www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
ကြာသပတေး, ၁၉ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > စီးပွားရေး > ဆောင်းပါး > အလုပ်သမားလူတန်းစားထဲက လူငယ်များ၏ ၀န်ထုပ်ဝန်ပိုးများ

အလုပ်သမားလူတန်းစားထဲက လူငယ်များ၏ ၀န်ထုပ်ဝန်ပိုးများ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

အမေရိကန်နိုင်ငံ ရစ်ခ်ျမွန်မြို့က အသက် ၃၄ နှစ်အရွယ် လူမည်းလူငယ်တစ်ဦးဖြစ်တဲ့ ဘရန်ဒန်ကတော့ သူ့ကိုယ် သူ “cautionary tale” တစ်ခုအဖြစ် ကင်ပွန်းတပ်ထားပါတယ်။ မိဘနှစ်ပါးမှ ထိန်းသိမ်းပြုပြင်ရေး လုပ်သားတွေ အဖြစ် အလုပ်လုပ်တဲ့ တက္ကသိုလ်တစ်ခုရဲ့ အရိပ်အာဝါသအောက်မှာ ကြီးပြင်းလာခဲ့တဲ့ ၎င်းဟာ ငယ်စဉ်ကလေး ဘ၀ကတည်းက ပညာရေးဟာ “သကာရည်လွှမ်းတဲ့ဘ၀” ကို သွားရာ လမ်းဖြစ်တယ်လို့ သင်ကြားခြင်း ခံခဲ့ရသူပါ။ စိတ်အားထက်သန်ပြီး အလုပ်ကြိုးစားတဲ့ ကျောင်းသား တစ်ယောက်အဖြစ် ဘရန်ဒန်ဟာ နိုင်ငံအရှေ့တောင်ပိုင်းက ပုဂ္ဂလိကတက္ကသိုလ်တစ်ခုမှာ တက်ရောက် ပညာသင်ကြားခွင့် ရရှိခဲ့ပါတယ်။ နောက်ဆုံးမှာတော့ သူရဲ့ငယ်ဘ၀ အိမ်မက်က အမှန်တကယ်ဖြစ်လာ ပြီလို့ ယုံကြည်ခဲ့ရပါတယ်။

ကျောင်းတက်ဖို့အတွက် ဒေါ်လာထောင်ပေါင်းများစွာ ချေးငှားခဲ့ရတာကို သူဂရုမစိုက်ခဲ့ပါဘူး။ “ဟေး - ကျွန်တော် က ခင်ဗျားဆီက ငါးဒေါ်လာလောက် ချေးငှားလိုက်မယ်ဆိုရင် ဒါဟာကျုပ်ပြဿနာဗျ။ ဒါပေမဲ့ ကျွန်တော်က ခင်ဗျားဆီက ဒေါ်လာ ၅၀၀၀၀ ချေးငှားလိုက်မယ်ဆိုရင်တော့ ဒါဟာ ခင်ဗျားပြဿနာသာ ဖြစ်တယ်” လို့တောင် အရွှန်းဖောက်ခဲ့ပါသေးတယ်။

ဒါပေမဲ့လည်း သူရဲ့ ပေါ့ပေါ့ပါးပါးနဲ့ နောက်ပြောင်ကျီစည်မှုဟာ သူ့ဘ၀ရဲ့ အလှည့်အပြောင်းတိုင်းကို အဟန့်အတား
တွေ မသေချာမရေရာမှုတွေနဲ့ ဘ၀ခရီးရှည်ကြီးအတွက် အစဖော်ပေးလိုက်သလိုပါပဲ။ ဘောဂဗေဒဘာသာရပ်မှာ ကျရှုံးပြီးတဲ့နောက်မှာတော့ ဘရန်ဒန်က သူလေ့လာနေတဲ့ အင်ဂျင်နီယာ ဘာသာရပ်ကနေ ရာဇ၀တ်ဥပဒေ ဘာသာရပ်ကို ပြောင်းလဲခဲ့ပါတယ်။ ဘွဲ့ရပြီးတဲ့နောက်မှာတော့ ရဲဌာန တော်တော်များများမှာ သူအလုပ်လျှောက်ခဲ့ ပါတယ်။ ဒါပေမဲ့လည်း အလုပ်မရခဲ့ပါဘူး။အိမ်မက်နှစ်ခု ပျက် ပျယ်ပြီးတဲ့နောက်မှာတော့ ဘရန်ဒန်ဟာ အမျိုးသမီး အ၀တ်တွေ ချုပ်လုပ်တဲ့ စက်ရုံမှာ အလုပ်လုပ်ခဲ့ပါ တယ်။ ခေတ္တခဏလို့ပဲ သူထင်ခဲ့တာပေါ့။ နောင် ၁၁ နှစ်ကြာတဲ့ အချိန်ထိ သူဟာ အဲဒီစက်ရုံမှာပဲ အပြောင်းအလဲမရှိ ပင်ပင်ပန်းပန်း အလုပ်လုပ်နေရတုန်းပါပဲ။ ကျောင်းတက်ဖို့
ချေးငှားထားတဲ့ အကြွေး တွေ ပြန်ဆပ်ရမယ့် အချိန်ရောက်တော့ သူအနေနဲ့ လစဉ်ပေးဆောင်ဖို့ မတပ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် စိတ်ပညာ ဘာသာရပ်နဲ့ မဟာဘွဲ့ထပ်ယူမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ အလုပ်ရနိုင်တဲ့ အခွင့်အလမ်း ပိုများအောင်လို့ပေါ့။ တစ်ချိန်တည်းမှာပဲ အကြွေးဆပ်ရမယ့်အချိန်ကို ထပ်ရွှေ့ဖို့ ဆောင်ရွက်ခဲ့ပါတယ်။ နောက်ဆုံး မှာတော့ မဟာဘွဲ့လည်း ရခဲ့ပါပြီ။ အကြွေးဆပ်ဖို့လည်း ပိုများလာခဲ့ပါပြီ။မဟာဘွဲ့ရပြီး သိပ်မကြာခင်မှာလည်း ဘရန်ဒန်အနေနဲ့ သူရဲ့လစဉ်အကြွေးတွေဆပ်ဖို့နဲ့ နေစရိတ်အတွက် လုံလောက်တဲ့ လစာမျိုးရရှိမယ့် အလုပ်ကို ရှာမတွေ့သေးပါဘူး။ သူလုပ်နေကျ အ၀တ်ထည်စက်ရုံကလည်း လတ် တလောမှ အချိန်ပိုတွေနဲ့ ဆုကြေးတွေ
ပေးတာကို လျှော့ချလိုက်ပါတယ်။ သူ့အနေနဲ့ စပြီးတော့ စိုးရိမ်လာ ပါတယ်။ ဒါကြောင့် အကြွေးဆပ်ရမယ့်အချိန်ကို ထပ်ရွှေ့လိုက်ပါတယ်။ ဒီလုပ်ရပ်က သူ့ကို တစ်နှစ်မှာ ကန်ဒေါ်လာ ၅၀၀၀ လောက် တိုးမြှင့်ကုန်ကျစေခဲ့ပါတယ်။ “ကျွန်တော်လုပ်ရမယ်လို့ ပြောခဲ့တဲ့ အရာ တွေကို ကျွန်တော်လုပ်ခဲ့ပါတယ်။ ပြဿနာမဖြစ်အောင်လဲနေခဲ့တယ်။
ကောလိပ်လည်း ပြီးသွားပြီ။ သကာရည်လောင်းတဲ့ ဘ၀က ဘယ်မှာလဲ။ ကျွန် တော့်မိဘတွေက ကျွန်တော့်ကို လိမ်ညာခဲ့တယ်လို့ တောင် ကျွန်တော်ခံစားရတယ်။ ကျွန်တော်မှာ ရွေးချယ်စရာရှိမယ်လို့ ထင်ခဲ့တယ်။ ဒီဘွဲ့ လက်မှတ်က ကျွန်တော့်ကို အများကြီး ကုန်ကျစေပေမယ့် ကျွန်တော့အတွက်တော့ မကောင်းပါဘူး။ သေချာ တာပေါ့” ဟုလို့တောင် သူကညည်းတွားခဲ့ပါတယ်။ သေချာပါတယ်။ ကျောင်းတွေက အောင်မြင်မှုကို အာမမခံနိုင် ပါဘူး။ ဒါပေမဲ့ ကျောင်းတွေက လူငယ်တွေကို အောင်မြင်မှုအတွက် ကူညီနိုင်ပါတယ်။ဘရန်ဒန်လို ပညာတတ် လူငယ်တွေဟာ မျှော်လင့်ချက်တွေ မကုန်ဆုံးအောင်ရှိတဲ့ လူကြီးဘ၀အတွက် ခရီးရှည်တစ်ခုမှာ သောင်တင်နေ ကြရပါတယ်။ အထက်တန်းသာ အောင်မြင်ခဲ့တဲ့ သူရဲ့မိဘတွေဟာ လက်ထပ်ပြီးပါပြီ။ တက္ကသိုလ်မှာ တည်ငြိမ်တဲ့ အလုပ်ရှိပါတယ်။ သူ့အသက်အရွယ်လောက် မရောက်ခင်မှာ သူ့မိဘတွေက အိမ်ပိုင်ရှင်တွေ ဖြစ်ပြီးပါပြီ။ ဒါပေမဲ့ ဒီနေ့အချိန်မှာ အလုပ်သမားလူတန်းစားလွှာအတွင်းက လူငယ်တွေ ဟာ လျင်မြန်စွာ ပျက်ဆီးနေတဲ့ လူကြီးဘ၀ရဲ့ အာမံခံချက်ရှိတဲ့လမ်းကို လျှောက်လှမ်းဖို့အတွက်ကြီး ပြင်နေကြရတာပါ။ ၁၉၇၀ နှစ်တွေလောက်က စပြီးတော့ တည်ငြိမ်တဲ့ ကော်လာဖြူအလုပ်တွေဟာ လျင်မြန်စွာ ပျောက်ကွယ်နေပါတယ်။ သူတို့နဲ့အတူ မိသားစု လုပ်အားခ
တွေ ပင်စင်လခတွေနဲ့ အလုပ်ရှင် ထောက်ပံတဲ့ ကျန်းမာရေးအာမခံတွေက ယူဆောင်နေပါပြီ။ ကျောင်းစာသင်ခန်း ထဲကနေ အလုပ်ရုံတွေ ကို အောင်အောင်မြင်မြင်ရောက်ရှိသွားပြီး လက်ထပ်ပြီး ကလေးတွေမွေးနိုင်တဲ့ သူတို့ရဲ့ မိဘတွေဘိုး ဘွားတွေနဲ့ မတူတာကတော့ ယနေ့ခတ်အမျိုးသား၊ အမျိုးသမီးတွေဟာ အိမ်မှာနေရတဲ့အချိန်ပိုများပါ တယ်။ ကျောင်းမှာနေရတဲ့အချိန်လည်း ပိုများပါတယ်။ အလုပ်တွေလည်း မကြာမကြာ ပြောင်းကြပါ တယ်။ အိမ်ထောင်သားမွေးမှုကိုလည်း နောက်ကျမှ ပြုလုပ်ကြပါတယ်။“မင်းကြီးလာတဲ့အချိန်ကျရင် ဘာဖြစ် ချင်တာလဲ” သို့မဟုတ် “မင်းကြီးလာတဲ့ အချိန်ကျရင် ဘာဖြစ်နိုင်သလဲ” ဆိုတဲ့ မေးခွန်းနဲ့ ပတ် သက်တဲ့ အဖြေကလည်း အချိန်နဲ့ အမျှ ပြောင်းလဲနေပါတယ်။ အလုပ်သမား လူတန်းစား မိသားစုတွေရဲ့ မတည်ငြိမ်မှု ကြီးထွားလာတာနဲ့အမျှ လူမှုအသိုင်းအ၀ိုင်းတွေ၊ ဘုရားရှိခိုးကျောင်းတွေ အိမ်နီးနားခြင်း တွေနဲ့ အလှမ်းကွာလာပါပြီ။ ၂၁ ရာစု အမေရိကန် လူနေမှုဘ၀ဟာ သက်ကြီးကောင်တွေရဲ့ ဘ၀ထဲကို အထီးကျန်မှုတွေ၊ မသေချာမှုတွေ မလုံခြုံမှုတွေနဲ့ အတူ
ရောက်လာတဲ့အခါ မှာ အမျိုးသမီးတွေနဲ့ အမျိုး သားတွေဟာ သူတို့ဘာသာသူတို့ တစ်သီးတသန့်နေလာကြပါပြီ။

လိုဝဲ မက်ဆာချူးဆက်နဲ့ ရစ်ခ်ျမွန်တို့မှာ နှစ်နှစ်လောက် အလုပ်ခဲ့တဲ့အချိန်မှာ အလုပ်သမားလူတန်းစားက အသက် ၂၀ ၀န်းကျင် နဲ့ ၃၀ ၀န်းကျင်လောက်ရှိတဲ့ လူငယ်ပေါင်း ၁၀၀ ကို အင်တာဗျူးလုပ်ခဲ့ပါတယ်။ သူတို့ထဲမှာ အာဖရိကန်အမေရိကန်တွေ၊ လူဖြူတွေ အမျိုးသားတွေ၊ အမျိုးသမီးတွေ အစုံပါဝင်ပါတယ်။ သူတို့နဲ့ အင်တာဗျူးလုပ်ပြီး သူတို့ဘ၀ တိုးတက်ရေး လမ်းကြောင်းပေါ်မှာရှိနေတဲ့ အသင်္ချေအနန္တတမျှ များပြားတဲ့ အခက်အခဲတွေကို မှတ်တမ်းတင်ခဲ့ပါတယ်။ ရက်စက်တဲ့ အလုပ်သမားဈေးကွက် အတွင်းမှာ လှောင်ပိတ်နေပြီး
အောင်မြင်မှုအတွက် လိုအပ်တဲ့ လူမှုအထောက်အပံ့တွေ၊ အလုပ်လုပ်ဖို့လိုတဲ့ အရည် အချင်းတွေနဲ့ ဗဟုသုတတွေမရှိတဲ့ ဒီလူငယ်တွေဟာ အမေရိကန်အိပ်မက်ရဲ့ အနှစ်သာရဖြစ်တဲ့ ပိုမို ကောင်းမွန်တဲ့ အနာဂတ် အတွက် မျှော်လင့်ချက်ကို စွန့်လွှတ်နေကြပါပြီ။ပြင်းပြင်းထန်ထန်လုပ်ရတဲ့ အလုပ်တွေ လုပ်ခြင်းကနေ အဆုံးသတ်ဖို့ အတွက် တစ်ခုတည်းသော နည်းလမ်းက ကောလိပ်တစ်ခုကနေ ဘွဲ့ရခြင်းလို့ သူတို့က နှစ်နှစ် ကာကာ ယုံကြည်နေပါတယ်။ ဒါပေမဲ့ စိတ်ရှုပ်ထွေးစရာကောင်းတဲ့ သစ္စာဖောက်ခြင်းခံရတဲ့ ပုံပြင်တွေကို ခဏခဏ ကြားခဲ့ရပြီးပါပြီ။ လုပ်ငန်းခွင်ဆိုင်ရာ အရည်အချင်းနဲ့ ဗဟု သုတမရှိခြင်းက သူတို့ကို ပိုမိုရှုပ်ထွေးပြီး အကုန်အကျ များစေတဲ့အပြင် ပြိုင်ဆိုင်မှုလည်း ပြင်းထန်တဲ့ အဆင့်မြင့်ပညာရေးစနစ်တစ်ခုမှာ သင်ကြားဖို့အတွက် လမ်းညွှန်
ပေးနေပါတယ်။

အထူးပြုသင်ကြားရမယ့် ဘာသာရပ်ကြောင်း ဝေေ၀၀ါးဝါး ဖြစ်နေတာပဲဖြစ်ဖြစ်၊ ဗျူရိုကရေစီစနစ်ကြောင့် ပိတ်လှောင်နေရင်ပဲ ဖြစ်ဖြစ်၊ အကြွေးတွေကြောင့် ထိခိုက်နစ်နာနေတာပဲဖြစ်ဖြစ် သို့မဟုတ် သူတို့နဲ့ မသက်ဆိုင် ဘူးလို့ ခံစားနေရရင်ပဲဖြစ်ဖြစ် အလုပ်သမား လူတန်းစားလွှာက အမျိုးသားတွေနဲ့ အမျိုးသမီး တွေက ကောလိပ်နဲ့ သူတို့ကြားက ဆက်ဆံရေးဟာ ပျက်ပျယ်သွားတဲ့ လူမှုပဋိညာဉ် စာချုပ်တစ်ခုလို ရှုမြင်ကြပါတယ်။ အဆင့်မြင့် ပညာရေးကို ၀ယ်ယူခဲ့ခြင်းက သူတို့အတွက် စိတ်ကသိကအောက်ဖြစ်ခြင်း နှင့် အရှုံးပေါ်ခြင်းကလွဲလို့ ဘာမျှမရ ဘူးလို့ သူတို့ထင်မြင်နေကြပါပြီ။

စီးပွားရေးအရတင် ဆုံးရှုံးနေရတာ မဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ ခံစားမှုပါ ဆုံးရှုံးနေရတာပါ။ မိုင်းလုပ်သားတစ်ဦး ရဲ့ သမီးဖြစ်သူ ရေဗက္ကာဟာ အထက်တန်း ကျောင်းပြီးဆုံးပြီးတဲ့နောက်မှာ အစိုးရတက္ကသိုလ် တစ်ခုမှာ တက်ရောက် သင်ကြားခွင့်ရခဲ့ပါတယ်။ ဘွဲ့ရရင် ကျောင်းဆရာမလုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တက်ရောက်ခဲ့ တာပါ။ ဒါပေမဲ့ တစ်နှစ်လောက် သင်ယူပြီးတဲ့နောက်မှာတော့ စာမလိုက်နိုင်လို့ အမှတ်နည်းတဲ့အတွက် ခံဝန်ချုပ် ရရှိခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူမရဲ့ အထက်တန်းကျောင်းက ကောလိပ် မှာသင်ရမယ့် စာတွေအတွက် လုံလုံလောက်လောက်
ပြင်ဆင်ပေးခဲ့ခြင်းမရှိလို့ပါ။ “ကျွန်မ တော်တော် ရုန်းကန်ခဲ့ရပါတယ်။ စာအရေးအသားနဲ့ ပတ်သက်ပြီးတော့
တော်တော်လေးကို ကယောင်ချောက်ချား ဖြစ်ခဲ့ရပါတယ်” လို့ သူမက ငိုသံပါပါကြီးနဲ့ သူမရဲ့ ကောလိပ်ကျောင်းသူ ဘ၀ပထမစာသင်နှစ်ရဲ့ အရှက် ရဖွယ်၊ ကြောက်မက်ဖွယ်ရာတွေကို ပြန်လည်
ပြောပြနေတာပါ။

ဒုတိယနှစ်ကို ရောက်တဲ့အချိန်မှာတော့ ရေဗက္ကာရဲ့ ကောလိပ်အိပ်မက်က ဆက်လက် မှေးမှိန်နေပါတယ်။ “ကျွန်မဟာ ကျွန်မရဲ့ စာတမ်းမှာ ကူးချမိတာနဲ့ အဆုံးသတ်ခဲ့ရပါတယ်။ ဒါကြောင့် ကျောင်းဆက် မတက်နိုင်တော့ ပါဘူး။ ကျွန်မအနေနဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာတောင်မဟုတ်ပါဘူး။ ကျွန်မမှာ မှတ်စုတွေနဲ့ အင်တာနက်က စာပိုဒ်အပိုင်း အစတွေ ထည့်ထားတဲ့ စီဒီပြားတစ်ခုရှိခဲ့ပါ တယ်။ အားလုံးက ကျွန်မရဲ့ စာတမ်းမှာအသုံးပြုဖို့ပါ။ ပြီးတော့ ကျွန်မရဲ့ စာပိုဒ်တစ်ပိုဒ်မှာ တစ်ယောက်ယောက်ရဲ့ စာလုံး တွေကို ထည့်လိုက်ပါတယ်။ ကျွန်မ မရည်ရွယ်ခဲ့ပါဘူး။ သူတို့အနေနဲ့ အခြေအနေအားလုံးကို သိခဲ့မယ် ဆိုရင် သင့်အနေနဲ့ ဒီကနေထွက်သွားနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်မက တော်တော်လေး ကို စိတ်ထိခိုက်နေ ပါပြီ။ ဒါကြောင့် ကျွန်မအနေနဲ့ ကျွန်မရဲ့ အကြံပေးကိုတောင် ပြန်ပြီးတော့ မတွေ့တော့ပါဘူး။

ကျောင်းဆက်တက်ဖို့အတွက် ကျောင်းတွင်းဗျူရိုကရေစီအဆင့်ဆင့်ကို ကျော်ဖြတ်ဖို့အတွက် စိတ်ပျက် နေတဲ့
ရေဗက္ကာဟာ ကောလိပ်ကနေထွက်ပြီး မိဘတွေဆီကို ပြန်လာပါတယ်။ ပြီးတော့ သူအခုလုပ်နေတဲ့ စားသောက်ဆိုင် မှာ စတင်အလုပ်လုပ်ခဲ့ပါတယ်။ အလုပ်သမားလူတန်းစားအလွှာက ကျောင်းသား တွေဟာ အမှားပြုလုပ်မိတဲ့အခါ (တစ်ခါတစ်ရံမှာ အမှုမဲ့အမှတ်မဲ့လုပ်မိတာတွေပါ) သူတို့အတွက် ရပ် တည်ဖြေရှင်းပေးမယ့်သူ သို့မဟုတ် သူတို့ရဲ့ကျရှုံးမှုကို ကယ်တင်ပေးမယ့်သူမရှိပါဘူး။တစ်ခါတစ်ရံမှာ တော့ မလိုမကျမှုတွေ စိတ်ရှုပ်ထွေးမှုတွေဟာ စိတ်ဆိုးဒေါသထွက်မှုတွေဆီ ဦးတည်သွားရပြီး လူငယ် တွေဟာ ၎င်းတို့ကို အထောက်အပံ့ဖြစ်စေမယ့် စနစ်က ၎င်းတို့ကို သစ္စာဖောက်နေတာလို့ ခံစားရစေပါ တယ်။ ပေါင်မုန့်ဖုတ်တဲ့ ဆိုင်တစ်ဆိုင်မှာ အလုပ်လုပ်နေတဲ့ အသက် ၂၈ နှစ်အရွယ် လူဖြူအမျိုးသမီး တစ်ဦးဖြစ်တဲ့ အယ်မာက “ကျွန်မဟာ ဉဏ်ကောင်းတဲ့ ကျောင်းသူတစ်ယောက်
ဖြစ်တယ်ဆိုတာ ကျွန်မ သိပါတယ်။ ဒါကြောင့် ကျွန်မဟာ အဆင့် “ဃ” လောက်ရရမယ့် ကျောင်းသူမျိုး မဟုတ်ပါဘူး။ ဒါပေမဲ့ အတန်းတစ်တန်းမှာ ကျောင်းသား ၃၀ လောက်ကို ကိုင်တွယ်နေရတဲ့ ဆရာတွေတွေဟာ အရမ်းကို အလုပ်များပါတယ်။ သင်ကသာ တစ်စုံတစ်ရာ အနှောင့်အယှက်မပေးဘူးဆိုရင် သင့်ကိုသူတို့ သတိမထားမိ ပါဘူး။ ကျွန်မမှာ ပုံမှန်မဟုတ်တဲ့ ကြွက်သားလှုပ်ရှားမှုရောဂါများရှိတယ်ဆိုတာသာ သိခဲ့ရရင် ကျွန်မနေနဲ့ ပိုပြီးတော့ လုပ်ဆောင်နိုင်မှာပါ။ တကယ်လို့များ တစ်ယောက်ယောက်ကသာ သိခဲ့မယ်ဆိုရင် တစ်ခါ တစ်ရံမှာ ကျွန်မရဲ့ဘ၀ကို လိမ်လည်လှည့်ဖျားတယ်လို့ ခံစားမိမှာပါ။ ကျွန်မအနေနဲ့ ခုလောက်ဆိုရင် ကောလိပ်ကိုရောက်နေလောက်ပါပြီ။ ကျွန်မဟာ ခုချိန်မှာဆိုရင် စာဖိုမှူးတစ်ဦးမဟုတ်ဘဲ စစ်မှန်ကောင်း မွန်တဲ့ အသက်မွေးဝမ်းကျောင်းမှုတစ်ခုကို ရရှိနိုင်ပါပြီ” ဟု ဖွင့်ဟသွားခဲ့သည်။

ဆေးစစ်မှုတစ်ခုသာ ပြုလုပ်ခဲ့တယ်ဆိုရင် သူမဘ၀ကို များစွာပြောင်းလဲသွားစေနိုင်ခဲ့မယ်ဆိုတာကို ရိုး ရှင်းစွာ ယုံကြည်နိုင်မှာပါ။ သူမရဲ့ မျက်လုံးထဲမှာတော့ ဒီပြဿနာဟာ သူမဘ၀ရဲ့ လက်ရှိရုန်းကန်မှုကို ဖြစ်စေတယ်လို့
ပြောနေပါတယ်။

အလုပ်သမား လူတန်းစားလွှာထဲက လူငယ်တွေဟာ သူတို့ဘ၀ရဲ့ အောင်မြင်မှုအတွက် လိုအပ်တဲ့ အထောက်အကူပြု နည်းလမ်းတွေနဲ့ ရင်းမြစ်တွေမရှိဘူးဆိုတာကို နားလည်ကြပါတယ်။ သူတို့အတွက် ဒီလိုအပ်ချက်တွေကို တိုက်ယူပေး မယ့်သူတွေလည်း မရှိပါဘူး။ ကျောင်းအုပ်ဆရာတွေကို ဖုန်းခေါ်ပြော ဆိုတဲ့ မိဘတွေလည်းမရှိပါဘူး။ စာမေးပွဲအတွက် ကူညီလေ့လာပေးမယ့် နည်းပြတွေလည်း မရှိပါဘူး။ သူ တို့ရဲ့သင်ကြားရေးအခက်အခဲကို စမ်းသပ်ပေးမယ့်
နှစ်သိမ့်အကြံပေး ဆွေးနွေးသူလည်း မရှိပါဘူး။သူတို့ ကိုယ်တိုင်ကလည်း သူတို့ဟာသစ္စာဖောက်ခြင်းခံရတယ်။ စိတ်ဆိုးဒေါသထွက်ရတယ်လို့ ခံစားနေရပေ မယ့်လည်း သူတို့ရဲ့စိတ်ဆိုးဒေါသထွက်မှုဟာ ဒီစနစ်ကို တိုက်ဖျက်ချင်တဲ့ စိတ်ပေါ်လာအောင်လုပ်မပေး နိုင်ခဲ့ပါဘူး။ ဒီလိုဖြစ်ရမယ့်အစား သူတို့က ဒီစနစ်ထဲက အခက်အခဲတွေကို
ကျော်လွန်ပြီး သူတို့ဘာသာ သူတို့ အောင်မြင်ချင်ကြတယ်။

သူတို့က သူတို့ရဲ့ စွမ်းရည်ပြည့်ဝမှုမရှိဘဲ အဟုတ်ကြီးထင်နေကြတာပါ။ အမေရိကန် ပညာရေးစနစ်ရဲ့ အရေးပါမှုကို အန္တရာယ်ဖြစ်စေတဲ့ ယှဉ်ပြိုင်မှုတွေနဲ့ တစ်သီးပုဂ္ဂလအောင်မြင်မှု လက္ခဏာတွေအပေါ်ကို ယုံကြည်နေပါတယ်။
တော်တော်များများကတော့ ဖွဲ့စည်းပုံဆိုင်ရာ အဟန့်အတားတွေကို တစ်သီးပုဂ္ဂလ ဖြေရှင်းမှုတွေနဲ့ ကြိုးပမ်းဖြေရှင်း ကြပါတယ်။ ဥပမာ - အပ်မာဟာ သူမရဲ့ရောဂါကို စာအုပ်အကူအညီယူပြီး သူမကိုယ်တိုင်စမ်းသပ်စစ်ဆေး ကုသခဲ့ပါတယ်။ သူမကိုယ်သူမမှီခိုဖို့ ကြိုးစားခဲ့ပါတယ်။သူတို့ရဲ့ ဘ၀ အတွက် သူတို့မှာသာလျှင် တာဝန်ရှိတယ်လို့ ခံယူထားတဲ့ အလုပ်သမားလူတန်းစားလွှာက လူငယ်တွေ ဟာ သူတို့ရဲ့ လက်တွေ့မဆန်တဲ့ဘ၀နဲ့ သူတို့ရဲ့ မြင့်မားတဲ့ မျှော်လင့်ချက်အကြားမှာရှိတဲ့ ကွာဟာမှုကို လျှော့ချဖို့ ကြိုးစားကြပါတယ်။ ဒီလိုလုပ်တာ ဗျူရိုကရေ စီစနစ်ကို ကျော်ဖြတ်နိုင်ခြင်းမရှိတဲ့ သူများတွေ အပေါ်ကို မယုံတဲ့သူတို့အတွက် ယုတိ္တရှိပါတယ်။

ကောင်းမွန်တဲ့ လစာကို မျှော်ကိုးပြီး ငွေချေးခြင်းနဲ့ ကိုယ်ပိုင်မြေနေရာတစ်ခုဝယ်နိုင်တဲ့ အမေရိကန် အိပ်မက်ကို လက်မလွှတ်နိုင်တဲ့ ဘရန်ဒန်ဆိုရင်လည်း တစ်သီးပုဂ္ဂလအောင်မြင်မှုအပေါ် သက်ဝင်ယုံကြည် ခြင်းကြောင့် ကိုယ့်ကိုယ်ကိုယ် ဘယ်လိုပြစ်တင်ခဲ့သလဲဆိုတာ ကျွန်တော်တို့ တွေ့ခဲ့ရပြီးပါပြီ။

“ကျွန်တော်ကို အကြီးအကျယ်နစ်နာစေခဲ့သူကတော့ ကျွန်တော်ကိုယ်တိုင်ပါပဲ” ဟု ၎င်းက ပြောကြားခဲ့သည်။ “အခြားအလုပ်တစ်ခုကို ကျွန်တော်ရနိုင်ပေမယ့် ကျွန်တော်က အလုပ်မထွက်ချင်ပါဘူး သို့မဟုတ် အခြားအလုပ် တစ်ခုကို မလုပ်ချင်ပါဘူး။ ကျွန်တော့်ရဲ့ အခွင့်အလမ်းတွေကို အကန့်အသတ်ဖြစ်အောင် ကျွန်တော်လုပ်ခဲ့ပါတယ်။ ကျွန်တော်ရဲ့ လက်ရှိအနေအထားအတွက် ကျွန်တော့်မှာ တာဝန်အများကြီး ရှိပါတယ်။ အလုပ်တစ်ခုအတွက် ကျွန်တော့်ဘ၀ကို မြေလှန်ရမှာမျိုး ကျွန်တော်မလုပ်ချင်ပါဘူး။ ဘာလို့ လဲဆိုတော့ လောင်းကြေးများများ ထပ်ခြင်းက ကိုင်တွယ်ဖြေရှင်းဖို့ အရမ်းခက်လို့ပါ” လို့ ၎င်းကဆိုပါ တယ်။ သူက သူကိုယ့်သူ အပြစ်တင်သွားပါတယ်။ စွန့်စားမှုမလုပ်ချင်တဲ့ သူရဲ့စိတ်ဟာ သူ့ရဲ့အောင်မြင် မှုကို အကြီးမားဆုံးသော အဟန့်အတားဖြစ်စေတယ်လို့ အပြစ်တင်သွားပါတယ်။

စိတ်ပျက်စရာ အကောင်းဆုံးကတော့ ယခုဆွေးနွေးတင်ပြမှုအတွင်းမှာ ရေးသားဖော်ပြခြင်းခံခဲ့ရတဲ့ အမျိုး သားတွေနဲ့ အမျိုးသမီးတွေဟာ ယှဉ်ပြိုင်မှုပြင်းထန်ပြီး ကြောက်မက်ဖွယ်ရာကောင်းတဲ့ အခြေအနေ အတွင်းမှာ အခြားသူတွေကို
ကျော်လွန်အောင်နိုင်အောင် သူတို့လုပ်ဖို့လိုအပ်တယ်လို့ ခံစားကြခြင်းပါဘဲ။ Brandon နဲ့ ဆွေးနွေးမှုဟာ ဒီသင်ခန်းစာနဲ့ အဆုံးသတ်သွားပါတယ်။ “လူတိုင်းအနေနဲ့ ကောလိပ်မှာ အခမဲ့ ပညာသင်ခွင့်ရသင့်တယ်မရသင့်ဘူး ဆိုတာကို ခုနေလေးတင်ပဲ အမျိုးသမီးတစ်ဦးနဲ့ ကျွန်တော်တို့ ဖေ့စ်ဘွတ်ပေါ်မှာ ငြင်းခုံဆွေးနွေးခဲ့ကြပါတယ်။ ကျွန်တော်ကတော့ ဒီလိုအခြေအနေမျိုး မလိုချင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော့ရဲ့ ဘွဲ့လက်မှတ်က တန်ဖိုးမရှိဘဲဖြစ်သွားမှာ ကြောက်လို့ပါ။ လက်တွေ့ ဘ၀မှလည်း အောင်မြင်မှုဆိုတာ အခြားသူတစ်ဦးထက် ပိုများတဲ့ အထောက်အကူတွေ ရှိနေခြင်းပါပဲ” ဟု ပြောကြားလိုက်သည်။ ခွဲခြားခံရခြင်း၊ မယုံကြည်ခြင်း၊ အထီးကျန်ခြင်းတွေ ရှိနေတဲ့သူတို့ဟာ သူတို့ အတွက် အဟန့်အတားများစွာရှိနေတဲ့ ပြိုင်ပွဲတစ်ခုကို အောင်နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဆက်ကစား နေကြတာပါ။

ပုံပြင်တိုင်းမှာ ဘက်တစ်ဖက်ထက် ပိုရှိတယ်ဆိုတာ အမှန်ပါပဲ။ ကျွန်တော်တို့အနေနဲ့ ယခုဆွေးနွေးချက်မှာ ထည့်သွင်းဖော်ပြခဲ့တဲ့ အမျိုးသားတွေ အမျိုးသမီးတွေကို ဘယ်သူတွေက ကူညီနေသလဲဆိုတာ ကျွန်တော်တို့ မသိနိုင်ပါဘူး။ သို့မဟုတ် အခက်အခဲအဟန့်အတားတွေကြားထဲကနေ အမှန်တကယ် အောင်မြင်နေတဲ့ အလုပ်သမားလူတန်းစားလွှာက ကလေးတွေကို ကျွန်တော်တို့ မသိပါဘူး။ ဒါပေမဲ့ အဆင့်မြင့် ပညာရေးသင်ကြားခွင့် ရယုံလောက်နဲ့တော့ ဒီနိုင်ငံအတွင်းက ဆင်းရဲသားတွေနဲ့ ချမ်းသားတဲ့သူတွေ အကြားက မြင့်မားတဲ့ ကွာဟမှုကို မချုံ့နိုင်ပါဘူး။

အလုပ်သမား လူတန်းစားအလွှာအတွင်းက ကလေးတွေဟာ မျှော်လင့်ချက်နဲ့ ခါးသီးမှုတွေ ၊ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မှုတွေကြားမှာ ပိတ်မိနေပါတယ်။ အချို့သော အထူးပြုဘာသာရပ်တွေကို သင်ကြားခြင်းက ဘယ်လို အလုပ်မျိုးတွေ ရရှိစေတယ်ဆိုတာကို တိတိပပမသိဘဲ သို့မဟုတ် အကူအညီတောင်းခံဖို့ ယုံကြည်မှု၊ တောင်းဆိုမှုတွေ ကို တုံ့ပြန်တဲ့ အရည်အသွေးတွေနဲ့ သည်းခံကြိုးပမ်းမှုတွေ မရှိဘဲနဲ့ အလုပ် သမား လူတန်းစားလွှာထဲက လူငယ်တွေဟာ ကောလိပ်က ထွက်ရတဲ့အခါမှာ သူတို့ဟာ သူတို့ရဲ့ ကော လိပ်အတွေ့အကြုံကို သစ္စာဖောက်မှုတစ်ခုအဖြစ် မှတ်ယူကြပါတယ်။ သူတို့ရဲ့ ရည်မှန်းချက် အိပ်မက် တွေကို ထိန်းချုပ်ထားတယ်လို့ပဲ သင်ယူခဲ့ကြပါတယ်။


ဤ ဆောင်းပါးအား Harvard Kennedy School မှာ သုတေသနပြုလုပ်နေတဲ့ Jennifer M. Silva & JU “The Burdens of Working-Class Youth” အား chronicle.မှတစ်ဆင့် ကူးယူဘာသာပြန်ဆိုထားခြင်း ဖြစ်သည်။