www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
အင်္ဂါ, ၂၆ စက်တင်ဘာ ၂၀၁၇

Mizzima Burmese

Home > ကြေညာချက် > စစ်အစိုးရအုပ်ချုပ်ခံ မြန်မာပြည်တွင် ခေတ်မီဒီမိုကရေစီစနစ်တည်ဆောက်ရေး ဆန့်ကျင်တိုက်ပွဲဝင်ခြင်း

mizzima-logo-new
သတင်းထုတ်ပြန်ချက်

၇ ဖေဖော်ဝါရီ ၂၀၁၁

ဒေလီ၊ အိန္ဒိယ (မဇ္ဈိမ) -  ဂျိုးဇက်ဘောလ် (Joseph Ball) ရေးသားသော စစ်အစိုးရအုပ်ချုပ်ခံ မြန်မာပြည်တွင် ခေတ်မီဒီမိုကရေစီစနစ် တည်ဆောက်ရေး ဆန့်ကျင်တိုက်ပွဲဝင်ခြင်း (Confronting Democratic Modernity in Military-ruled Burma) ကို မဇ္ဈိမ မီဒီယာ က ယနေ့ထုတ်ဝေဖြန့်ချိလိုက်ပါသည်။

သမိုင်းဖြစ်ရပ်များကိုပကတိအတိုင်းလေ့လာတင်ပြချက်စာတန်းများ A Realist Essay with Historical Illustrations ဟု ခေါင်းစဉ်ငယ်ပေးထားသော စာအုပ်တွင် မြန်မာ့ တပ်မတော်၏မူလအစ၊ စစ်တပ်၊ တပ်မတော်က တိုင်းပြည်နိုင်ငံရေးကိစ္စများကို ဆက်လက်ချုပ်ကိုင်ထားခြင်း၏အကြောင်းပြချက် စသည်တို့ကို စေ့ငုတင်ပြထားသည်။ ဒေသတွင်းနိုင်ငံများ၏ အာဏာရှင်စနစ်မှ ဒီမိုကရေစီတစုံတရာရှိသော စနစ်သို့ ပြောင်း လဲခဲ့သည့် အတွေ့အကြုံများကိုလည်း တင်ပြထားသည်။

ဤစာအုပ်တွင် လက်ရှိနိုင်ငံရေး သောင်မတင်ရေမကျဖြစ်နေခြင်းများ၊ အသွင် ပြောင်းရေးအတွက် အဓိကဆွေးနွေးတင်ပြနေကြသော
 ပြည်သူ့အာဏာလှုပ်ရှားမှုများ၊ စစ်တပ်လူမှုအသွင်ပြောင်းလဲရေး၏ အရေးပါမှုများ၊ တိုင်းပြည်တွင်း လူမျိုးစုံ ကွဲပြားခြင်းနှင့် ဦးစားပေးလုပ်ငန်းများ တကွဲတပြားဖြစ်နေမှုကြောင့်ဖြစ်ပေါ်လာသော အခက်အခဲအတားအဆီးများကိုလည်း ရှာဖွေတင်ပြထားသည်။

Confronting-Democratic-Modernity-in-Military-ruled-Burma

၂၀၁၀ ရွေးကောက်ပွဲ၊ ပါလီမန်တွင် တပ်မတော်သားများအတွက် သတ်မှတ်ထားသော အမတ်နေရာများ အပါအဝင်
 ဖြစ်ပေါ်ပြောင်းလဲလာသော နိုင်ငံရေးအာဏာ နောက်ခံဝန်းကျင်တို့၏ ဂယက်ရိုက်ခတ်မှုများ စသည့် အကြောင်းအရာတို့လည်း ဤစာအုပ်တွင်ပါဝင်သည်။ ဤစာအုပ်ကို ဤ အီးလေးလိပ်စာသည် spambots များရန်မှ ကာကွယ်ထားသည်။ ဤသည်ကို ကြည့်ရှုရန် သင့် JavaScript ဖွင့်ရန် လိုအပ်သည်။ သို့အီးမေးလ်ပို့ပြီး စာပို့ခနှင့် ထုပ်ပိုးခ အပါအဝင် တအုပ်လျှင် အမေရိကန် ၁၀ ဒေါ်လာနှုန်းဖြင့် မှာယူနိုင်သည်။

ဂျိုးဇက်ဘောလ်သည် ပဋိပက္ခဖြေရှင်းရေး ပညာရပ်ဆိုင်ရာ အဆင့်မြင့် ဒီဂရီရရှိထားသည့် ပညာရှင်တဦး၏ ကလောင်အမည်ဖြစ်ပြီး မြန်မာ့အရေးကို အဓိက အာရုံစိုက် လေ့လာနေသူလည်း ဖြစ်သည်။ မြန်မာ့အရေး အတွေ့အကြုံ ကြီးမားသူလည်း ဖြစ်သည်။

မဇ္ဈိမသတင်းဌာနသည် မီဒီယာဆုရရှိထားသော လွတ်လပ်သည့် မားလ်တီမီဒီယာ သတင်းအဖွဲ့အစည်းတရပ်ဖြစ်ပြီး သတင်းများ သတင်းဆောင်းပါးများကို အင်္ဂလိပ် မြန်မာ နှစ်ဘာသာဖြင့်တင်ဆက်လျက်ရှိကာ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့တွင်ရုံးများ ဖွင့်လှစ်ပြီး လုပ်ငန်းများဆောင်ရွက်လျက်ရှိသည်။

အသေးစိတ် သိရှိလိုပါက www.mizzima.com သို့ ဝင်ရောက်ကြည့်ရှုပါ။

 

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 37 guests online