဖြင့် အတန်းပိုင်ဆရာများထံ အပ်နှံရလေ့ရှိကြောင်း မိဘများဘက်က ဆိုကြသည်။

“မိဘတွေက ပညာရေး အရမ်းလိုက်စားတော့ ကလေးတွေကို ထူးချွန်အောင်၊ မျက်နှာရအောင်ဆိုပြီး အတန်းပိုင် ဆရာမဆီမှာ တတ်နိုင်တဲ့ မိဘတွေကတော့ ထားတာပေါ့။ အတန်းပိုင်ဆိုပေမယ့် အကုန်လုံး သင်တာပေါ့။ တကျောင်းလုံးကနေပြီး ဘာသာစုံ ပေါင်းသင်တာပေါ့။ ကျူရှင်အပ်ရင်  ၉ တန်း ကျောင်းသား တယောက်ကို တသောင်းခွဲ ပေးရတယ်” ဟု အ.ထ.က ၂ အင်းစိန်မှ ၉ တန်း ကျောင်းသား၏ မိခင်က ပြောသည်။

ရန်ကုန်တိုင်း အစိုးရက လာဘ်ပေးလာဘ်ယူ အများဆုံးအဖြစ် ထုတ်ဖော်ကျေညာခဲ့သည့် ကျောင်း ၁၉ ကျောင်းမှာ အထက်တန်းကျောင်းများ၌ မင်္ဂလာဒုံ (၂)၊ ဒဂုံ (၁)၊ ဗိုလ်တထောင် (၄၊ ၅)၊ ကမာရွတ် (၂)၊ ပညာရေးတက္ကသိုလ် လေ့ကျင့်ရေး အထက်တန်းကျောင်း (T.T.C)၊ လသာ (၂)၊ ဗဟန်း (၂)၊ စမ်းချောင်း (၂)၊ ရန်ကင်း (၂)၊ လမ်းမတော် (၂)၊ အလုံ (၄)၊ အင်းစိန် (၂)၊ တာမွေ (၄) နှင့် ကမာရွတ် (၅)၊ အလယ်တန်းကျောင်းမှာ ပန်းပဲတန်း (၁)၊ အခြေခံပညာ မူလတန်းကျောင်းများမှာ ကမာရွတ် (၂) နှင့် ဗဟန်း (၂၊ ၃) တို့ ဖြစ်သည်။

တရားဝင် သတ်မှတ်ထားသည့် ကျောင်းလခများထက် ပိုမိုကောက်ခံသည့် ကျောင်းများရှိပါကလည်း တိုင်ကြားသူ၏ လိပ်စာနှင့်တကွ ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ ထောက်ခံစာဖြင့် တိုင်ကြားနိုင်ကြောင်း အစိုးရ၏ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကျောင်းသားသစ်လက်ခံရာတွင် လာဘ်စားမှုအမြင့်ဆုံးအဖြစ် နာမည်ကြီးသည့် အ.ထ.က (၁) ဒဂုံတွင်
 ကျောင်းစတက်သည့် သူငယ်တန်းနှင့် ကျောင်းပြောင်းရွှေ့တက်ရောက်လိုသူများသည် ကျောင်းဝင်ခအဖြစ် ကျပ် ၁ဝ သိန်းခန့် ကုန်ကျကြောင်း အ.ထ.က (၁) ဒဂုံတွင် ၁ဝ တန်း တက်နေသည့် ကျောင်းသားတဦး၏ မိခင်က မဇ္ဈိမကို ပြောပြသည်။

“ပြီးခဲ့နှစ်ကတော့ သူငယ်တန်းကို စဝင်တဲ့သူဆိုရင် ၁၅ သိန်း ပတ်ဝန်းကျင်လောက်ရှိတယ်။ အကြီးတန်းဆိုရင် ၄၊ ၅ သိန်း ပတ်ချာလည်ပေါ့။  အထက်က လူကြီးတွေဘာတွေနဲ့ ဝင်တာမျိုးဆိုရင်တော့ ကျောင်းကို လှူခိုင်းတာလောက်ပဲ ရှိတယ်လေ။ တကယ်လို့ အပြင်က သာမန် ရိုးရိုးမိသားစု ဆိုရင်တော့ ကျောင်းကို ၁ဝ သိန်း လှူပါ၊ ကွန်ပြူတာ လှူပါတို့ အဲလိုမျိုးတွေ ရှိတယ်” ဟု သူက ဆိုသည်။

ယခုနှစ်တွင် ရန်ကုန်မြို့ရှိ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများတွင် ကျောင်းသားသစ် လက်ခံရေးအတွက် မြို့နယ်ပညာရေးမှူးများ ပါဝင်သည့် ကျောင်းဝင်ခွင့် ရွေးချယ်ရေး ကော်မတီဖွဲ့စည်းကာ လက်ခံနေကြောင်း အစိုးရပညာရေး အသိုင်းအဝိုင်းထံမှ သိရသည်။

“ပညာရေးမှူးတွေကိုယ်တိုင် ကော်မတီမှာ ဥက္ကဋ္ဌပါ။ လက်ခံတာကတော့ ကျောင်းအလိုက် မူတွေရှိတယ်။
 ကျောင်းသားဦးရေပေါ် မူတည်ပြီး လက်ခံတာ၊ မခံတာကတော့ ကျောင်းအုပ်ကြီးရဲ့ လုပ်ပိုင်ခွင့်ပါပဲ။
 ကျောင်းပြောင်းလက်မှတ် TC လိုတယ်။ မြို့နယ်မတူရင်တော့ မြို့နယ်ပညာရေးမှူး လက်မှတ်ပါရမယ်” ဟု ဗဟန်းမြို့နယ် ပညာရေးမှူးရုံးမှ တာဝန်ရှိသူတဦးက မဇ္ဈိမကို ပြောသည်။

ယခုကဲ့သို့ လာဘ်စားမှုများ၊ သတ်မှတ်ကြေးများ ပိုမိုကောက်ခံနေခြင်းများအပေါ် အစိုးရအနေနှင့် တာဝန်ယူ ဖြေရှင်းပေးသင့်ကြောင်းနှင့် မိဘများအနေနှင့်လည်း ယခုကဲ့သို့ ပြုလုပ်နေခြင်းအပေါ် မိမိကလေး ပညာတတ်မြောက်ရေး၊ အဆင်ပြေရေးအတွက် သက်သက်သာ အားမပေးသင့်ကြောင်း ဒဂုံ ၁ ကျောင်းသားမိဘက
 ပြောသည်။

“အစိုးရကျောင်းဆိုတာက အစိုးရက အစအဆုံး တာဝန်ယူပြီးတော့ လုပ်သင့်တာ။ ဒီလိုမျိုးတွေ မဖြစ်သင့်ဘူးပေါ့နော်။ မိဘတွေလည်း ပေးချင်လွန်းလို့ ပေးနေတာ မဟုတ်ဘူး။ မိဘတွေက ကိုယ့်သားသမီးလေးကို ကျောင်းကောင်းကောင်းမှာ တက်စေချင်လို့လေ။ တချို့ကလည်း ပိုလျှံလို့ ပေးတာရှိသလို၊ တချို့ကလည်း မဖြစ်မနေ ရှာပြီး ပေးတာလေ။ အစိုးရကျောင်းဆိုပေမယ့် အများအားဖြင့် ကိုယ်ထူကိုယ်ထတွေ
 ဖြစ်နေတယ်။ အမတို့ ဒဂုံ ၁ ဆိုရင် ကျောင်းအုပ်ဆရာကြီးတွေ တယောက်ပြီးတယောက် ပြောင်းသာနေတယ်။ ဒီလိုပဲဖြစ်နေတယ်။ မိဘတွေကလည်း ဒါကို အားမပေးသင့်ပါဘူး”



 
stimgesafsdafsrs
pp
HLs

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

နောက်ဆုံးသတင်းများ

  1. ယခုနှစ်အတွင်း မန္တလေးတိုင်းဒေသကြီး(တောင်ပိုင်း)တွင် မူးယစ်ဆေးဝါးအမှု တစ်ရာကျော် အရေးယူနိုင်ခဲ့ဟုဆို
  2. ဇနီးဖြစ်သူနှင့် စကားများပြီး ယောက်ျားတစ်ဦး ဆွဲကြိုးချသတ်သေမှု ထပ်ဖြစ်
  3. ချစ်သူမိန်းကလေး၏ ဘောင်းဘီကို သော့ခတ်သည့် ယောက်ျားဖမ်းဆီးခံရ
  4. အမျိုးသမီးတစ်ဦးကို အိမ်ထဲဝင်သတ်ပြီး ပစ္စည်းလုယက်သူကို ဖမ်းမိ
  5. ထိုင်ဝမ်ပန်းချီဆရာ Chung Aik Hust ၏တစ်ကိုယ်တော်ပြပွဲကို ရန်ကုန်တွင်ပထမဆုံးအကြိမ်ကျင်းပမည်
  6. စင်ကာပူတွင်ကျင်းပမည့် “လက်ပံ” ဇာတ်ကားပြပွဲသို့ ဒါရိုက်တာနှင့်အတူ ပါဝင်သရုပ်ဆောင်သည့် အနုပညာရှင်များတက်ရောက်မည်
  7. ကိုရီးယားရုပ်ရှင်ပွဲတော်သို့ တက်ရောက်လာသည့်မင်းသား ကင်ဒုံဝန်က ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်းပြောကြား
e-letter-burmese

Who is Online

We have 66 guests online