www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၁၆ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > စီးပွားရေး > ဆောင်းပါး > စီးပွားရေးပါဝါနဲ့ စစ်ရေးပါဝါဘယ်ဟာက ပိုပြီးအရေးကြီးသလဲ

စီးပွားရေးပါဝါနဲ့ စစ်ရေးပါဝါဘယ်ဟာက ပိုပြီးအရေးကြီးသလဲ

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

စစ်အေးတိုက်ပွဲ ပြီးဆုံးသွားတော့ ပထ၀ီ နိုင်ငံရေး၏နေရာကို ပထ၀ီစီးပွားရေးက အစားထိုးတော့မည်ဟု လူတွေက ထင်ကြသည်။ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံတွင် စီးပွားရေး အင်အားက အောင်မြင်ရေးအတွက် အဓိ ကအချက်ဟု
ပြောလာကြသည်။ ဒုတိယကမ္ဘာစစ်အပြီး ကြွယ်ပိုးကြွယ်ဝ ဖြစ်လာသော ဂျပန်နှင့်ဂျာမနီက ကမ္ဘာ့စီးပွားရေးကို လွှမ်းမိုးတော့မည်ဟု ပညာရှင်များကခန့်မှန်းကြသည်။ ယနေ့ခေတ်တွင်လည်း တရုတ် နိုးထလာမှုက ကမ္ဘာ့နိုင်ငံရေး တွင် အင်အားချိန်ခွင်လျှာကို ပြောင်းလဲတော့ မည့်အချက်ဟုဆိုကြသည်။ ယခုကဲ့သို့ ပြောနေကြသောလူများက စီးပွားရေးအင်အားတစ်ခုတည်းကို ပြောဆိုခဲ့တာဖြစ်ပြီး စစ်အင် အားကိုတော့ ထည့်သွင်းပြောကြားခြင်းမရှိပေ။ စီးပွားရေး အင်အား ကြီးလာလျှင် မကြာမီစစ်ရေး အင်အား ကြီးမားလာမည် ထင်ကြသည်။ လွန်ခဲ့သော နှစ် ၇၀ က အမေရိကန် ပြည်ထောင်စုကို ပြန်ကြည့်လျှင်အ မေရိကန်သည် စီးပွားရေးအရ အင်အားကြီးထွားခဲ့ပြီး စစ်ရေးအရ
တော့ ကမ္ဘာ့အဆင့်ရောက်ရှိမလာခဲ့ပေ။

နိုင်ငံရေးပညာရှင်အချို့က စီးပွားရေးနှင့် စစ်ရေးအင်အားသည် အဓိကအချက်ဖြစ်ကြောင်း ပြောကြသည်မှာ သံမဏိရှည်ကြာနေပြီဖြစ်သည်။ ကွန်မြူနစ်များ၏ အစဉ်အလာ ယုံကြည်ချက်အရပင် စီးပွားရေးသည် အခြေခံ အကျဆုံးအချက်ဖြစ်ပြီး နိုင်ငံရေးသည် စီးပွားရေးအပေါ် တည်ဆောက်ထားသည့် အပေါ်ထပ် အဆောက်အအုံ
ဖြစ်သည် ဆို၏။ ၁၉ ရာစုလစ်ဘရယ်များကလည်း ကုန်သွယ်ရေးနှင့်ဘဏ္ဍာရေး အပြန်အ လှန် မှီခိုလာလျှင် စစ်ပွဲများ ကင်းစင်သွားမည် ဆိုခဲ့သည်။ သေချာစဉ်းစားကြည့်လျှင် ၁၉၁၄ ခုနှစ်က ဗြိ တိန်နှင့် ဂျာမနီတို့သည် ပခုံးဖက် ခဲ့ကြသော ကုန်သွယ်ဖက်များ ဖြစ်ကြသော်လည်း ကမ္ဘာ့စီးပွားရေးကိုရာ စုဝက်လောက် ခေတ်နောက်ကျ သွားစေခဲ့
သော စစ်ပွဲကြီးများကို မရှောင်နိုင်ခဲ့ပေ။

ကမ္ဘာ့နိုင်ငံရေးတွင် စစ်ရေးအင်အား ကောင်းဖို့ဆိုလျှင် အမြဲရှင်သန်နေသော စီးပွားရေးလိုအပ်သည်ပင်။ စီးပွားရေးနဲ့ စစ်ရေးအင်အား မည်သည်ကပိုပြီး အစွမ်းထက် မြက်သည်ဆိုတာကတော့ အခြေအနေပေါ်မူ တည်သည်။ လား တစ်ကောင်ကို ရေရှိရာခေါ်သွားမယ်ဆိုရင်တော့ တုတ်ထက် ဆုလာဘ်က ပိုထိရောက် နိုင်သလိုပင်၊ ခေါင်းမာနေ
သော ဆန့်ကျင်ဘက်တစ်ယောက်ကို ပြောဖို့ဆိုလျှင် သေနတ်ကလည်း အသုံး ကျနိုင်ပါသည်။ ဘဏ္ဍာရေးဈေးကွက် တည်ငြိမ်ဖို့၊ ရာသီဥတု ပြောင်းလဲရေးအတွက် လုပ်ဆောင်ရသော ကိစ္စမျိုးများတွင်တော့ စစ်ရေးအင်အားသုံးလို့ မရပါနိုင်ပေ။

ယနေ့ခေတ်တွင် တရုတ်နှင့်အမေရိကန် က အပြန်အလှန် စီးပွားရေးအရ မှီခိုနေရ သည်။ ဒါကိုပင် အချို့က နားလည်မှုလွဲပြီး အဓိပ္ပာယ်တစ်လွဲကောက်နေကြသည်။ အကယ်၍ တရုတ်ကသူ၏ အရန်ငွေဖြစ်သော ထရီယံနှင့် ချီသည့် အမေရိကန်ဒေါ်လာများ ထုတ်ရောင်းလိုက်လျှင် အမေရိကန်တော့ ဒူးထောက်ရတော့မည်ဆိုကြသည်။ ယခုလို ထုတ်ရောင်းလိုက်ခြင်းဖြင့် အမေရိကန်ဒေါ်လာများ တန်ဖိုးကျပြီး တရုတ်သိမ်း ထားသော အရန်ငွေများလည်း ဘီလီယံနှင့် ချီပြီး ဆုံးရှုံး သွားမည် ဖြစ်သည်။ သို့သော် ထိုသို့ပြုလုပ် လိုက်ပါက အမေရိကန်၏ တရုတ်ကုန်စည်များ အပေါ် ၀ယ်လိုအားနည်းသွားမည် ဖြစ်ပြီး၊ တရုတ်မှာလည်း အလုပ်အကိုင် အခွင့်အလမ်းများဆုံးရှုံးပြီး နိုင်ငံ မတည်မငြိမ် ဖြစ်လာနိုင်ပါသည်။ အမေရိကန်ကို တရုတ်က ဒူးထောက်အောင်လုပ်လျှင် တရုတ်ကိုယ်တိုင်လည်း
မှောက်လျက်လဲမယ့်ကိန်းဖြစ်သည်။ စစ်အေး ကာလ က အမေရိကန်နှင့် ဆိုဗီယက်တို့ အပြန်အလှန် တစ်ဦးကို တစ်ဦး နျူကလီးစစ်ပွဲဖြင့် အမှုန့်ခြေဖို့ ကြိုးပမ်း ခဲ့ကြသည်။ ၂၀၁၀ ခုနှစ်က အမေရိကန်က ထိုင်ဝမ်ကို လက်နက်တွေ
ရောင်းသောအခါဒေါသထွက်နေသော တရုတ်ထိပ်တန်း စစ်အရာရှိများက အမေရိကန် ဘွန်းစာချုပ်များ ထုတ်ရောင်းဖို့ တရုတ်အစိုးရကို အကြံပေးခဲ့သည်။ အကြံပေးချက်မှာ အချည်းနှီး ဖြစ်ခဲ့ရပါသည်။ အမေရိကန်နှင့် တရုတ်စီးပွားရေး ဆက်ဆံမှု ပိုမိုများပြားလာခြင်းကြောင့် “ဘဏ္ဍာရေး အကြမ်းဖက်မှုတွင် မျှခြေဖြစ်နေခြင်း” လို့ ပြောလို့ရမည် ထင်သည်။

စီးပွားရေးရင်းမြစ်များက ပါဝါပျော့ရော၊ ပါဝါမာပါ မွေးထုတ်နိုင်ပါသည်။ အောင်မြင်သော စီးပွားရေးပုံစံက စစ်ရေး အတွက် လိုအပ်သော ငွေကြေးများကို ထောက်ပံ့ပေး နိုင်ရုံမက၊ သူ၏အောင်မြင်မှုများကိုလည်း တခြားနိုင်ငံများ လိုက်ပါအောင် ဆွဲဆောင် နိုင်သော ပါဝါပျော့အင်အားလည်း ရှိသည်။ တရုတ်၏ စီးပွားရေးမော်ဒယ်က ယနေ့ ဖွံ့ဖြိုးဆဲနိုင်ငံများကို ဆွဲဆောင်နေသလိုပင်ဖြစ်သည်။

စီးပွားရေးသည် သည်ရာစု၏ အရေး ကြီးဆုံးရင်းမြစ် ဖြစ်သော်လည်း စစ်အင် အား၏အခန်းကဏ္ဍကို ဖယ်ထား ရင်တော့ မှားလိမ့်မည် ဖြစ်သည်။ ၂၀၀၉ ခုနှစ်၊ နို ဘယ်ဆုလက်ခံသည့် အခမ်းအနား တစ်ခုတွင်သမ္မ တအိုဘားမားက ယခုကဲ့သို့ ပြောခဲ့ဖူးသည်။ “ကျွန်တော်တို့ရဲ့ ဘ၀သက်တမ်းကာလမှာ အကြမ်းဖက်မှု တွေကို အမြစ်ဖြုတ်မဖယ်ရှားနိုင် ပါဘူး။ ဒါက အမှန်တရားပါ။ ကျွန်တော်တို့ တစ်ကိုယ်တော် ဖြစ်စေ၊ တခြားနိုင်ငံတွေနဲ့ဖြစ်စေ လက်တွဲပြီး လိုအပ်လို့
ဖြစ်စေ၊ ကိုယ်ကျင့်တ ရားအရဖြစ်စေ၊ စစ်အင်အား အသုံး ပြုပြီး အကြမ်းဖက်သမားတွေကို နှိမ်နင်းရဦးမှာပါ” လို့
ပြောခဲ့ဖူးသည်။

ယခင်ခေတ်နှင့်စာလျှင် နိုင်ငံတွေ အချင်းချင်းကြားမှာလည်း စစ်တပ်အသုံးပြုပြီး တိုက်ခိုက်ဖို့က အလားအလာ အလွန်နည်းသွားပြီဖြစ်သည်။

အကယ်၍ ရှိလာလျှင်လည်း စစ်အင်အားတွေတိုးချဲ့ဖို့၊ စစ်လက်နက်တွေ ၀ယ်ယူဖို့ ဖြစ်လာပါလိမ့်မည် ဖြစ်သည်။ အကယ်၍ တရုတ်က သူ့အိမ်နီးချင်းများကို ခြိမ်းခြောက် မယ်ဆိုလျှင် သူတို့ကလည်း လုံခြုံရေးအ စီအမံများကို ရှာဖွေ ရတော့မည် ဖြစ်သည်။ ထိုသို့ဖြစ်ပေါ်လာပါက အမေရိကကလည်း သူတို့ကိုစစ်ရေးအ ကူညီတွေ ပေးလာမည်
ဖြစ်သည်။

ယခုကဲ့သို့ဖြစ်လာပါက စစ်တပ်၏ အခန်းကဏ္ဍကို ချဲ့ထွင်ရတော့မည် ဖြစ်သည်။

ဈေးကွက်နှင့် စီးပွားရေးအင်အားသည် နိုင်ငံရေး အဆောက်အအုံပေါ်မူတည်သည်၊ နိုင်ငံရေးအဆောက်အအုံ ဆိုတာကလည်း စံများ၊ အင်စတီကျူးရှင်းများ၊ အပြန်အလှန် မှီခိုမှုများနှင့် ဆက်စပ်နေပြီး၊ အာဏာကို စီမံခန့်ခွဲခြင်း တို့နှင့် ပတ်သက်နေသည်။ ခေတ် မီနိုင်ငံတော်တစ်ခု ဆိုသည်ကလည်း စစ်တပ်ကိုဥပဒေ ကြောင်းအရ အုပ်ချုပ်နိုင်ပြီး၊
ဈေးကွက်ကိုလည်း ကောင်းစွာလည်ပတ်နိုင်သည့် နိုင်ငံမျိုးဖြစ်သည်။

တကယ်ဆို စစ်ရေးအင်အားကလည်း အတိုင်းအတာတစ်ခုအထိ နိုင်ငံကိုလုံခြုံမှုကိုပေးသည်။ နှစ်ဆယ့် တစ်ရာစုမှာ
တော့ စစ်အင်အားဟာ ဆယ့်ကိုးရာစုတုန်းက အသုံးဝင်ခဲ့သလို အလုံးစုံအင်အား မဟုတ်တော့ပေ။ သို့သော် အတိုင်းအတာ တစ်ခုထိ ထိရောက်သောအင်အားအဖြစ် ကမ္ဘာ့နိုင်ငံရေးမှာ အသုံးဝင်နေဦး မည်ဖြစ်သည်။ Ref: Has Economic Power Replaced Military Might?