www.padamyarfm.com
www.padamyarfm.com
http://goo.glhdUIvl
တနင်္လာ, ၂၃ စက်တင်ဘာ ၂၀၁၉

Mizzima Burmese

Home > ကြေညာချက် > မဇ္ဈိမမီဒီယာရုပ်သံထုတ်လုပ်မှုများ (Television Programs) အတွက် ၀န်ထမ်းများ အလိုရှိနေပါသည်။

မဇ္ဈိမမီဒီယာရုပ်သံထုတ်လုပ်မှုများ (Television Programs) အတွက် ၀န်ထမ်းများ အလိုရှိနေပါသည်။

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

job-TV-Reporter
သတင်းထောက်များ (ကျား/မ)


မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်ပြောင်းလဲနေသော သတင်းများကို ရုပ်/သံ သတင်းအစီအစဉ်အဖြစ် ရိုက်ကူးထုတ်လုပ်ရန် သတင်းထောက်များ အလိုရှိပါသည်။ လုပ်ငန်းအတွေ့အကြုံရှိရန် လိုအပ်ပြီး မိမိကိုယ်တိုင် သတင်းအကြံဥာဏ် ရှာဖွေနိုင်သူလည်း ဖြစ်ရပါမည်။

ရုပ်/သံထုတ်လုပ်မှုအတွက် အမြင်သစ်များနှင့် တီထွင်လိုစိတ် ရှိရမည်ဖြစ်ပြီး အပင်ပန်းခံနိုင်မှုနဲ့ အဖွဲ့လိုက် စုပေါင်းဆောင်ရွက်နိုင်ရန်လည်း လိုအပ်ပါမည်။

 ရုပ်သံကင်မရာ ရိုက်ကူးသူများ (ကျား)

တက်ကြွဖျတ်လတ်ပြီး ရုပ်သံကင်မရာရိုက်ကူးမှုအတွက် အမှန်တကယ် ၀ါသနာရှိသူ လူငယ်များ အလိုရှိပါသည်။ ရုပ်/သံ အခြေခံ ကို နားလည်ထားရန် လိုအပ်ပြီး Adobe Premiere Pro အသုံးပြု တည်းဖြတ်မှုများကိုလည်း အထိုက်အသင့် သိရှိသူဖြစ်ရပါမည်။ သတင်းစာပညာ အခြေခံအဆင့် နားလည်ထားရန် လိုအပ်ပြီး အချိန်မရွေး ခရီးသွားလာနိုင်သူ ဖြစ်ရမည်။

ဗွီဒီယိုကင်မရာ ရိုက်ကူးမှု အတွေ့အကြုံ အနည်းဆုံး ၁ နှစ် ရှိရမည်ဖြစ်ပြီး ကိုယ်တိုင်ရိုက်ကူးခဲ့ဖူးသော ဗွီဒီယို နမူနာများ တင်ပြရန်လိုအပ်ပါမည်။ အသက် (၁၈) နှစ်မှ (၂၅) နှစ်အတွင်း ရှိရမှာဖြစ်ပြီး အလုပ်ခန့်အပ်ခံရပါက ဗွီဒီယိုကင်မရာရိုက်ကူးမှုအတွက် ထပ်မံလေ့လာသင်ကြားခွင့်များ ရရှိမည်ဖြစ်သည်။

ရုပ်သံတည်းဖြတ်သူများ (ကျား/မ)

Adobe Premiere Pro နှင့် Adobe Soundbooth, Adobe Audition များကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်ဖြစ်ပြီး Adobe After Effects ကို   အနည်းဆုံး Mid-Level အဆင့်ထိ အသုံးပြုနိုင်ရမည်ဖြစ်သည်။ Graphics နှင့် Adobe Photoshop ကိုလည်း အခြေခံအဆင့်နားလည်ထားရမည်ဖြစ်သည်။

အလုပ်လျှောက်ထားခြင်းအတွက် လက်တွေ့စမ်းသပ်မှု  ပြုလုပ်မည်ဖြစ်သည်။

ထုတ်လုပ်သူ ဒါရိုက်တာများ (ကျား/မ)

ထုတ်လုပ်မှုအစီအစဉ်တခုလုံးကို တာဝန်ယူပေးနိုင်ရမည်ဖြစ်သောကြောင့် လူမှုပေါင်းသင်းဆက်ဆံရေး ကျယ်ပြန့်သူဖြစ်ရမည်။ ရိုက်ကူးထုတ်လုပ်မှု အစီအစဉ်များအတွက် သတင်းများ၊ အကြောင်းအရာများကို ရွေးချယ်ပေးနိုင်ရမည်ဖြစ်သည်။ ဗွီဒီယိုများနှင့် ဂရပ်ဖစ်ပုံများကို လိုက်ဖက်ညီစွာ တွဲစပ်ပေးနိုင်ရမည်။ Studio (Control room) ရိုက်ကူးမှုအတွက် ညွှန်ကြားပေးနိုင်ရမည်။ ထုတ်လုပ်မှုအစီအစဉ်တခုကို ပြီးဆုံးသည်အထိ အောင်မြင်စွာ စီမံထုတ်လုပ်နိုင်ရမည်။

သုတေသနသမားများ (ကျား/မ)

သတင်းထောက်များအတွက် အထောက်အကူဖြစ်စေမည့် သတင်းအချက်အလက်များကို သုတေသန ပြုလုပ်ပေးရန်ဖြစ်သည်။ ရုပ်သံ သတင်းထုတ်လုပ်မှုအတွက် လိုအပ်သည့် မှတ်တမ်းများ ပြုလုပ်ပေးရမည်ဖြစ်သည်။ လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (၁) နှစ် ရှိရမည်ဖြစ်သည်။



လောက်ထားလိုသူများသည် မေလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားရမည်ဖြစ်ကာ အောက်ပါ အချက်အလက်များကို လူကိုယ်တိုင်လာရောက်၍ဖြစ်စေ၊ အီးမေးလ်ဖြင့်ဖြစ်စေ ပေးပို့ရမည်ဖြစ်သည်။

-      ကိုယ်ရေးရာဇ၀င်ကျဉ်း နှင့်လုပ်ငန်းအတွေ့အကြုံ

-      လျှောက်ထားရသည့်အကြောင်းအရင်း

-      မျှော်မှန်းလစာ


ဆက်သွယ်ရန် ...

Mizzima Media Company Limited
အခန်းအမှတ်-၄၀၇၊ အဆောင်-စီ၊ ပုလဲကွန်ဒို၊ ကမ္ဘာအေးဘုရားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
တယ်လီဖုန်း။ (၀၁) ၅၅၈၆၇၅
Email: ဤ အီးလေးလိပ်စာသည် spambots များရန်မှ ကာကွယ်ထားသည်။ ဤသည်ကို ကြည့်ရှုရန် သင့် JavaScript ဖွင့်ရန် လိုအပ်သည်။ , ဤ အီးလေးလိပ်စာသည် spambots များရန်မှ ကာကွယ်ထားသည်။ ဤသည်ကို ကြည့်ရှုရန် သင့် JavaScript ဖွင့်ရန် လိုအပ်သည်။

Mizzima-Sticker-Design1

 

ကြော်ငြာ

Confronting-Democratic-Modernity-in-Military-ruled-Burma-1s
rogue-agent-announcement

e-letter-burmese

Who is Online

We have 18 guests online