ဂျာမနီကားကုမ္ပဏီနှင့် ရိုးမလုပ်ငန်းစု ပူးပေါင်းကာ Volkswagen ကားဝပ်ရှော့ ဖွင့်လှစ်မည်

ပရင့်ထုတ်ရန်

ဂျာမနီနိုင်ငံ ကားကုမ်္ပဏီတစ်ခုဖြစ်သော German Industries Company (GCI)  နှင့် ရိုးမကုမ္ပဏီ (Yoma Strategic Holdings) လုပ်ငန်းစုတို့က မြန်မာနိုင်ငံတွင် Volkswagen မော်တော်ကားများ ပြုပြင်နိုင်မည့် ၀ပ်ရှော့တစ်ခုအား ယခုလအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်သည်။

ယင်းအတွက် အောက်တိုဘာ ၂၃ ရက်က နှစ်ဖက်သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။

Yoma Strategic ၏ အမှုဆောင် အရာရှိချုပ် Andrew Rickards က “မြန်မာဟာ အရှေ့တောင် အာရှဒေသ အတွင်း အရေးအပါဆုံးသော မော်တော်ယာဉ် ဈေးကွက်တွေအထဲက တစ်ခုဖြစ်လာမယ့် အလားအလာတွေ ရှိနေတဲ့အတွက် ဒီလိုအခွင့်အရေးကောင်းတွေကို အမိအရဆုပ်ကိုင်နိုင်ဖို့ အရေးကြီးပါတယ်။ Yoma Strategic က Volkswagen နဲ့ စောစောစီးစီး သဘောတူညီချက်ရနိုင်ခဲ့တဲ့အတွက် ကျွန်တော်တို့ ရဲ့ပစ္စည်းတွေ ၀ယ်ယူ အားပေးသူတွေကို ပိုပြီးဝန်ဆောင်မှုပေးနိုင်မှာဖြစ်ပါတယ်”ဟု ပြောကြားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းကားဝပ်ရှော့အား ကမာရွတ်မြို့နယ် အင်းစိန်လမ်းမပေါ်တွင် ဖွင့်လှစ်သွားမည်ဖြစ်သည်။