www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၁၆ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > စီးပွားရေး > ဆောင်းပါး > ဗုံးပေါက်ကွဲမှုများကြောင့် တိုးတက်နေသည့် မြန်မာ့ခရီးသွားကဏ္ဍ တုံ့ဆိုင်းသွားနိုင်

ဗုံးပေါက်ကွဲမှုများကြောင့် တိုးတက်နေသည့် မြန်မာ့ခရီးသွားကဏ္ဍ တုံ့ဆိုင်းသွားနိုင်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်လာပြီး နောက်တွင် ခရီးသွားလုပ်ငန်းများ ထိခိုက်နစ်နာလာနိုင်ြပီး တိုးတက်နေ သည့် မြန်မာ့ခရီးသွားလုပ်ငန်း တုံ့ဆိုင်းသွားနိုင်ကြောင်း ခရီးသွားလုပ်ငန်းအသိုင်းအ၀ိုင်းက ပြောသည်။

ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာတင်ရွှေကလည်း “ခရီးသွားလုပ်ငန်းတွေ ကို အဟန့်အတားတော့ ဖြစ်စေတာပေါ့”ဟု အောက်တိုဘာ ၁၅ ရက်တွင် ပြုလုပ်သည့် ဟိုတယ်လုပ်ငန်းရှင်များနှင့်
တွေ့ဆုံပွဲတွင် ပြောသည်။

ဗုံးကွဲမှုများနှင့်တွေ့ရှိမှုများ ဖြစ်ပွားလာပြီးနောက်လှည့်ပြန်သွားသည့် ခရီးသွားများပင်ရှိနေသည်။ အောက်တိုဘာ ၁၄ ရက်တွင် မန္တလေးသို့ ရောက်ရှိနေသော ရုရှကမ္ဘာလှည့်ခရီးသွားများသည် သက်ဆိုင်ရာခရီး သွားကုမ္ပဏီသို့ အကြောင်းပြချက်တစ်စုံ တစ်ရာမပေးဘဲ သတ်မှတ်ရက်မတိုင်မီ ပြန်သွားခဲ့သည်။

ကုန်သည်ကြီးများဟိုတယ်တွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုမျိုး Tourist Site များတွင် ထပ်မံဖြစ်ပွားမည် ဆိုပါက
မြန်မာ့ခရီးသွားလုပ်ငန်းသည် စိုးရိမ်ရသောအနေအထားသို့ ရောက်သွားနိုင်ကြောင်း လုပ်ငန်းရှင်များက သုံးသပ် သည်။

မေးစရာပင်မလို

Ruby Land Tourism Service ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးအေးကျော်က “ဗုံးကွဲတာတွေကြောင့် ခရီးသွား လုပ်ငန်းက ဘာပဲပြောပြော ထိခိုက်မှုရှိသွားနိုင်တယ်။ ဗုံးတွေ တစ်လုံးတွေ့တာလည်းမဟုတ်ဘူး၊ ဆက်တိုက်ကို
တွေ့တယ်၊ ကွဲတယ်ဆိုတော့ ခရီးသွားလုပ်ငန်းကို ထိခိုက်မှာ မေးစရာတောင် မလိုပါဘူး” ဟု မဇ္ဈိမသို့ ပြောသည်။

လက်ရှိအချိန်တွင် Tour Booking များကို ဖျက်သိမ်းခြင်းများရှိလာပြီး ခရီးသွားကုမ္ပဏီများစွာရှိသည့်အတွက် အတိအကျမသိရှိရနိုင်ကြောင်း လုပ်ငန်းရှင်များက ဆိုသည်။

Nature Dream Tourism ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဒေါ်စံပယ်အောင်က “စောင့်ကြည့်နေရတဲ့ အခြေအနေ
ဖြစ်နေတယ်။ Booking Comfirm ဖြစ်ပြီးသားက ပိုက်ဆံတွေလည်း ပေးပြီးသားဆိုတော့ လာမယ်လို့ ထင်ပါတယ်။ အသစ်ထပ်ရောင်းတဲ့အချိန်မှာတော့ အခက်အခဲတွေ တွေ့နိုင်တယ်။ Booking တွေ ဖျက်လာတာက ၁၀ ရာခိုင်နှုန်း
လောက်တော့ ဖြစ်လာနိုင်တယ်”ဟု မဇ္ဈိမသို့ ပြောသည်။

နိုင်ငံခြားခရီးသွားများ ၀င်ရောက်မှုအများဆုံးဖြစ်သော ရန်ကုန်မြို့တွင် ယခုကဲ့သို့ ဗုံးပေါက်ကွဲမှုများ ဖြစ် ပွားခြင်း
ကြောင့် ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်ရန် တွန့်ဆုတ်သွားနိုင်ကြောင်း ဂျာမနီနှင့် ဂျပန်ဘာသာစကား ဧည့်လမ်းညွှန် ဦးသန်းလွင်က ပြောသည်။

ခရီးသွားရာသီအစ

ခရီးသွားရာသီအစတွင် ဖြစ်ပွားခြင်းဖြစ်သည့်အတွက် နိုင်ငံခြားခရီးသွားများအကြားတွင် စိုးရိမ်စိတ်ရှိ သွားပြီးဖြစ်
ကြောင်း လုပ်ငန်းရှင်များက သုံးသပ်သည်။

အောက်တိုဘာလသည် ခရီးသွားရာသီ အစကာလဖြစ်ပြီး နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်န၀ါရီနှင့် ဖေဖော်ဝါရီလများတွင်
နိုင်ငံခြားခရီးသွားအများဆုံး လာရောက်လည်ပတ်သည့် အချိန်ဖြစ်သည်။

ဖျက်သိမ်းခြင်း

Ruby Land Tourism Service ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးအေးကျော်က “ဒီနှစ်ရက်၊ သုံးရက် အတွင်း
ဖြစ်နေတာဆိုတော့ ဒီနေ့ကစပြီး ဧည့်သည့်တွေရဲ့ Booking Cancel တွေလည်း တက်လာနိုင်တယ်။ အခုလည်း Booking Cancel တွေရှိနေတယ်။ ကျွန်တော့်အမြင်အရတော့ ၃၀ ရာခိုင်နှုန်းလောက် ကျသွားနိုင်တယ်” ဟု ပြော သည်။

Nature Dream Travel & Tour ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဒေါ်စံပယ်အောင်က “ဗုံးပေါက်ကွဲတာတွေက ဟိုတယ်တို့၊ Tour Site တွေမှာ ပေါက်ကွဲမှုတွေဖြစ်လာရင် ခရီးသွားကဏ္ဍအတွက် တော်တော် စိုးရိမ်ဖို့ ကောင်း ပါတယ်” ဟု ပြောသည်။

အောက်တိုဘာ ၁၅ ရက်တွင် ခရီးသွားကုမ္ပဏီများသို့ Booking Cancel များ တောက်လျှောက်ဝင်နေကြောင်း ခရီးသွားလုပ်ငန်းရှင်များက ဟိုတယ်/ခရီးဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဟိုတယ်လုပ်ငန်း ရှင်များ တွေ့ဆုံ ပွဲတွင် ပြောသည်။

Deposit

လက်ရှိအချိန်တွင် ဗုံးကွဲမှုဖြစ်စဉ်များကြောင့် နိုင်ငံခြားခရီးသွားများ၏ ကြိုတင်ခရီးစဉ်များ ရုတ်တရက် ဖျက်သိမ်းမှု များကြောင့် ခရီးသွားလုပ်ငန်းများမှ ဟိုတယ်များနှင့် လေယာဉ်လက်မှတ်များကို Deposit ပေး သွင်းထားမှုများသည်
ပြဿနာကြီးကြီးမားမားတစ်ရပ် ဖြစ်လာနိုင်ကြောင်း ခရီးသွားလုပ်ငန်းရှင်များက ပြောသည်။

အဆိုပါကိစ္စအား မည်သို့ဖြေရှင်းပေးမည်ကို ခရီးသွားလုပ်ငန်းရှင်များက ဟိုတယ်/ ခရီး ဒု-၀န်ကြီး ဒေါက်တာတင်ရွှေ အား မေးမြန်းသော်လည်း ဒု-၀န်ကြီးအနေဖြင့် ညှိနှိုင်းဆောင်ရွက်ရမည်ဟုသာ အဖြေပေးခဲ့သည်။

ဒေါ်စံပယ်အောင်က “ Deposit ကိစ္စကတော့ ဟိုတယ်လုပ်ငန်းရှင်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးရမယ်။ booking
တွေက ကျွန်မတို့စိုက်ထားတာတွေ အများကြီး။ သူတို့ဘက်က ဗုံးကွဲမှုတွေကြောင့် booking cancel လုပ်တာကို ဟိုတယ်တွေကို ကျွန်မတို့ပေးထားတဲ့ Deposit တွေကို ပြန်မပေးဘူးတော့ လုပ်လို့ မရဘူး”ဟု ပြောသည်။

ဟိုတယ်များအနေဖြင့် ခရီးသွားလုပ်ငန်းရှင်များအား Deposit ပြန်ပေးရန်ရှိ၊ မရှိ နှင့်ပတ်သက်၍ ရန်ကုန်ဟိုတယ်ဇုန် ဥက္ကဋ္ဌ ဦးတင်ဝင်းက “ဒီကိစ္စကို အခုမပြောနိုင်သေးဘူး”ဟု ပြောသည်။

ခရီးသွားလုပ်ငန်းရှင်တစ်ဦးက “မနက်ဖြန်လာမယ့်စီစဉ်ထားတာတွေ မလာတော့တာတွေကို deposit ပြန် မပေးဘူး
တော့ လုပ်လို့မရဘူးလေ။deposit က တစ်လကြိုပြီး booking cancel လုပ်မှ ပေးမယ်တို့၊ ဘာတို့တော့ လုပ်လို့မရ ဘူးလေ။ အခုက ဗုံးကွဲလို့ မလာတော့တာ”ဟု ပြောသည်။

ဖော်ထုတ်ပေးပါ

“ဗုံးဖောက်တဲ့တရားခံတွေကို ဖော်ထုတ်ပေးရမယ်။ အဲဒီလိုဖော်ထုတ်ပေးတာတွေ မရှိတဲ့အတွက် ခရီးသွား လုပ်ငန်း
တွေ ခံနေကြရတာ။ အခုဆိုရင် ခရီးသည်တွေ ပြန်ကုန်ကြပြီ။ လာဖို့ ဘွတ်ကင်လုပ်ထားတဲ့လူတွေတောင် ခရီးစဉ် ဖျက်တာတွေ လုပ်နေကြပြီ။ ဒါကို ၀န်ကြီးဌာနက တာဝန်ယူပေးရမယ်”ဟု ခရီးသွား လုပ် ငန်းရှင်များအသင်းမှ Executive Committee Member ဦးအေးကျော်က မှတ်ချက်ပြုပြောကြားသည်။

ကုန်သည်ကြီးများ ဟိုတယ်

အောက်တိုဘာ ၁၄ ရက် ညပိုင်း ၁၁ နာရီကျော်အချိန်က ဟိုတယ်အိပ်ခန်းသန့်စင်ခန်းအတွင်းမှ ဗုံးပေါက်ကွဲမှုဖြစ် ပွား ခဲ့ခြင်းဖြစ်ပြီး အမေရိကန်နိုင်ငံသူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ကုန်သည်ကြီးများဟိုတယ်မှ ဒါရိုက်တာတစ်ဦးက “ဒီနေ့မနက်အထိတော့ တည်းခိုနေသူတွေလည်း ပုံမှန် Check Out လုပ်သွားတာပဲရှိတယ်။ Booking တွေကို Cancel လုပ်တာတွေလည်း မရှိသေးပါဘူး”ဟု မဇ္ဈိမသို့ ပြောသည်။

မန်နေဂျာတစ်ဦးကလည်း “အခုကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတဲ့အချိန်ပဲရှိ ပါသေးတယ်။ နိုင်ငံခြား ခရီးသွား
တွေ၊ လာရောက်တည်းခိုသူတွေအနေနဲ့ ဘယ်လိုမျိုးဖြစ်သွားနိုင်တယ်ဆို တဲ့အနေအထားတွေကို လေ့လာပြီး မီဒီယာ ကို ပြောပြသွားမှာပါ။ ဟိုတယ်အနေနဲ့ ဘယ်လိုထိခိုက်သွား တယ်ဆိုတာတော့ အခုချိန်မှာ ဖြေလို့ မရသေး ပါဘူး” ဟု ဖြေကြားသည်။

ဟိုတယ်လုပ်ငန်း

ဗုံးပေါက်ကွဲမှုကြောင့် ဟိုတယ်လုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့်မထိခိုက်နိုင်ကြောင်း မြန်မာနိုင်ငံဟိုတယ် လုပ်ငန်းရှင် များအသင်း ဥက္ကဋ္ဌ ဦးရန်ဝင်းက မဇ္ဈိမကို ပြောသည်။

မြန်မာနိုင်ငံသို့ ၀င်ရောက်လာမည့် နိုင်ငံခြားခရီးသွားဧည့်သည် နည်းသွားနိုင်သော်လည်း ဟိုတယ်လုပ်ငန်းကိုများစွာ ထိခိုက်နိုင်ခြင်းမရှိကြောင်း ဦးရန်ဝင်းက ပြောသည်။

ဟိုတယ်များ၏ လုံခြုံရေး

ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်းက “ဧည့်လက်ခံ နေရာတွေ က ဧည့်သည်လက်ခံတဲ့အခါမှာ လုံခြုံရေးအရ သတိပြုဖို့လိုတယ်။ နိုင်ငံခြားသားတွေ အများဆုံး တည်းနိုင်တဲ့ ဒေါ်လာ ၂၀၀ အထက်မှာရှိတဲ့ ဟိုတယ်မျိုးမှာ ကိုယ့်ဟိုတယ်ကိုလာတည်းသူဟာ ဖာပွန်က လာတည်းတယ်ဆိုကတည်းက နည်းနည်းတော့ ဧည့်လက်ခံနေရာက သတိထားဖို့ လိုပါလိမ့်မယ်။  House Keeper တွေ အနေနဲ့လည်း ဒီအခန်းကို တည်းသွားတယ်၊ အထုပ်ထားသွားတယ်။ နောက်ရက်မှာ အခြား တည်းတဲ့သူ ရောက်လာတဲ့ အချိန်မှာ ပေါက်ကွဲ တယ်။ House Keeper သန့်ရှင်းရေးမလုပ်ဘူးလားဆိုတာ မေးခွန်းကရှိလာတယ်။ ကတ်သီးကတ်သတ်နေရာမှာ ထားသွားတယ်။ အခန်းသန့်ရှင်ရေးလုပ်တဲ့အခါမှာ အခုဖြစ်ရပ်ကို သင်ခန်းယူပါ”ဟု ပြောသည်။

ဆီးဂိမ်း

အရှေ့တောင်အာရှ ဆီးဂိမ်းအားကစားပြိုင်ပွဲ ကျင်းပမည့်ရက် နီးကပ်လာပြီဖြစ်၍ နိုင်ငံခြားခရီးသွားများ အနေဖြင့် ဟိုတယ်များတွင် လုံခြုံစိတ်ချစွာတည်းခိုနိင်ရန် ဟိုတယ်လုပ်ငန်းရှင်များအနေဖြင့် ဟိုတယ်လုံခြုံရေးအတွက် အားဖြည့်လုပ်ဆောင်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဟိုတယ်လုပ်ငန်းရှင်များဥက္ကဋ္ဌက ဆက်ပြောသည်။

ခရီးသွား

၂၀၁၂ ခုနှစ်တွင် နိုင်ငံခြားခရီးသွား စံချိန်တင် ၁ ဒသမ ၀၆ သန်း ၀င်ရောက်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ၁ ဒသမ ၈ သန်းနှင့် နှစ်သန်းဝန်းကျင်ခန့် ခရီးသွားများ ၀င်ရောက်လာရန် မျှော်မှန်းထားကြောင်း ဟိုတယ်/ခရီး ဒုတိယ၀န်ကြီး ဦးစိုင်းကျော်အုန်းက ပြောထားသည်။

အစိုးရသစ်တက်လာပြီးနောက်ပိုင်း စံချိန်တင်ခရီးသွားဧည့်သည်များ ၀င်ရောက်ခဲ့သော်လည်း အိမ်နီးချင်းနိုင်ငံ များနှင့် နှိုင်းယှဉ်လျှင် ခရီးသည်ဝင်ရောက်မှုများစွာနိမ့်ကျနေသေးပြီး လက်ရှိအချိန်တွင် တိုးတက်လာနေသည့်
မြန်မာ့ခရီးသွားကဏ္ဍသည် ဗုံးပေါက်ကွဲမှုများကြောင့် စိုးရိမ်ရသည့် အနေအထားတစ်ရပ် ဖြစ်လာသည်။